ရွိတ္စပီးယား ကြယ္လြန္ျခင္းႏွစ္ ၄၀၀ ျပည့္ပြဲ က်င္းပ



ဧၿပီ ၂၄ 
တစ္ကမၻာလံုးက လူေတြဟာ စေနေန႔ (ဧၿပီ ၂၃) မွာက်ေရာက္တဲ့ ကဗ်ာစာဆုိႀကီး ရွိတ္စပီးယား ကြယ္လြန္ျခင္း ႏွစ္ ၄၀၀ ျပည့္အထိမ္းအမွတ္အျဖစ္ ျပဇာတ္ကျပျခင္း၊ ကခုန္နဲ႔ မီးရွဴးမီးပန္းေတြ ပစ္ေဖာက္ျခင္းကုိ ၾကည့္ရႈဖို႔အတြက္ ၀ီလ်ံရွိတ္စပီးယားရဲ႕ ဇာတိၿမိဳ႕ကို ေရာက္လာၾကပါတယ္။
စထရတ္ဖုိ႔-အပြန္-ေအဗြန္ၿမိဳ႕ကို လူ ၁၀၀၀၀ ေလာက္ေရာက္လာၿပီး နယူးေအာ္လင္းဂ်က္ဇ္ဂီတအဖြဲ႕တစ္ဖြဲ႕ရဲ႕ ခ်ီတက္ပြဲကို အဂၤလိပ္ဘာသာစကားရဲ႕ေရွးအက်ဆံုးျပဇာတ္ေရးဆရာႀကီး ရွိတ္စပီးယားရုပ္ပံုမ်က္ႏွာဖံုးေတြကို တပ္ဆင္သူေတြနဲ႔အတူ ၾကည့္ရႈနားဆင္ခဲ့ပါတယ္။
လန္ဒန္မွာ အေမရိကန္သမၼတ ဘာရက္အိုဘားမားက ရွိတ္စပီးယားရဲ႕ ဂလုတ္ဇာတ္ရံုအတုိင္း ပံုတူတည္ေဆာက္ထားတဲ့ဇာတ္ရံုကုိ လာေရာက္ၿပီး ေလဟာျပင္ထဲက စင္ျမင့္မွာ တင္ဆက္တဲ့ ဟမ္းမလက္ျပဇာတ္ကို ၾကည့္ရႈခဲ့ပါတယ္။
ၿဗိတိန္မွာ နာမည္အႀကီးဆံုးသရုပ္ေဆာင္တခ်ိဳ႕ဟာလည္း စထရတ္ဖုိ႔မွာရွိတဲ့ ေတာ္၀င္ရွိတ္စပီးယားဇာတ္ရံုကုိ တဖြဲဖြဲေရာက္လာၾကပါတယ္။ အဆုိပါဇာတ္ရံုဟာ ကဗ်ာစာဆုိႀကီးရဲ႕ သခ်ၤ ိဳင္းဂူနဲ႔ တစ္ကိီလုိမီတာအကြာခန္႔မွာ ရွိပါတယ္။
ရွိတ္စပီးယားရဲ႕ နာမည္အႀကီးဆံုးလက္ရာေတြကုိ ကျပတင္ဆက္မယ့္ တုိက္ရုိက္ထုတ္လႊင့္မႈအစီအစဥ္ကုိ ၿဗိတိန္နဲ႔ ဥေရာပတလႊားက ရုပ္ရွင္ရံုေတြမွာ ျပသခဲ့ပါတယ္။
ၿဗိတိသွ်နန္းေမြခံ ခ်ားလ္စ္မင္းသားဟာ စေနေန႔ျပဇာတ္အတြက္ ေတာ္၀င္ခန္းကေန ၾကည့္ရႈခဲ့ပါတယ္။ အေစာပုိင္းက သူဟာ ဟုိလီထရီနစ္တီဘုရားေက်ာင္းမွာရွိတဲ့ ရွိတ္စပီးယားသခ်ၤ ိဳင္းမွာ လြမး္သူ႔ပန္းေခြခ်ခဲ့ပါတယ္။
ကဗ်ာစာဆုိႀကီး ေမြးဖြားရာနဲ႔ ေခါငး္ခ်ရာျဖစ္တဲ့ စထရတ္ဖို႔ၿမိဳ႕မွာ ေရွးေဘာင္းဘီပံုစံအမ်ိဳးမ်ိဳး၊ ၁၆ ၇ာစုက ေခါက္တြန္႔လည္ခြံ၀ုိင္းန႔ဲ ခါး၀တ္တန္ဆာေတြကုိ ၀တ္ဆင္ထားတဲ့ အႏုပညာ၇ွင္ေတြ ခ်ီတက္တဲ့၇က္တစ္၇က္အျဖစ္ သတ္မွတ္က်င္းပခဲ့ပါတယ္။
ဘာသာျပန္ - စုျပည့္စံု
Ref: AFP, Apr 24th
Kumudra

..................................................


ရှိတ်စပီးယား ကွယ်လွန်ခြင်းနှစ် ၄၀၀ ပြည့်ပွဲ ကျင်းပ

ဧပြီ ၂၄ 
တစ်ကမ္ဘာလုံးက လူတွေဟာ စနေနေ့ (ဧပြီ ၂၃) မှာကျရောက်တဲ့ ကဗျာစာဆိုကြီး ရှိတ်စပီးယား ကွယ်လွန်ခြင်း နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြဇာတ်ကပြခြင်း၊ ကခုန်နဲ့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခြင်းကို ကြည့်ရှုဖို့အတွက် ၀ီလျံရှိတ်စပီးယားရဲ့ ဇာတိမြို့ကို ရောက်လာကြပါတယ်။
စထရတ်ဖို့-အပွန်-အေဗွန်မြို့ကို လူ ၁၀၀၀၀ လောက်ရောက်လာပြီး နယူးအော်လင်းဂျက်ဇ်ဂီတအဖွဲ့တစ်ဖွဲ့ရဲ့ ချီတက်ပွဲကို အင်္ဂလိပ်ဘာသာစကားရဲ့ရှေးအကျဆုံးပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယားရုပ်ပုံမျက်နှာဖုံးတွေကို တပ်ဆင်သူတွေနဲ့အတူ ကြည့်ရှုနားဆင်ခဲ့ပါတယ်။
လန်ဒန်မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရှိတ်စပီးယားရဲ့ ဂလုတ်ဇာတ်ရုံအတိုင်း ပုံတူတည်ဆောက်ထားတဲ့ဇာတ်ရုံကို လာရောက်ပြီး လေဟာပြင်ထဲက စင်မြင့်မှာ တင်ဆက်တဲ့ ဟမ်းမလက်ပြဇာတ်ကို ကြည့်ရှုခဲ့ပါတယ်။
ဗြိတိန်မှာ နာမည်အကြီးဆုံးသရုပ်ဆောင်တချို့ဟာလည်း စထရတ်ဖို့မှာရှိတဲ့ တော်ဝင်ရှိတ်စပီးယားဇာတ်ရုံကို တဖွဲဖွဲရောက်လာကြပါတယ်။ အဆိုပါဇာတ်ရုံဟာ ကဗျာစာဆိုကြီးရဲ့ သချင်္ ိုင်းဂူနဲ့ တစ်ကိီလိုမီတာအကွာခန့်မှာ ရှိပါတယ်။
ရှိတ်စပီးယားရဲ့ နာမည်အကြီးဆုံးလက်ရာတွေကို ကပြတင်ဆက်မယ့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ဗြိတိန်နဲ့ ဥရောပတလွှားက ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပါတယ်။
ဗြိတိသျှနန်းမွေခံ ချားလ်စ်မင်းသားဟာ စနေနေ့ပြဇာတ်အတွက် တော်ဝင်ခန်းကနေ ကြည့်ရှုခဲ့ပါတယ်။ အစောပိုင်းက သူဟာ ဟိုလီထရီနစ်တီဘုရားကျောင်းမှာရှိတဲ့ ရှိတ်စပီးယားသချင်္ ိုင်းမှာ လွမး်သူ့ပန်းခွေချခဲ့ပါတယ်။
ကဗျာစာဆိုကြီး မွေးဖွားရာနဲ့ ခေါငး်ချရာဖြစ်တဲ့ စထရတ်ဖို့မြို့မှာ ရှေးဘောင်းဘီပုံစံအမျိုးမျိုး၊ ၁၆ ရာစုက ခေါက်တွန့်လည်ခွံဝိုင်းနဲ့ ခါးဝတ်တန်ဆာတွေကို ၀တ်ဆင်ထားတဲ့ အနုပညာရှင်တွေ ချီတက်တဲ့ရက်တစ်ရက်အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AFP, Apr 24th
Kumudra

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment