လူသတ္မႈက်ဴးလြန္ကာ လည္ေခ်ာင္းေသြးေသာက္ခဲ့သူကုိ ေသဒဏ္ခ်မွတ္



By netsetaw
 April 7, 2016 6427

အသက္(12)အရြယ္ ကေလးငယ္တစ္ေယာက္ကုိ သတ္ကာ လည္ေခ်ာင္းကို ေဖာက္ၿပီး ေသြးေသာက္ခဲ့တဲ့ တရားခံႏွစ္
ေယာက္အနက္ တစ္ေယာက္ကို ေသဒဏ္၊ အျခားတစ္ေယာက္ကုိ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု
အေမရိကန္ႏုိင္ငံ တကၠဆက္ျပည္နယ္မွာ ျဖစ္ပြားခဲ့ပါတယ္။ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ကေတာ့ 1998 ခုႏွစ္မွာ ျဖစ္ေပမယ့္ ယခုလ
မွ ေသဒဏ္နဲ႕ေထာင္ဒဏ္ေတြ ခ်မွတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ျပစ္မႈကို က်ဴးလြန္ခဲ့သူေတြကေတာ့ အသက္ 38 ႏွစ္အရြယ္
Pablo Lucio Vasquez နဲ႕ တူအျဖစ္ေတာ္စပ္တဲ့ Andy Chapa တုိ႕ ျဖစ္ပါတယ္။ ၎တုိ႕ 2 ေယာက္ဟာ ျပစ္မႈက်ဴးလြန္
စဥ္က အသက္ 20 နဲ႕ 15 ႏွစ္အရြယ္သာ ရွိၾကပါေသးတယ္။ အခင္းျဖစ္ပုံမွာ ၎တုိ႕ႏွစ္ေယာက္ဟာ ညတစ္ညမွာ ေသဆုံးသူ
 David Cardenas နဲ႕အတူ အိမ္ကုိ ျပန္ခဲ့ၾကပါတယ္။ အဲဒီညမွာ Vazquez ဟာ ကုိကင္းေတြ အဆမတန္သုံးထား
ၿပီး David ရဲ႕ ေခါင္းကုိ ႐ုိက္လုိက္ပါတယ္။ အဲဒီေနာက္ လည္ေခ်ာင္းကို ေဖာက္ကာ ေသြးေတြကို ေသာက္ခဲ့ပါတယ္။ ၿပီး
ေတာ့မွ David ရဲ႕ အလာင္းကုိ ကြင္းျပင္ဆီ သယ္ေဆာင္ခဲ့ၾကၿပီး ဦးေခါင္းအခြံကုိ ခၽြတ္ျခင္း၊ လက္ေမာင္းနဲ႕ အျခားခႏၶာ
ကုိယ္အစိပ္အပုိင္းေတြကုိ ျဖတ္ျခင္း၊ ေက်ာအေရခြံ႕ကို ခြါျခင္း စတာေတြကုိ စိမ္ေျပနေျပ က်ဴးလြန္ခဲ့ၾကပါတယ္။ အဲဒီ
ေနာက္ အေလာင္းကို အလူမီနီယံျပားေတြနဲ႕ အုပ္ကာ ၀ွက္ထားခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႕ဟာ Vazquez ကုိ ခ်က္ခ်င္း ဖမ္းမိခဲ့ၿပီး လူသတ္မႈကုိ က်ဴးလြန္ေၾကာင္း ၀န္ခံခဲ့ပါတယ္။ ဒါ့အျပင္ လည္ေခ်ာင္း
ေသြးကို ေသာက္ခဲ့ေၾကာင္းပါ ေျဖာင့္ခ်က္ ေပးခဲ့ပါတယ္။ အဲဒီေနာက္ Chapa ကုိပါ ဖမ္းမိခဲ့ၿပီး ဆက္လက္စစ္ေဆးခဲ့ရာ
ေသးဆုံးခဲ့တဲ့ David က Vazquez ေတာင္းဆုိတာကုိ မေပးခဲ့လုိ႕ သတ္ခဲ့တာလုိ႕ ေျဖာင့္ခ်က္ ေပးခဲ့ပါတယ္။ တရားခြင္မွာ
Vazquez က ” မိစာၦေတြက သူ႕ေခါင္းကုိ ျဖတ္ေပးဖုိ႕ ေျပာပါတယ္ … ကၽြန္ေတာ့္ ဦးေႏွာက္ တစ္ျခမ္းက ဒီလုပ္ရပ္မွာ
မင္း မွားတယ္လုိ႕ ကန္႕ကြက္ေပမယ့္ … က်န္တဲ့ တစ္ျခမ္းကေတာ့ ဒီလုပ္ရပ္ကို မွန္တယ္လုိ႕ ေထာက္ခံပါတယ္ ” လို႕
ထြက္ဆုိခဲ့ပါတယ္။ ေလးနာရီၾကာ စစ္ေဆးၿပီးေနာက္ US Supreme Court တရား႐ုံးက Vazquez နဲ႕ Chapa တုိ႕ဟာ
အလြန္ရက္စက္တဲ့ ရာဇ၀တ္မႈကို က်ဴးလြန္ေၾကာင္း ထင္းရွားလုိ႕ အယူခံပင္ တင္ခြင့္မေပးေတာ့ဘဲ ဆုံးျဖတ္ခ်က္ေတြ
ခ်မွတ္ခဲ့ပါတယ္။ တရား႐ုံးက ခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္ကေတာ့ Vazquez ကုိ ေဆးထုိးသတ္ဖုိ႕ ေသဒဏ္ေပးခဲ့ၿပီး၊ ပူး
ေပါင္းပါ၀င္ခဲ့တဲ့ Chapa ကိုေတာ့ ေထာင္ဒဏ္ 35 ႏွစ္ က်ခံေစဖုိ႕ အမိန္႕ခ်မွတ္ခဲ့ပါတယ္။ Vazquez ရဲ႕ ေရွ႕ေနေတြက
ျပစ္မႈက်ဴးလြန္ခ်ိန္မွာ Vazquez ဟာ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးခ်ိဳ႕ယြင္းေနသူျဖစ္ေၾကာင္း ေလွ်ာက္လဲခ်က္ ေပးခဲ့ေပ
မယ့္ တရား႐ုံးက ပယ္ခ်ခဲ့ၿပီး Vazquez ကုိ ေဆးထုိးေသဒဏ္ စီရင္ေစခဲ့တယ္လုိ႕ သိရပါတယ္။ Vazquez ဟာ ေဒသ
စံေတာ္ခ်ိန္ 6.35 pm မွာ စီရင္ျခင္းခံခဲ့ရေၾကာင္း သက္ဆုိင္ရာက အတည္ျပဳခဲ့ပါတယ္။ တရားခံေတြကို ဖုံးကြယ္ေပးသူ
သုံးေယာက္ကိုလည္း အျခားျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့တယ္လုိ႕ သိရပါတယ္။

ဒီေသဒဏ္စီရင္မႈဟာ တကၠဆက္ျပည္နယ္မွာ ေျခာက္ႀကိမ္ေျမာက္ျဖစ္ၿပီး၊ 1976 ခုႏွစ္မွာ စံခ်ိန္တင္ လူသတ္မႈ 537 မႈ
အထိ ျမင့္တက္ခဲ့လုိ႕ ေသဒဏ္ကုိ ျပန္လည္ က်င့္သုံးခဲ့ရျခင္းျဖစ္တယ္လုိ႕ သိရပါတယ္။

source : mirror.co.uk

....................................................

လူသတ်မှုကျူးလွန်ကာ လည်ချောင်းသွေးသောက်ခဲ့သူကို သေဒဏ်ချမှတ်
By netsetaw 
 April 7, 2016 6427

အသက်(12)အရွယ် ကလေးငယ်တစ်ယောက်ကို သတ်ကာ လည်ချောင်းကို ဖောက်ပြီး သွေးသောက်ခဲ့တဲ့ တရားခံနှစ်
ယောက်အနက် တစ်ယောက်ကို သေဒဏ်၊ အခြားတစ်ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ 1998 ခုနှစ်မှာ ဖြစ်ပေမယ့် ယခုလ
မှ သေဒဏ်နဲ့ထောင်ဒဏ်တွေ ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကို ကျူးလွန်ခဲ့သူတွေကတော့ အသက် 38 နှစ်အရွယ်
Pablo Lucio Vasquez နဲ့ တူအဖြစ်တော်စပ်တဲ့ Andy Chapa တို့ ဖြစ်ပါတယ်။ ၎င်းတို့ 2 ယောက်ဟာ ပြစ်မှုကျူးလွန်
စဉ်က အသက် 20 နဲ့ 15 နှစ်အရွယ်သာ ရှိကြပါသေးတယ်။ အခင်းဖြစ်ပုံမှာ ၎င်းတို့နှစ်ယောက်ဟာ ညတစ်ညမှာ သေဆုံးသူ
 David Cardenas နဲ့အတူ အိမ်ကို ပြန်ခဲ့ကြပါတယ်။ အဲဒီညမှာ Vazquez ဟာ ကိုကင်းတွေ အဆမတန်သုံးထား
ပြီး David ရဲ့ ခေါင်းကို ရိုက်လိုက်ပါတယ်။ အဲဒီနောက် လည်ချောင်းကို ဖောက်ကာ သွေးတွေကို သောက်ခဲ့ပါတယ်။ ပြီး
တော့မှ David ရဲ့ အလာင်းကို ကွင်းပြင်ဆီ သယ်ဆောင်ခဲ့ကြပြီး ဦးခေါင်းအခွံကို ချွတ်ခြင်း၊ လက်မောင်းနဲ့ အခြားခန္ဓာ
ကိုယ်အစိပ်အပိုင်းတွေကို ဖြတ်ခြင်း၊ ကျောအရေခွံ့ကို ခွါခြင်း စတာတွေကို စိမ်ပြေနပြေ ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီ
နောက် အလောင်းကို အလူမီနီယံပြားတွေနဲ့ အုပ်ကာ ၀ှက်ထားခဲ့ကြပါတယ်။


ရဲတပ်ဖွဲ့ဟာ Vazquez ကို ချက်ချင်း ဖမ်းမိခဲ့ပြီး လူသတ်မှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် လည်ချောင်း
သွေးကို သောက်ခဲ့ကြောင်းပါ ဖြောင့်ချက် ပေးခဲ့ပါတယ်။ အဲဒီနောက် Chapa ကိုပါ ဖမ်းမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ
သေးဆုံးခဲ့တဲ့ David က Vazquez တောင်းဆိုတာကို မပေးခဲ့လို့ သတ်ခဲ့တာလို့ ဖြောင့်ချက် ပေးခဲ့ပါတယ်။ တရားခွင်မှာ
Vazquez က ” မိစ္ဆာတွေက သူ့ခေါင်းကို ဖြတ်ပေးဖို့ ပြောပါတယ် … ကျွန်တော့် ဦးနှောက် တစ်ခြမ်းက ဒီလုပ်ရပ်မှာ
မင်း မှားတယ်လို့ ကန့်ကွက်ပေမယ့် … ကျန်တဲ့ တစ်ခြမ်းကတော့ ဒီလုပ်ရပ်ကို မှန်တယ်လို့ ထောက်ခံပါတယ် ” လို့
ထွက်ဆိုခဲ့ပါတယ်။ လေးနာရီကြာ စစ်ဆေးပြီးနောက် US Supreme Court တရားရုံးက Vazquez နဲ့ Chapa တို့ဟာ
အလွန်ရက်စက်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ကြောင်း ထင်းရှားလို့ အယူခံပင် တင်ခွင့်မပေးတော့ဘဲ ဆုံးဖြတ်ချက်တွေ
ချမှတ်ခဲ့ပါတယ်။ တရားရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက်ကတော့ Vazquez ကို ဆေးထိုးသတ်ဖို့ သေဒဏ်ပေးခဲ့ပြီး၊ ပူး
ပေါင်းပါ၀င်ခဲ့တဲ့ Chapa ကိုတော့ ထောင်ဒဏ် 35 နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ Vazquez ရဲ့ ရှေ့နေတွေက
ပြစ်မှုကျူးလွန်ချိန်မှာ Vazquez ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေသူဖြစ်ကြောင်း လျှောက်လဲချက် ပေးခဲ့ပေ
မယ့် တရားရုံးက ပယ်ချခဲ့ပြီး Vazquez ကို ဆေးထိုးသေဒဏ် စီရင်စေခဲ့တယ်လို့ သိရပါတယ်။ Vazquez ဟာ ဒေသ
စံတော်ချိန် 6.35 pm မှာ စီရင်ခြင်းခံခဲ့ရကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့ပါတယ်။ တရားခံတွေကို ဖုံးကွယ်ပေးသူ
သုံးယောက်ကိုလည်း အခြားပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသေဒဏ်စီရင်မှုဟာ တက္ကဆက်ပြည်နယ်မှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး၊ 1976 ခုနှစ်မှာ စံချိန်တင် လူသတ်မှု 537 မှု
အထိ မြင့်တက်ခဲ့လို့ သေဒဏ်ကို ပြန်လည် ကျင့်သုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

source : mirror.co.uk

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment