ေကာ့စ္စတာ ရီကာတြင္ ခရီးသည္တင္ ရထား ေခါင္းခ်င္းဆိုင္ တိုက္မိ၍ အနည္းဆံုး လူ ၁၀၆ ဦး ဒဏ္ရာ ရရွိ

ေကာ့စ္စတာ ရီကာ တြင္ေခါင္းခ်င္းဆိုင္ တိုက္မိခဲ့သည့္ ခရီးသည္တင္ ရထား ႏွစ္စင္းအား ေတြ႕ရစဥ္ (ဆင္ဟြာ)
    ေကာ့စ္စတာ ရီကာ ၊ ဧၿပီ ၈ ရက္ (ဆင္ဟြာ)

    ေကာ့စ္စတာ ရီကာႏိုင္ငံ ၿမိဳ႕ေတာ္ San Jose  တြင္ ဧၿပီလ ၈ ရက္ နံနက္ပိုင္းက ခရီးသည္တင္ ရထား ႏွစ္စင္း ေခါင္းခ်င္းဆိုင္ တုိုက္မိမႈေၾကာင့္ အနည္းဆံုး လူ ၁၀၆ ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း ျပည္တြင္း မီဒီယာမ်ားက ဆိုသည္။

အင္ဂ်င္နီယာ ႏွစ္ဦးႏွင့္ လက္ေထာက္ ႏွစ္ဦး အပါအဝင္ လူနာ ငါးဦးသည္ အေျခအေန စိုးရိမ္ရၿပီး နီးစပ္ရာ ေဆးရံုသို႔ ပို႔ေဆာင္ ေပးထားေၾကာင္း ေကာ့စ္စတာ ရီကာ ေန႔စဥ္ သတင္းစာ La Nacion က ေဖာ္ျပခဲ့သည္။ လူ ၄၁ ဦးမွာ ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့ၿပီး ၃၁ ဦးမွာ အေျခအေန ေကာင္းမြန္ေၾကာင္း သိရသည္။

အဆိုပါ ရထား ေခါင္းခ်င္းဆိုင္ တိုက္မိမႈသည္ ေဒသစံေတာ္ခ်ိန္ နံနက္ ၆း၃၀ နာရီတြင္ San Jose ၿမိဳ႕ အေနာက္ဘက္ Pavas ေဒသတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com

....................................


ကော့စ်စတာ ရီကာ တွင်ခေါင်းချင်းဆိုင် တိုက်မိခဲ့သည့် ခရီးသည်တင် ရထား နှစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)
    ကော့စ်စတာ ရီကာ ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

    ကော့စ်စတာ ရီကာနိုင်ငံ မြို့တော် San Jose  တွင် ဧပြီလ ၈ ရက် နံနက်ပိုင်းက ခရီးသည်တင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုုက်မိမှုကြောင့် အနည်းဆုံး လူ ၁၀၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဆိုသည်။

အင်ဂျင်နီယာ နှစ်ဦးနှင့် လက်ထောက် နှစ်ဦး အပါအဝင် လူနာ ငါးဦးသည် အခြေအနေ စိုးရိမ်ရပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း ကော့စ်စတာ ရီကာ နေ့စဉ် သတင်းစာ La Nacion က ဖော်ပြခဲ့သည်။ လူ ၄၁ ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ၃၁ ဦးမှာ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

အဆိုပါ ရထား ခေါင်းချင်းဆိုင် တိုက်မိမှုသည် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် San Jose မြို့ အနောက်ဘက် Pavas ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment