မ်က္ႏွာတစ္ခုုလံုး အစားထိုးကုသခံခဲ့ရသူ


By Shwemom -  April 20, 2016

ကားမေတာ္တဆမႈတစ္ခုျဖစ္ျပီးေနာက္ပိုုင္းမွာ မ်က္နွာတစ္ခုုလံုး ပ်က္စီးခဲ့တဲ့ Mitchell Hunterက ခြဲစိတ္မႈခံယူ
အျပီးမွာေတာ့ သူ႕ရဲ့မ်က္ႏွာဟာ အရင္ကထက္ပိုမိုျပီး ၾကည့္ေကာင္းသြားျပီျဖစ္ပါတယ္။ သူ႕အေနနဲ႔ မ်က္ႏွာအသစ္
တစ္ခု ရရွိခဲ့သလို ခံစားရေၾကာင္းလည္း ဆိုခဲ့ပါတယ္။



အဆိုပါ ကားမေတာ္တဆမႈဟာ ၂၀၀၁ ခုႏွစ္ကျဖစ္ခဲ့တာျဖစ္ျပီး သူရဲ့မ်က္နွာတစ္ခုလံုးဆံုးရႈံးသြားခဲ့ပါတယ္။ ေျခ
ေထာက္တစ္ဘက္လည္း ဆံုးရႈံးသြားခဲ့ပါတယ္။ ၂၀၁၁ခုနွစ္မွာေတာ့ ၁၄နာရီအၾကာခြဲစိတ္ခဲ့ျပီး အေမရိကန္နုုိင္ငံရဲ့
ဒုတိယေျမာက္မ်က္နွာတစ္ခုလံုး အစားထိုးခြဲစိတ္သူျဖစ္လာခဲ့ပါတယ္။ မ်က္ခြံ၊ ႏွာေခါင္း၊ စတာေတြ ျပန္တပ္ေပးခဲ့
ပါတယ္။



အခု၅ႏွစ္အၾကာမွာေတာ့ Mitchellဟာ ပံုမွန္ဘဝေလးတစ္ခုျပန္ရေနျပီး ထိုခြဲစိတ္မႈဟာ သူ႕ဘဝကိုေျပာင္းလဲေစခဲ့
ေၾကာင္း ဆိုခဲ့ပါတယ္။ စစ္သားေဟာင္းတစ္ဦးျဖစ္သူ အသက္၃၅ႏွစ္အရြယ္ Mitchellက “ကြ်န္ေတာ္ ၂၁နွစ္သား
အရြယ္ ျပန္ေ၇ာက္သြားသလိုု ခံစားရပါတယ္။ အျပင္ထြက္ရတာ ပိုလြယ္လာပါတယ္။ ဟိုအရင္ကလိုလူေတြက
ကြ်န္ေတာ့္ကို ဝိုင္းမၾကည့္ေတာ့ပါဘူး


သူ႕ရဲ့မ်က္ႏွာမွာ အာရံုေၾကာေတြဟာလည္း ျပန္အလုပ္လုပ္ေနျပီျဖစ္ပါတယ္။ သူဟာ ၂၀၀၁ခုနွစ္က သူငယ္ခ်င္းရဲ့
ကားကိုေမာင္းေနရင္း Electric Voltageလႊဲတဲ့ေနရာကို ဝင္တိုက္မိျပီး 10,000 ေသာဗိုု႔အားက သူရ့ဲေျခေထာက္
နဲ႔ မ်က္နွာတစ္ခုုလံုးကိုဖ်က္ဆီးလိုက္ပါတယ္။



သူဟာ ခြဲစိတ္မႈ အၾကိမ္ ၂၀ေလာက္ျပဳလုပ္ခဲ့ေပမယ့္ ကေလးေတြကေတာ့ သူ႕ကိုျမင္တိုင္းေအာ္ေျပးခဲ့ပါတယ္။
“ကေလးေတြက ကြ်န္ေတာ့္ကိုေတြ႕ရင္ သူတို႔အေမေနာက္ကိုကြယ္ေနတတ္ပါတယ္။ သူတိုု႕က ကြ်န္ေတာ့္ကိုအရမ္း
ေၾကက္ခဲ့ပါတယ္။ ကြ်န္ေတာ့္မိန္းမကေလးရခ်ိန္မွာ ကြ်န္ေတာ္ဒီခြဲစိတ္မႈကိုခံယူခဲ့တာပါ”လို႔ဆိုခဲ့ပါတယ္။

Source: metro
http://www.shwemom.com/incredible-recovery-of-man-who-had-full-face-transplant/

.............................................

မျက်နှာတစ်ခုုလုံး အစားထိုးကုသခံခဲ့ရသူ
By Shwemom -  April 20, 2016

ကားမတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုုင်းမှာ မျက်နှာတစ်ခုုလုံး ပျက်စီးခဲ့တဲ့ Mitchell Hunterက ခွဲစိတ်မှုခံယူ
အပြီးမှာတော့ သူ့ရဲ့မျက်နှာဟာ အရင်ကထက်ပိုမိုပြီး ကြည့်ကောင်းသွားပြီဖြစ်ပါတယ်။ သူ့အနေနဲ့ မျက်နှာအသစ်
တစ်ခု ရရှိခဲ့သလို ခံစားရကြောင်းလည်း ဆိုခဲ့ပါတယ်။



အဆိုပါ ကားမတော်တဆမှုဟာ ၂၀၀၁ ခုနှစ်ကဖြစ်ခဲ့တာဖြစ်ပြီး သူရဲ့မျက်နှာတစ်ခုလုံးဆုံးရှုံးသွားခဲ့ပါတယ်။ ခြေ
ထောက်တစ်ဘက်လည်း ဆုံးရှုံးသွားခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ၁၄နာရီအကြာခွဲစိတ်ခဲ့ပြီး အမေရိကန်နုုိင်ငံရဲ့
ဒုတိယမြောက်မျက်နှာတစ်ခုလုံး အစားထိုးခွဲစိတ်သူဖြစ်လာခဲ့ပါတယ်။ မျက်ခွံ၊ နှာခေါင်း၊ စတာတွေ ပြန်တပ်ပေးခဲ့
ပါတယ်။



အခု၅နှစ်အကြာမှာတော့ Mitchellဟာ ပုံမှန်ဘဝလေးတစ်ခုပြန်ရနေပြီး ထိုခွဲစိတ်မှုဟာ သူ့ဘဝကိုပြောင်းလဲစေခဲ့
ကြောင်း ဆိုခဲ့ပါတယ်။ စစ်သားဟောင်းတစ်ဦးဖြစ်သူ အသက်၃၅နှစ်အရွယ် Mitchellက “ကျွန်တော် ၂၁နှစ်သား
အရွယ် ပြန်ရောက်သွားသလိုု ခံစားရပါတယ်။ အပြင်ထွက်ရတာ ပိုလွယ်လာပါတယ်။ ဟိုအရင်ကလိုလူတွေက
ကျွန်တော့်ကို ဝိုင်းမကြည့်တော့ပါဘူး


သူ့ရဲ့မျက်နှာမှာ အာရုံကြောတွေဟာလည်း ပြန်အလုပ်လုပ်နေပြီဖြစ်ပါတယ်။ သူဟာ ၂၀၀၁ခုနှစ်က သူငယ်ချင်းရဲ့
ကားကိုမောင်းနေရင်း Electric Voltageလွှဲတဲ့နေရာကို ဝင်တိုက်မိပြီး 10,000 သောဗိုု့အားက သူရဲ့ခြေထောက်
နဲ့ မျက်နှာတစ်ခုုလုံးကိုဖျက်ဆီးလိုက်ပါတယ်။



သူဟာ ခွဲစိတ်မှု အကြိမ် ၂၀လောက်ပြုလုပ်ခဲ့ပေမယ့် ကလေးတွေကတော့ သူ့ကိုမြင်တိုင်းအော်ပြေးခဲ့ပါတယ်။
“ကလေးတွေက ကျွန်တော့်ကိုတွေ့ရင် သူတို့အမေနောက်ကိုကွယ်နေတတ်ပါတယ်။ သူတိုု့က ကျွန်တော့်ကိုအရမ်း
ကြေက်ခဲ့ပါတယ်။ ကျွန်တော့်မိန်းမကလေးရချိန်မှာ ကျွန်တော်ဒီခွဲစိတ်မှုကိုခံယူခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။

Source: metro
http://www.shwemom.com/incredible-recovery-of-man-who-had-full-face-transplant/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment