အီဂ်စ္ကို ျပင္သစ္လက္နက္ေရာင္း


လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ ေ၀ဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနေပမဲ့လည္း လံုၿခံဳေရးပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ဖို႔နဲ႔ လက္နက္အေရာင္းအ၀ယ္ သေဘာတူညီခ်က္ေတြ ရရွိႏုိင္ဖို႔ ရည္ရြယ္ၿပီး ျပင္သစ္သမၼတ Francois Hollande အီဂ်စ္ႏုိင္ငံကုိ တနဂၤေႏြေန႔ သြားေရာက္မွာ ျဖစ္ပါတယ္။

သမၼတ ေအာ္လန္းဒ္ရဲ႕ အီဂ်စ္ႏုိင္ငံ ကိုင္႐ိုၿမိဳ႕ေတာ္ခရီးစဥ္ဟာ - လက္ဘႏြန္ႏိုင္ငံမွာ စေနေန႔ကစတင္ၿပီး၊ အဂၤါေန႔ ေဂ်ာ္ဒန္ႏုိင္ငံမွာ အဆံုးသတ္မယ့္ ၄ ရက္ၾကာ အေရွ႕အလယ္ပိုင္းခရီးစဥ္ရဲ႕ တစိတ္တပုိင္းလည္းျဖစ္ပါတယ္။ ခရီးစဥ္ေတြအတြင္း - အီရတ္၊ ဆီးရီးယားနဲ႔ လစ္ဗ်ားႏုိင္ငံေတြက အၾကမ္းဖက္မႈနဲ႔ မတည္ၿငိမ္မႈ အေျခအေနေတြကအစ၊ ဒုကၡသည္အေရး၊ ကာလၾကာရွည္ျဖစ္ပြားေနတဲ့ အစၥေရးလ္-ပါလက္စတုိင္း ပဋိပကၡေတြအဆုံး အျပန္အလွန္ စိုးရိမ္စရာ ကိစၥရပ္ေတြကိုလည္း အာရပ္မဟာမိတ္ေတြနဲ႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

တနလၤာေန႔က်ရင္ေတာ့ - ျပင္သစ္သမၼတ ေအာ္လန္းဒ္ နဲ႔ အီဂ်စ္သမၼတ Abdel-Fatah el-Sissi တို႔ႏွစ္ဦးဟာ ျပင္သစ္ႏုိင္ငံထုတ္ စစ္တပ္သံုး ၿဂိဳဟ္တုဆက္သြယ္ေရးစနစ္ အပါအ၀င္ ေဒၚလာ ၁.၁ ဘီလီယံနီးပါး တန္ဖိုးရွိတဲ့ လက္နက္ေတြကုိ အီဂ်စ္ႏုိင္ငံက ၀ယ္ယူမယ့္ သေဘာတူစာခ်ဳပ္ေတြ လက္မွတ္ေရးထုိးမယ့္ အခမ္းအနားကုိ တက္ေရာက္မွာ ျဖစ္တယ္လုိ႔လည္း ျပင္သစ္ႏုိင္ငံက La Tribune အင္တာနက္ ၀ပ္ဆုိဒ္မွာ ေဖာ္ျပထားပါတယ္။

အခုေနာက္ဆုံး လက္နက္အေရာင္းအ၀ယ္ သေဘာတူညီခ်က္ေၾကာင့္ အီဂ်စ္ႏုိင္ငံကုိ လက္နက္ေရာင္းခ်ရာမွာ အေမရိကန္ထက္ ေက်ာ္လြန္ၿပီး ျပင္သစ္ႏုိင္ငံက ထိပ္တန္းေရာက္လာသလုိ၊ ျပင္သစ္ႏုိင္ငံရဲ႕ ဘ႑ာေရးလုိအပ္ခ်က္ကုိလည္း ျဖည့္ဆည္းႏုိင္ခဲ့ေၾကာင္းလည္း ပဲရစ္အေျခစုိက္ ကာကြယ္ေရးဆုိင္ရာ သတင္းေထာက္ Pierre Tran ကေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................


လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ လက်နက်အရောင်းအဝယ် သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြင်သစ်သမ္မတ Francois Hollande အီဂျစ်နိုင်ငံကို တနင်္ဂနွေနေ့ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အော်လန်းဒ်ရဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ခရီးစဉ်ဟာ - လက်ဘနွန်နိုင်ငံမှာ စနေနေ့ကစတင်ပြီး၊ အင်္ဂါနေ့ ဂျော်ဒန်နိုင်ငံမှာ အဆုံးသတ်မယ့် ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ခရီးစဉ်တွေအတွင်း - အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတွေက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု အခြေအနေတွေကအစ၊ ဒုက္ခသည်အရေး၊ ကာလကြာရှည်ဖြစ်ပွားနေတဲ့ အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခတွေအဆုံး အပြန်အလှန် စိုးရိမ်စရာ ကိစ္စရပ်တွေကိုလည်း အာရပ်မဟာမိတ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တနင်္လာနေ့ကျရင်တော့ - ပြင်သစ်သမ္မတ အော်လန်းဒ် နဲ့ အီဂျစ်သမ္မတ Abdel-Fatah el-Sissi တို့နှစ်ဦးဟာ ပြင်သစ်နိုင်ငံထုတ် စစ်တပ်သုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ် အပါအဝင် ဒေါ်လာ ၁.၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေကို အီဂျစ်နိုင်ငံက ၀ယ်ယူမယ့် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်တယ်လို့လည်း ပြင်သစ်နိုင်ငံက La Tribune အင်တာနက် ၀ပ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံး လက်နက်အရောင်းအဝယ် သဘောတူညီချက်ကြောင့် အီဂျစ်နိုင်ငံကို လက်နက်ရောင်းချရာမှာ အမေရိကန်ထက် ကျော်လွန်ပြီး ပြင်သစ်နိုင်ငံက ထိပ်တန်းရောက်လာသလို၊ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ကြောင်းလည်း ပဲရစ်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ သတင်းထောက် Pierre Tran ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment