






24 April 2016

...........................................


အရည်းကြီးတို ့ ဆုံတဲ့ပွဲတော်

အိန္ဒိယ နိုင်ငံမှာ ဟိန္ဒူဘာဝင်တွေရဲ ့ အရည်းကြီးဂိုဏ်းပေါင်း ချုပ် စုဝေးကြ ကြတဲ့ Kumbh Mela ပွဲတော် ကို ယခုနှစ် ၂၀၁၆ ဧပြီလ ၂၁ရက်နေမှာ မာဒယာ မရာဒက်ရ် ပြည်နယ်က ဥဂျေးမြို ့မှာ စတင်ကျင်ပခဲ့ပါတယ်။
မဟာ ကုမ်မေလာ ပွဲတော် ကို (၃)နှစ် တကြိမ် ကက်ရှ်ပယာ မြစ်မှာ လာရောက်စုရုံးကြတဲ့ ပွဲတော်ပါ။
အရည်းကြီး-ပေါင်း သိန်းနဲ ့သောင်းနဲ ့ချီ လာကြတဲ့ပွဲမှာ နတ်ကတော်- ဗေဒင်အကျော် တွေ ဘိုးတော်တွေကလည်း လာရောက်ကြတာကြောင့် ကိုးကွယ်သူ နောက်လိုက်အင်အားကလည်း သန်းနဲ ့ချီ လာရောက်ပူဇော်ကြပါတယ်။
၂၀၁၃ ခုနှစ်ကကျင်းပခဲ့တဲ့ပွဲမှာ တကမ္ဘာလုံးက လာရောက်ကြသူ သန်းပေါင်း ၁၂၀ တောင် ရှိခဲ့တာကို စံချိန်တင်ထားခဲ့ပါတယ်။
နေ လ ကြည်တာရာ နက္ခတ် တွေကို တွက်ချက်ပြီး (၃)နှစ် (၆)နှစ်နဲ ့ (၁၂)နှစ် တကြိမ်စီ ခွဲပြီး လေးနေရာမှာ ပွဲတော်လုပ်လေ့ရှိကြောင်းသိရပါတယ်၊ ပညာမျိုးစုံကျင့်နေကြတဲ့ အရည်းကြီးတွေဟာ ခုလိုပွဲတော်ရက်ကျင်းပချိန် မှာသာ ပထဆုံးအကြိမ်ရေချိုးခဲ့ကြပါတယ်။
ကိုးကား Maha Kumbh Mela
Social Action for Women - SAW
24 April 2016
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment