ပုပ္ရဟန္းမင္းႀကီး လမ္းညႊန္ခ်က္သစ္ ထုတ္ျပန္

 ေဝဖန္မွုေတြ ေလၽွာ့ၿပီး စာနာ သနားစိတ္ ပိုျပၾကဖို႔ ပုပ္ရဟန္းမင္းႀကီးရဲ့ လမ္းညႊန္ခ်က္သစ္ထဲမွာ တိုက္တြန္းထား

 ေဝဖန္မွုေတြ ေလၽွာ့ၿပီး စာနာ သနားစိတ္ ပိုျပၾကဖို႔ ပုပ္ရဟန္းမင္းႀကီးရဲ့ လမ္းညႊန္ခ်က္သစ္ထဲမွာ တိုက္တြန္းထား
ရိုမန္ကက္သလစ္ ခရစ္ယာန္ဘာသာဝင္ေတြရဲ့ အခ်စ္ေရး၊ လိင္ဆက္ဆံမွု၊ အိမ္ေထာင္သားေမြးျပဳမွုေတြနဲ႔ ပတ္သက္တဲ့ လမ္းညႊန္ခ်က္သစ္တခုကို ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္စ္က ထုတ္ျပန္လိုက္ၿပီး ပုံမွန္ မဟုတ္တဲ့ အေျခအေနမ်ိဳးမွာ ရွိေနသူေတြကို ေဝဖန္ျပစ္တင္တာမ်ိဳးေတြ ေလၽွာ့ၿပီး စာနာ သနားစိတ္ ပိုျပၾကဖို႔ ခရစ္ယာန္ ဘုန္းႀကီးေတြကို ပုပ္ရဟန္းမင္းႀကီးကပန္ၾကားလိုက္ပါတယ္။

ရိုမန္ကက္သလစ္ ခရစ္ယာန္ က်မ္းစာကို ျပင္ဆင္ ေျပာင္းလဲတာမ်ိဳး မလုပ္ပဲ ဂိုဏ္းအုပ္ ဘုန္းေတာ္ႀကီးေတြ အေနနဲ႔ သက္ဆိုင္ရာ နိုင္ငံရဲ့ ယဥ္ေက်းမွု ထုံးတမ္းစဥ္လာေတြနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ခရစ္ယာန္ဘာသာကို သင္ၾကား ပို႔ခ်ေပးခြင့္ ျပဳသင့္တယ္လို႔ အဲဒီ လမ္းညႊန္ခ်က္ထဲမွာ ေဖၚျပထားပါတယ္။

ဒီလမ္းညႊန္ခ်က္သစ္အရ ကက္သလစ္ ဘုန္းေတာ္ႀကီးေတြအေနနဲ႔ ဒုတိယအႀကိမ္ အိမ္ေထာင္ျပဳသူ တခုလပ္ေတြကို ေယရွုခရစ္ရဲ့ ေနာက္ဆုံးညစာ အထိမ္းအမွတ္ ပြဲေတာ္စာ စားခြင့္ျပဳတာမ်ိဳးေတြ လုပ္လာနိုင္ေတာ့မွာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

............................................................


 ဝေဖန်မှုတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းညွှန်ချက်သစ်ထဲမှာ တိုက်တွန်းထား
ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အချစ်ရေး၊ လိင်ဆက်ဆံမှု၊ အိမ်ထောင်သားမွေးပြုမှုတွေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်သစ်တခုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က ထုတ်ပြန်လိုက်ပြီး ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုးမှာ ရှိနေသူတွေကို ဝေဖန်ပြစ်တင်တာမျိုးတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ခရစ်ယာန် ဘုန်းကြီးတွေကို ပုပ်ရဟန်းမင်းကြီးကပန်ကြားလိုက်ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ကျမ်းစာကို ပြင်ဆင် ပြောင်းလဲတာမျိုး မလုပ်ပဲ ဂိုဏ်းအုပ် ဘုန်းတော်ကြီးတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ခရစ်ယာန်ဘာသာကို သင်ကြား ပို့ချပေးခွင့် ပြုသင့်တယ်လို့ အဲဒီ လမ်းညွှန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလမ်းညွှန်ချက်သစ်အရ ကက်သလစ် ဘုန်းတော်ကြီးတွေအနေနဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုသူ တခုလပ်တွေကို ယေရှုခရစ်ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ် ပွဲတော်စာ စားခွင့်ပြုတာမျိုးတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment