၁၉ႏွစ္အရြယ္ တရုတ္ေက်ာင္းသူေလး ဆဲလ္ဖီးရိုက္ေနရင္း ရထားတိုက္၍ ပြဲခ်င္းၿပီးေသဆံုး



အမ်ိဳးသမီးငယ္တစ္ဦးသည္ ရထားလမ္းေပၚတြင္ ဆဲလ္ဖီးရိုက္ေသာေၾကာင့္ ရထားတိုက္မိကာပြဲခ်င္းၿပီးေသဆံုးခဲ့မႈ ဧၿပီ ၉ ရက္က တရုတ္ႏိုင္ငံ ဖူဆန္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း China daily သတင္းက ေဖာ္ျပခဲ့ပါတယ္။


အသက္ ၁၉ႏွစ္သာရွိေသးသည့္ အဆိုပါေက်ာင္းသူေလးမွာ ဖူဆန္းေပၚလီတက္ကနစ္တြင္ ပညာသင္ၾကားေနေသာေက်ာင္းသူ တစ္ဦး ျဖစ္ကာ ရထားတုိက္မႈေၾကာင့္ ဦးေခါင္းပိုင္းဆိုးရြားစြာ ထိခိုက္ခဲ့ၿပီး ေသြးထြက္လြန္ကာ ေသဆံုးခဲ့ေၾကာင္း အေရးေပၚ ကယ္ဆယ္ေရး၀န္ထမ္းမ်ားက တရား၀င္ေၾကညာခဲ့ပါတယ္။ အေရးေပၚ၀န္ထမ္းမ်ားမွာ အခင္းျဖစ္ပြားရာေနရာသို႔ ျဖစ္ၿပီးၿပီးျခင္း ၁၀မိနစ္အတြင္းေရာက္ရွိခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

သတင္းမ်ားအရအဆိုပါရထားလမ္းတစ္ေလွ်ာက္ ကီလိုမီတာ ၁၀၀ခန္႔အထိ ႏွင္းဆီပန္းမ်ားပြင့္ေနသည့္ ရႈခင္းက ခရီးသြားမ်ား ကိုမ်ားစြာဖမ္းစားဆြဲေဆာင္လ်က္ရွိတယ္လို႔ဆုိပါတယ္။ ခရီးသည္အမ်ားစုမွာရထားလမ္းနံေဘးခပ္လွမ္းလွမ္းတြင္ ဓာတ္ပံုမ်ား ကိုရုိက္ကူးၾကေသာ္လည္းအဆိုပါ အမ်ိဳးသမီးငယ္မွာရထားလမ္းေပၚသို႔ တက္ကာဓာတ္ပံုရုိက္ေနတယ္လို႔ မ်က္ျမင္သက္ေသမ်ား ကေျပာပါတယ္။ရထားလာခ်ိန္မွာအဆိုပါ အမ်ိဳးသမီးကို လူအမ်ားကေအာ္ဟစ္သတိေပးၾကေသာ္လည္း ၾကားဟန္မတူဘူးလို႔ အခ်ိဳ႕ေသာမ်က္ျမင္သက္ေသမ်ားကဆုိပါတယ္။

အဆိုပါျဖစ္ရပ္ႏွင့္ပက္သက္၍ေသဆံုးသြားေသာအမ်ိဳးသမီးငယ္ေလးကုိ လူမႈကြန္ရက္မ်ားေပၚမွာ အမ်ိဳးမ်ိဳးေ၀ဖန္ေျပာဆိုလ်က္ရွိပါတယ္။

ZM (China.com)
china.com Myanmar
https://www.facebook.com/china.com.mm/

........................................




အမျိုးသမီးငယ်တစ်ဦးသည် ရထားလမ်းပေါ်တွင် ဆဲလ်ဖီးရိုက်သောကြောင့် ရထားတိုက်မိကာပွဲချင်းပြီးသေဆုံးခဲ့မှု ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ဖူဆန်းတွင် ဖြစ်ပွားခဲ့ကြောင်း China daily သတင်းက ဖော်ပြခဲ့ပါတယ်။



အသက် ၁၉နှစ်သာရှိသေးသည့် အဆိုပါကျောင်းသူလေးမှာ ဖူဆန်းပေါ်လီတက်ကနစ်တွင် ပညာသင်ကြားနေသောကျောင်းသူ တစ်ဦး ဖြစ်ကာ ရထားတိုက်မှုကြောင့် ဦးခေါင်းပိုင်းဆိုးရွားစွာ ထိခိုက်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက တရားဝင်ကြေညာခဲ့ပါတယ်။ အရေးပေါ်ဝန်ထမ်းများမှာ အခင်းဖြစ်ပွားရာနေရာသို့ ဖြစ်ပြီးပြီးခြင်း ၁၀မိနစ်အတွင်းရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


သတင်းများအရအဆိုပါရထားလမ်းတစ်လျှောက် ကီလိုမီတာ ၁၀၀ခန့်အထိ နှင်းဆီပန်းများပွင့်နေသည့် ရှုခင်းက ခရီးသွားများ ကိုများစွာဖမ်းစားဆွဲဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။ ခရီးသည်အများစုမှာရထားလမ်းနံဘေးခပ်လှမ်းလှမ်းတွင် ဓာတ်ပုံများ ကိုရိုက်ကူးကြသော်လည်းအဆိုပါ အမျိုးသမီးငယ်မှာရထားလမ်းပေါ်သို့ တက်ကာဓာတ်ပုံရိုက်နေတယ်လို့ မျက်မြင်သက်သေများ ကပြောပါတယ်။ရထားလာချိန်မှာအဆိုပါ အမျိုးသမီးကို လူအများကအော်ဟစ်သတိပေးကြသော်လည်း ကြားဟန်မတူဘူးလို့ အချို့သောမျက်မြင်သက်သေများကဆိုပါတယ်။


အဆိုပါဖြစ်ရပ်နှင့်ပက်သက်၍သေဆုံးသွားသောအမျိုးသမီးငယ်လေးကို လူမှုကွန်ရက်များပေါ်မှာ အမျိုးမျိုးဝေဖန်ပြောဆိုလျက်ရှိပါတယ်။

ZM (China.com)
china.com Myanmar
https://www.facebook.com/china.com.mm/

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment