ထိုင္းႏိုင္ငံ ပတၱရားမွာ မိန္းမလ်ာေတြေသာင္းက်န္းေန၊ တိုးရစ္မ်ား လုယက္ခံေနရ


ထိုင္းႏိုင္ငံတြင္ မလံု႔တလံုအမ်ဳိးသမီးမ်ား က်က္စားေနၾကသည့္ အပန္းေျဖစခန္းမ်ား၌ တိုးရစ္မ်ားကို လုယက္ ရိုက္ႏွက္ေနၾကေသာ တေန႔တျခားတိုးပြားလာသည့္ မိန္းမလ်ာအုပ္စုမ်ားကို ထိုင္းရဲတပ္ဖဲြ႕က ႀကိဳးစားႏိွမ္နင္း ေနၾကရသည္။ ေနာက္ဆံုးေပၚျဖစ္ရပ္တခုတြင္ လုဇ္မိုလားဆိုေသာ ဂ်ာမန္ကမာၻလွည့္ခရီးသြားတဦးကို မိန္းမလ်ာႏွစ္ဦးက ခ်ဥ္းကပ္ျပီးေနာက္ ေက်ာက္ခဲျဖင့္ မ်က္ႏွာကိုထုကာ လုယက္မႈတရပ္ ပတၱရားေဒသတြင္ ျဖစ္ပြားခဲ့သည္။

ယင္းကဲ့သို႔ ရိုက္ႏွက္ခံရမႈေၾကာင့္ ဂ်ာမန္တိုးရစ္သည္ သတိေမ့ေျမာသြားျပီး ပါသမွ်ေငြမ်ား လုယက္ခံခဲ့ရသည္။ လုဇ္မိုလားသည္ ႏွာေခါင္းရိုးက်ဳိးကာ မ်က္ႏွာတြင္ ဒဏ္ရာမ်ားရရိွသြားသည္။ လုယက္သူမ်ားကို ဖမ္းဆီးရမိခဲ့သည္။
ယင္းျဖစ္ရပ္မျဖစ္ပြားမီက မိန္းမလ်ာဂိုဏ္းအုပ္စုတစုသည္ ပတၱရားရိွလမ္းမ်ားေပၚတြင္ လွည့္လည္ေလွ်ာက္ သြား၍ တိုးရစ္မ်ားကို ေခ်ာင္းေျမာင္းလိုက္လံရွာေဖြကာ နာရီမ်ား၊ လက္စြပ္မ်ားႏွင့္ ေငြေၾကးမ်ားကို လုယက္ခဲ့ ၾကသည္ဟုဆိုသည္။

ထိုင္းႏိုင္ငံတြင္ လိင္ကိစၥေပ်ာ္ပါးရန္ အေကာင္းဆံုးေနရာျဖစ္ေနသည့္ ပတၱရားႏွင့္ဖူးခက္တို႔၌ယခုကဲ့သို႔မိန္းမလ်ာမ်ားလုယက္ေသာင္းက်န္းေနမႈသည္ တေန႔တျခား တိုးပြားလာေနေၾကာင္း ထိုင္း ရဲတပ္ဖဲြ႕က ေျပာသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာလက ပတၱရားၿမဳိ႕ရိွ ညကလပ္စ္ စတုတၳအလႊာမွာ အသက္(၂၈)ႏွစ္အရြယ္နားမီကီးဂိုဘာဒီဆိုေသာၿဗိတိသွ်တိုးရစ္တဦးျပဳတ္က်ေသဆံုးမႈႏွင့္ပတ္သက္၍ ရဲက မိန္းမလ်ာေလးေယာက္ကို ေခၚယူစစ္ေဆး ခဲ့ရာ ေငြေၾကးအခေပးသည့္ကိစၥႏွင့္ပတ္သက္၍ သူတို႔ထဲမွတေယာက္ႏွင့္ စကားမ်ားၿပီး တိုက္ပဲြမွ ျပဳတ္က်ေသ ဆံုးခဲ့ျခင္းျဖစ္ေၾကာင္း မိန္းမလ်ာမ်ားက ေျပာခဲ့သည္။

မိန္းမလ်ာမ်ားပါ၀င္ပတ္သက္ေနသည့္ ျပႆနာမ်ား ေန႔စဥ္ျဖစ္ပြားလ်က္ရိွေၾကာင္း၊ ထိုင္းရဲမ်ားအတြက္ ျပႆနာႀကီးတခုျဖစ္ေနေၾကာင္း ပတၱရားရဲဌာနခ်ဳပ္မွ ရဲမွဴးႀကီးဆြက္တပ္ဟြမ္းပန္ေမာင္က ေျပာၾကားခဲ့သည္။ မိန္းမလ်ာေတြဟာ တိုးရစ္ေတြကို လုယက္ဖို႔ အတင့္ရဲစြာနဲ႔ တိုက္ခိုက္လာၾကရံုမကဘူး လိင္ကိစၥအတြက္လည္း တိုးရစ္ေတြကို အေႏွာင့္အယွက္ေပးၿပီး ျမႇဴဆြယ္ေနၾကတယ္''ဟု ၎က ေျပာၾကားခဲ့သည္။

''ကြ်န္ေတာ္က အမ်ဳိးသမီးလို႔ထင္တဲ့ သူတို႔ႏွစ္ေယာက္က ခ်ဥ္းကပ္လာၿပီး လိင္ကိစၥေပ်ာ္ပါးဖို႔ ေခၚၾကတယ္။ ကြ်န္ေတာ္က ျငင္းေတာ့ သူတို႔ႏွစ္ဦးက ေက်ာက္ခဲနဲ႔ထုၿပီး ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားၾကတယ္''ဟုၿဗိတိန္တိုးရစ္မစၥတာမိုလာကသတင္းေထာက္ကို ေျပာျပခဲ့သည္။

ထြဋ္၀င္းထြဋ္
Daily Mail
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/

.............................................


ထိုင်းနိုင်ငံတွင် မလုံ့တလုံအမျိုးသမီးများ ကျက်စားနေကြသည့် အပန်းဖြေစခန်းများ၌ တိုးရစ်များကို လုယက် ရိုက်နှက်နေကြသော တနေ့တခြားတိုးပွားလာသည့် မိန်းမလျာအုပ်စုများကို ထိုင်းရဲတပ်ဖွဲ့က ကြိုးစားနှိမ်နင်း နေကြရသည်။ နောက်ဆုံးပေါ်ဖြစ်ရပ်တခုတွင် လုဇ်မိုလားဆိုသော ဂျာမန်ကမ္ဘာလှည့်ခရီးသွားတဦးကို မိန်းမလျာနှစ်ဦးက ချဉ်းကပ်ပြီးနောက် ကျောက်ခဲဖြင့် မျက်နှာကိုထုကာ လုယက်မှုတရပ် ပတ္တရားဒေသတွင် ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ဂျာမန်တိုးရစ်သည် သတိမေ့မြောသွားပြီး ပါသမျှငွေများ လုယက်ခံခဲ့ရသည်။ လုဇ်မိုလားသည် နှာခေါင်းရိုးကျိုးကာ မျက်နှာတွင် ဒဏ်ရာများရရှိသွားသည်။ လုယက်သူများကို ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်ရပ်မဖြစ်ပွားမီက မိန်းမလျာဂိုဏ်းအုပ်စုတစုသည် ပတ္တရားရှိလမ်းများပေါ်တွင် လှည့်လည်လျှောက် သွား၍ တိုးရစ်များကို ချောင်းမြောင်းလိုက်လံရှာဖွေကာ နာရီများ၊ လက်စွပ်များနှင့် ငွေကြေးများကို လုယက်ခဲ့ ကြသည်ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် လိင်ကိစ္စပျော်ပါးရန် အကောင်းဆုံးနေရာဖြစ်နေသည့် ပတ္တရားနှင့်ဖူးခက်တို့၌ယခုကဲ့သို့မိန်းမလျာများလုယက်သောင်းကျန်းနေမှုသည် တနေ့တခြား တိုးပွားလာနေကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။


ပြီးခဲ့သော ဒီဇင်ဘာလက ပတ္တရားမြို့ရှိ ညကလပ်စ် စတုတ္ထအလွှာမှာ အသက်(၂၈)နှစ်အရွယ်နားမီကီးဂိုဘာဒီဆိုသောဗြိတိသျှတိုးရစ်တဦးပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ ရဲက မိန်းမလျာလေးယောက်ကို ခေါ်ယူစစ်ဆေး ခဲ့ရာ ငွေကြေးအခပေးသည့်ကိစ္စနှင့်ပတ်သက်၍ သူတို့ထဲမှတယောက်နှင့် စကားများပြီး တိုက်ပွဲမှ ပြုတ်ကျသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း မိန်းမလျာများက ပြောခဲ့သည်။

မိန်းမလျာများပါ၀င်ပတ်သက်နေသည့် ပြဿနာများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုင်းရဲများအတွက် ပြဿနာကြီးတခုဖြစ်နေကြောင်း ပတ္တရားရဲဌာနချုပ်မှ ရဲမှူးကြီးဆွက်တပ်ဟွမ်းပန်မောင်က ပြောကြားခဲ့သည်။ မိန်းမလျာတွေဟာ တိုးရစ်တွေကို လုယက်ဖို့ အတင့်ရဲစွာနဲ့ တိုက်ခိုက်လာကြရုံမကဘူး လိင်ကိစ္စအတွက်လည်း တိုးရစ်တွေကို အနှောင့်အယှက်ပေးပြီး မြှူဆွယ်နေကြတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

''ကျွန်တော်က အမျိုးသမီးလို့ထင်တဲ့ သူတို့နှစ်ယောက်က ချဉ်းကပ်လာပြီး လိင်ကိစ္စပျော်ပါးဖို့ ခေါ်ကြတယ်။ ကျွန်တော်က ငြင်းတော့ သူတို့နှစ်ဦးက ကျောက်ခဲနဲ့ထုပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြတယ်''ဟုဗြိတိန်တိုးရစ်မစ္စတာမိုလာကသတင်းထောက်ကို ပြောပြခဲ့သည်။

ထွဋ်ဝင်းထွဋ်
Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment