ပရင့္စ္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသေၾကာင္း အေထာက္အထား မေတြ႕ရ

 ပရင့္စ္ ေသဆုံး ခဲ့ရတဲ့ အေၾကာင္းအရင္း ကို ေဖာ္ထုတ္ နိုင္ဖို႔ သီတင္းပတ္ အခ်ိဳ႕ ၾကာေအာင္ အခ်ိန္ယူ ရဦးမွာ ျဖစ္။
ၾကာသာပေတး ေန႔က ႐ုတ္တရက္ ကြယ္လြန္ သြားခဲ့တဲ့ အေမရိကန္ အဆိုေတာ္ ပရင့္စ္ ရဲ့ ႐ုပ္အေလာင္းကို မွုခင္း ဆိုင္ရာ ေရာဂေဗဒ ဆရာဝန္ တစ္ဦးက ရင္ခြဲ စစ္ေဆး ခဲ့ၿပီ ျဖစ္ပါတယ္။

စစ္ေဆးမွုအရ ပရင့္စ္ရဲ့ ခႏၶာကိုယ္မွာ အျပင္းအထန္ ထိခိုက္ ထားတာမ်ိဳး ထင္ထင္ရွားရွား မေတြ႕ရသလို၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတယ္ လို႔ ေျပာ နိုင္ေလာက္တဲ့ အေထာက္ အထား မ်ိဳးလည္း မရွိဘူးလို႔ ဆိုပါတယ္။

ဒါေပမယ့္ ပရင့္စ္ ေသဆုံး ခဲ့ရတဲ့ အေၾကာင္းအရင္း ကို ေဖာ္ထုတ္ နိုင္ဖို႔ သီတင္းပတ္ အခ်ိဳ႕ ၾကာေအာင္ အခ်ိန္ယူ ရဦးမွာ ျဖစ္ၿပီး တကယ္လို႔ လိုအပ္ လာရင္လည္း ဓာတု အဆိပ္သင့္ခဲ့ သလား ဆိုတာ သိရေအာင္ အျပည့္အဝ စမ္းစစ္ ၾကမွာ ျဖစ္တယ္လို႔ မီနီအားပူးလစ္ ၿမိဳ႕ သက္ဆိုင္ရာ အာဏာပိုင္ေတြ က ေျပာပါတယ္။

လန္ဒန္ ၿမိဳ႕ မွာ ေရာက္ေနတဲ့ အေမရိကန္ သမၼတ အိုဘားမားက လည္း သတင္းစာ ရွင္းလင္းပြဲ မွာ ပရင့္စ္ ေသဆုံး သြားတာ အင္မတန္ ႀကီးမားတဲ့ ဆုံးရွုံးမွု ျဖစ္တယ္ လို႔ ထည့္သြင္း ေျပာဆို ခဲ့သလို၊ ေသာၾကာေန႔ ဘာအလုပ္မွ စမလုပ္ေသးခင္ ပရင့္စ္ ရဲ့ နာမည္ႀကီး သီခ်င္းေတြ ျဖစ္တဲ့ Purple Rain နဲ႔ Delirious တို႔ကို နားေထာင္ ခဲ့တယ္ လို႔ ဆိုပါတယ္။

ပရင့္စ္ ရဲ့ ပရိသတ္ ေတြ ကေတာ့ မီနီအားပူးလစ္ ၿမိဳ႕က ပရင့္စ္ ရဲ့ ေနအိမ္ အေရွ႕မွာ စုေဝး ေနၾက ျပန္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

................................................


 ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်။
ကြာသာပတေး နေ့က ရုတ်တရက် ကွယ်လွန် သွားခဲ့တဲ့ အမေရိကန် အဆိုတော် ပရင့်စ် ရဲ့ ရုပ်အလောင်းကို မှုခင်း ဆိုင်ရာ ရောဂဗေဒ ဆရာဝန် တစ်ဦးက ရင်ခွဲ စစ်ဆေး ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ဆေးမှုအရ ပရင့်စ်ရဲ့ ခန္ဓာကိုယ်မှာ အပြင်းအထန် ထိခိုက် ထားတာမျိုး ထင်ထင်ရှားရှား မတွေ့ရသလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် လို့ ပြော နိုင်လောက်တဲ့ အထောက် အထား မျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်ပြီး တကယ်လို့ လိုအပ် လာရင်လည်း ဓာတု အဆိပ်သင့်ခဲ့ သလား ဆိုတာ သိရအောင် အပြည့်အဝ စမ်းစစ် ကြမှာ ဖြစ်တယ်လို့ မီနီအားပူးလစ် မြို့ သက်ဆိုင်ရာ အာဏာပိုင်တွေ က ပြောပါတယ်။

လန်ဒန် မြို့ မှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမားက လည်း သတင်းစာ ရှင်းလင်းပွဲ မှာ ပရင့်စ် သေဆုံး သွားတာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ် လို့ ထည့်သွင်း ပြောဆို ခဲ့သလို၊ သောကြာနေ့ ဘာအလုပ်မှ စမလုပ်သေးခင် ပရင့်စ် ရဲ့ နာမည်ကြီး သီချင်းတွေ ဖြစ်တဲ့ Purple Rain နဲ့ Delirious တို့ကို နားထောင် ခဲ့တယ် လို့ ဆိုပါတယ်။

ပရင့်စ် ရဲ့ ပရိသတ် တွေ ကတော့ မီနီအားပူးလစ် မြို့က ပရင့်စ် ရဲ့ နေအိမ် အရှေ့မှာ စုဝေး နေကြ ပြန်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment