ဘတ္စ္ကားမ်ားတြင္ ကေလးႏို႔တိုက္သည့္ သီးသန္႔ေနရာ တ႐ုတ္တြင္ စီစဥ္


 April 06, 2016
baby(က်န္က်ဳိး၊ ဧၿပီ ၄)

ဘတ္စ္ကားစီးရင္း ႏို႔ခ်ဳိ တိုက္ေကြၽးစဥ္တြင္ ဘတ္စ္ကား ေပၚ၌ လူအမ်ားႀကီး ရိွေနသ ျဖင့္ ရွက္ကိုး ရွက္ကန္း ျဖစ္ဖူးပါသလား။ တ႐ုတ္ႏုိင္ငံ ရိွ ၿမိဳ႕ အေတာ္မ်ားမ်ားတြင္ေတာ့ ထိုသို႔ေသာ ႏုိ႔တုိက္မိခင္ မ်ားကို ကူညီရန္ အတြက္ ခရီးသည္ တင္ကား မ်ားတြင္ သီးသန္႔ေနရာ တစ္ခုထား ေပးရန္ စီစဥ္လ်က္ရိွသည္ဟုဆုိ သည္။

တ႐ုတ္ႏိုင္ငံ၏ အေရွ႕ပိုင္းတြင္ ရိွေသာ က်န္းရီွေဒသတြင္ အဆုိပါ စိတ္ကူးကို စတင္ အေကာင္အထည္ ေဖာ္လ်က္ ရိွသည္။ ယင္းတြင္ ႏုိ႔ တိုက္ မိခင္မ်ား အတြက္ အထူးသီးသန္႔ ျပဳလုပ္ထားေသာ ထိုင္ခံုမ်ား ကို ဘတ္စ္ကား ၁ဝ စီးတြင္ ထည့္ သြင္းတည္ေဆာက္ေပး ထားၿပီး ေန႔ စဥ္လမ္းေၾကာင္းေလးခု ေျပးဆဲြ ေပးမည္ျဖစ္သည္။ အဆုိပါ အစီအစဥ္ကို လူအမ်ား သေဘာက်ၾကကာ အင္တာနက္ အသံုးျပဳ သူမ်ားက လည္း ခ်ီးက်ဴးၾသဘာေပးလ်က္ ရိွသည္။

အဆုိပါ ‘အထူးသီးသန္႔ ႏို႔ခ်ဳိ တုိက္ေကြၽးခံု’ကို ဘတ္စ္ကား အ ဆင္း အတက္ျပဳလုပ္ရာ အေပါက္ အနီးတြင္ ထားရိွေပးမည္ ျဖစ္ၿပီး ႏို႔ ခ်ဳိတုိက္ေကြၽးေသာ မိခင္ျဖစ္သူ၏ လံုၿခံဳေရးအတြက္ ပန္းေရာင္ခန္း စီးလိုက္ကာကိုလည္း တပ္ဆင္ေပး ထားမည္ ျဖစ္သည္။ သို႔ရာတြင္ ကားေပၚ၌ ႏုိ႔တိုက္မိခင္ မပါလာ ခ်ိန္မ်ားတြင္ေတာ့ ထိုင္ခံု၌ ထိုင္ လိုသူမ်ား အေနႏွင့္ လိုက္ကာကို ဖြင့္ကာ ထိုင္ေနႏုိင္သည္ဟု ဆုိသည္။ အကယ္၍ ကေလးခ်ီလ်က္ မိခင္ တစ္ဦးဦး ကားေပၚသို႔တက္ေရာက္ လာပါက ဒ႐ိုင္ဘာမွ အရင္ထုိင္ေန သူအား သတိေပးကာ မိခင္အား ထုိင္ေစမည္ လည္း ျဖစ္သည္။

အကယ္၍ အဆုိပါ ကိစၥအေပၚ ေကာင္းေသာ တံု႔ျပန္မႈမ်ား ရရိွခဲ့ ပါက ယင္းထုိင္ခံု မ်ားကုိ ထပ္မံ ထည့္သြင္းေပး သြားႏုိင္ေၾကာင္း ၿမိဳ႕ ေတာ္ ၏ ဘတ္စ္ကား အႀကီးတန္း မန္ေနဂ်ာျဖစ္သူက စဥ္းစားထား သည္ဟုဆုိသည္။ လက္ရိွတြင္  တြစ္ တာကဲ့သုိ႔ေသာ တ႐ုတ္ လူမႈကြန္ ရက္တစ္ခုျဖစ္သည့္ Sina Weibo တြင္ေတာ့ ထိုကိစၥႏွင့္ ပတ္သက္၍ ေကာင္းေသာ တံု႔ျပန္မႈ မ်ားစြာကို ရရိွထားၿပီျဖစ္သည္။

KTZO

Ref: Asiaone
http://popularmyanmar.com/afpopular/?p=16987

........................................

ဘတ်စ်ကားများတွင် ကလေးနို့တိုက်သည့် သီးသန့်နေရာ တရုတ်တွင် စီစဉ်
 April 06, 2016
baby(ကျန်ကျိုး၊ ဧပြီ ၄)

ဘတ်စ်ကားစီးရင်း နို့ချို တိုက်ကျွေးစဉ်တွင် ဘတ်စ်ကား ပေါ်၌ လူအများကြီး ရှိနေသ ဖြင့် ရှက်ကိုး ရှက်ကန်း ဖြစ်ဖူးပါသလား။ တရုတ်နိုင်ငံ ရှိ မြို့ အတော်များများတွင်တော့ ထိုသို့သော နို့တိုက်မိခင် များကို ကူညီရန် အတွက် ခရီးသည် တင်ကား များတွင် သီးသန့်နေရာ တစ်ခုထား ပေးရန် စီစဉ်လျက်ရှိသည်ဟုဆို သည်။

တရုတ်နိုင်ငံ၏ အရှေ့ပိုင်းတွင် ရှိသော ကျန်းရှီဒေသတွင် အဆိုပါ စိတ်ကူးကို စတင် အကောင်အထည် ဖော်လျက် ရှိသည်။ ယင်းတွင် နို့ တိုက် မိခင်များ အတွက် အထူးသီးသန့် ပြုလုပ်ထားသော ထိုင်ခုံများ ကို ဘတ်စ်ကား ၁ဝ စီးတွင် ထည့် သွင်းတည်ဆောက်ပေး ထားပြီး နေ့ စဉ်လမ်းကြောင်းလေးခု ပြေးဆွဲ ပေးမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို လူအများ သဘောကျကြကာ အင်တာနက် အသုံးပြု သူများက လည်း ချီးကျူးသြဘာပေးလျက် ရှိသည်။

အဆိုပါ ‘အထူးသီးသန့် နို့ချို တိုက်ကျွေးခုံ’ကို ဘတ်စ်ကား အ ဆင်း အတက်ပြုလုပ်ရာ အပေါက် အနီးတွင် ထားရှိပေးမည် ဖြစ်ပြီး နို့ ချိုတိုက်ကျွေးသော မိခင်ဖြစ်သူ၏ လုံခြုံရေးအတွက် ပန်းရောင်ခန်း စီးလိုက်ကာကိုလည်း တပ်ဆင်ပေး ထားမည် ဖြစ်သည်။ သို့ရာတွင် ကားပေါ်၌ နို့တိုက်မိခင် မပါလာ ချိန်များတွင်တော့ ထိုင်ခုံ၌ ထိုင် လိုသူများ အနေနှင့် လိုက်ကာကို ဖွင့်ကာ ထိုင်နေနိုင်သည်ဟု ဆိုသည်။ အကယ်၍ ကလေးချီလျက် မိခင် တစ်ဦးဦး ကားပေါ်သို့တက်ရောက် လာပါက ဒရိုင်ဘာမှ အရင်ထိုင်နေ သူအား သတိပေးကာ မိခင်အား ထိုင်စေမည် လည်း ဖြစ်သည်။

အကယ်၍ အဆိုပါ ကိစ္စအပေါ် ကောင်းသော တုံ့ပြန်မှုများ ရရှိခဲ့ ပါက ယင်းထိုင်ခုံ များကို ထပ်မံ ထည့်သွင်းပေး သွားနိုင်ကြောင်း မြို့ တော် ၏ ဘတ်စ်ကား အကြီးတန်း မန်နေဂျာဖြစ်သူက စဉ်းစားထား သည်ဟုဆိုသည်။ လက်ရှိတွင်  တွစ် တာကဲ့သို့သော တရုတ် လူမှုကွန် ရက်တစ်ခုဖြစ်သည့် Sina Weibo တွင်တော့ ထိုကိစ္စနှင့် ပတ်သက်၍ ကောင်းသော တုံ့ပြန်မှု များစွာကို ရရှိထားပြီဖြစ်သည်။

KTZO

Ref: Asiaone
http://popularmyanmar.com/afpopular/?p=16987
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment