ဟစ္တလာေမြးတဲ့အိမ္ ႏုိင္ငံပိုင္လုပ္မည္



နာဇီဂ်ာမန္ေခါင္းေဆာင္ေဟာင္း အေဒ့ါဖ္ ဟစ္တလာ (Adolf Hitler) ေမြးဖြားရာေနရာကို ေခတ္သစ္နာရီေတြရဲ႕ သူရဲေကာင္းဗိမာန္ ေနရာတခု ျဖစ္မလာေစဖို႔ ရည္ရြယ္ၿပီး မူရင္း ပုဂၢလိကပိုင္ရွင္ လက္ထဲကေန သိမ္းဆည္းႏုိင္မယ့္ ဥပေဒတရပ္ ျပဌာန္းႏုိင္ဖို႔ ၾသစႀတီးယားႏုိင္ငံက စဥ္းစားေနပါတယ္။

ဥပေဒတရပ္ ျပဌာန္းႏုိင္မယ္ဆုိရင္ - Braunau am Inn ၿမိဳ႕မွာရွိတဲ့ အိမ္ကို ပိုင္ရွင္လက္ကေန ေလ်ာ္ေၾကးေပး သိမ္းယူႏုိင္မွာ ျဖစ္တယ္လို႔လည္း ၾသစႀတီးယား ျပည္ထဲေရး၀န္ႀကီးက စေနေန႔မွာ ေျပာဆုိခဲ့တာပါ။

ဒီအေဆာက္အဦးကို ရာစုႏွစ္တခုေက်ာ္ၾကာ ေဒသခံမိသားစုတစုက ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး၊ အစိုးရကို ျပန္ေရာက္ဖို႔ ျငင္းဆန္ေနသလို၊ အေဆာက္အဦးကို ျပဳျပင္မြမ္းမံဖို႔ကိုလည္း လက္မခံဘဲ ျငင္းဆန္ေနတာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ - ဒီအေဆာက္အဦးမွာ ဘယ္သူမွ မေနၾကပါဘူး။

ၿမိဳ႕ရဲ႕ သမုိင္း၀င္ေနရာတခုအျဖစ္နဲ႔ ကာကြယ္ေစာင့္ေရွာက္ထားတဲ့အတြက္လည္း အိမ္ကို ဖ်က္ပစ္လို႔ မရဘဲျဖစ္ေနရတာ ျဖစ္ပါတယ္။ ေဒသခံေတြၾကား မွာေတာ့ ဒီေနရာကို ဘာလုပ္သင့္သလဲဆိုတဲ့အေပၚ အျမင္အမ်ိဳးမ်ိဳး ကြဲေနၾကတာလည္းျဖစ္ပါတယ္။ ၾသစႀတီးယားႏုိင္ငံ လြတ္ေျမာက္ေရး လႈပ္ရွားမႈကို ဂုဏ္ျပဳတဲ့ျပတုိက္ ေဆာက္သင့္တယ္လုိ႔ ယူဆသူေတြရွိသလို၊ ဒုကၡိတေတြအတြက္ စင္တာတခု ဖြင့္သင့္တယ္လို႔ ျမင္သူေတြလည္း ရွိၾကပါတယ္။

ဒါ့အျပင္ ဒီေနရာဟာ - ဟစ္တလာရဲ႕ ဧၿပီလ ၂၀ ရက္ေန႔ ေမြးေန႔ေရာက္တုိင္း ဖက္ဆစ္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ ေနရာတခု လည္းျဖစ္ပါတယ္။ ဒုတိယကမၻာစစ္ကာလအတြင္း ဂ်ဴးလူမ်ိဳးေတြ၊ ပိုလန္ႏုိင္ငံသားေတြ၊ ေျခသလံုးအိမ္တုိင္ ေလွ်ာက္သြားသူေတြနဲ႔ လိင္တူခ်င္း ဆံုမက္သူေတြကို ရက္ရက္စက္စက္ အစုလိုက္ အၿပံဳလုိက္ သတ္ျဖတ္ခဲ့တဲ့ ဂ်ာမန္စစ္တပ္ရဲ႕ ေခါင္းေဆာင္အျဖစ္ ဟစ္တလာက နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ ၁၉၄၅ ခုႏွစ္မွာေတာ့ ဂ်ာမန္ေတြ စစ္႐ံႈးလာခ်ိန္မွာ ေျမေအာက္ခံကတုတ္တခုမွာ သူ႔ကိုယ္သူ သတ္ေသခဲ့တာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................




နာဇီဂျာမန်ခေါင်းဆောင်ဟောင်း အဒေ့ါဖ် ဟစ်တလာ (Adolf Hitler) မွေးဖွားရာနေရာကို ခေတ်သစ်နာရီတွေရဲ့ သူရဲကောင်းဗိမာန် နေရာတခု ဖြစ်မလာစေဖို့ ရည်ရွယ်ပြီး မူရင်း ပုဂ္ဂလိကပိုင်ရှင် လက်ထဲကနေ သိမ်းဆည်းနိုင်မယ့် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ သြစတြီးယားနိုင်ငံက စဉ်းစားနေပါတယ်။

ဥပဒေတရပ် ပြဌာန်းနိုင်မယ်ဆိုရင် - Braunau am Inn မြို့မှာရှိတဲ့ အိမ်ကို ပိုင်ရှင်လက်ကနေ လျော်ကြေးပေး သိမ်းယူနိုင်မှာ ဖြစ်တယ်လို့လည်း သြစတြီးယား ပြည်ထဲရေးဝန်ကြီးက စနေနေ့မှာ ပြောဆိုခဲ့တာပါ။

ဒီအဆောက်အဦးကို ရာစုနှစ်တခုကျော်ကြာ ဒေသခံမိသားစုတစုက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး၊ အစိုးရကို ပြန်ရောက်ဖို့ ငြင်းဆန်နေသလို၊ အဆောက်အဦးကို ပြုပြင်မွမ်းမံဖို့ကိုလည်း လက်မခံဘဲ ငြင်းဆန်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ - ဒီအဆောက်အဦးမှာ ဘယ်သူမှ မနေကြပါဘူး။

မြို့ရဲ့ သမိုင်းဝင်နေရာတခုအဖြစ်နဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့အတွက်လည်း အိမ်ကို ဖျက်ပစ်လို့ မရဘဲဖြစ်နေရတာ ဖြစ်ပါတယ်။ ဒေသခံတွေကြား မှာတော့ ဒီနေရာကို ဘာလုပ်သင့်သလဲဆိုတဲ့အပေါ် အမြင်အမျိုးမျိုး ကွဲနေကြတာလည်းဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ပြတိုက် ဆောက်သင့်တယ်လို့ ယူဆသူတွေရှိသလို၊ ဒုက္ခိတတွေအတွက် စင်တာတခု ဖွင့်သင့်တယ်လို့ မြင်သူတွေလည်း ရှိကြပါတယ်။

ဒါ့အပြင် ဒီနေရာဟာ - ဟစ်တလာရဲ့ ဧပြီလ ၂၀ ရက်နေ့ မွေးနေ့ရောက်တိုင်း ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နေရာတခု လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျူးလူမျိုးတွေ၊ ပိုလန်နိုင်ငံသားတွေ၊ ခြေသလုံးအိမ်တိုင် လျှောက်သွားသူတွေနဲ့ လိင်တူချင်း ဆုံမက်သူတွေကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဂျာမန်စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် ဟစ်တလာက နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာတော့ ဂျာမန်တွေ စစ်ရှုံးလာချိန်မှာ မြေအောက်ခံကတုတ်တခုမှာ သူ့ကိုယ်သူ သတ်သေခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment