အာဖဂန္ တပ္ဖြဲ ့ဝင္မ်ား ညစစ္ဆင္ေရးျဖင့္ တာလီဘန္ ေခါင္းေဆာင္ကို ဖမ္းဆီးရမိ

အာဖဂန္ အထူး တပ္ဖြဲ႔ဝင္မ်ား ညစစ္ဆင္ေရး ျပဳလုပ္ေနပံုအား သရုပ္ျပေနစဥ္ ( ဓာတ္ပံု - အင္တာနက္ )
    ကဘူး ၊ ဧၿပီ ၁၈ ရက္ ( ဆင္ဟြာ )

    အာဖဂန္ နစၥတန္ ႏုိင္ငံေတာင္ပုိင္းရွိ ကန္ဒါဟာ ( Kandahar ) ျပည္နယ္၌ ၂ဝ၁၆ ခုႏွစ္ ၊ ဧၿပီလ ၁၇ ရက္ ည က ျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရးတြင္ ေဒသတြင္း တာလီဘန္ ေခါင္းေဆာင္ တစ္ဦးကုိ ဖမ္းဆီး ရမိခဲ့ေၾကာင္း အာဖဂန္ နစၥတန္ႏုိင္ငံ ကာကြယ္ေရး ဝန္ႀကီးဌာန က သတင္းထုတ္ျပန္သည္။

“ အာဖဂန္ အမ်ိဳးသားတပ္ဖြဲ ့ရဲ ့အထူးတပ္ဖြဲ ့ဝင္ေတြဟာ တာလီဘန္ေခါင္းေဆာင္ ခုိေအာင္းေနတဲ့ Khakrez ခရုိင္ကုိ ညဘက္ စစ္ဆင္ေရး လုပ္ခဲ့ၿပီး ဝရမ္းေျပး တာလီဘန္ ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ Mullah Khakifa နဲ ့သူ ့ေနာက္လုိက္ တစ္ဦးကုိ လက္ရ ဖမ္းဆီးႏုိင္ခဲ့တယ္ ” ဟု ကာကြယ္ေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အာဖဂန္ နစၥတန္ႏုိင္ငံ ၿမိဳ ့ေတာ္ ကဘူးလ္ၿမိဳ႕၏ ေတာင္ဖက္ ကီလုိမီတာ ၄၅ဝ အကြာတြင္ တည္ရွိသည့္ ကန္ဒါဟာ ျပည္နယ္ ၿမိဳ႕ေတာ္တြင္ ဝရမ္းေျပးမႈျဖင့္ အလုိရွိေနသည့္ တာလီဘန္ ေခါင္းေဆာင္ကုိ လံုျခံဳေရး တပ္ဖြဲ ့ဝင္မ်ားက လက္ရ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။ အဆုိပါ ျပည္နယ္သည္ တာလီဘန္ တပ္ဖြဲ ့ဝင္မ်ား ခုိင္ခုိင္မာမာ ေျခကုတ္ယူထားေသာ ျပည္နယ္ တစ္ခုျဖစ္သလုိ ဘိန္းစုိက္ပ်ိဳးမႈေၾကာင့္ နာမည္ဆုိးျဖင့္ ေက်ာ္ၾကားေနေသာ ျပည္နယ္ တစ္ခုလည္း ျဖစ္သည္။

တာလီဘန္ စစ္ေသြးၾကြမ်ားက“ Omari စစ္ဆင္ေရး” ဟု အမည္ေပးထားေသာ ႏုိင္ငံ အႏွံ ့တုိက္ခုိက္မႈမ်ား  စတင္မည့္ ၂ဝ၁၆ ခုႏွစ္ ဧၿပီ ၁၂ ရက္ကတည္းက အာဖဂန္ လံုျခံဳေရး တပ္ဖြဲ ့ဝင္မ်ားသည္ ႏုိင္ငံအတြင္း လံုျခံဳေရး တုိးျမႇင့္ထားသည္။ Mullah Khakifa အဖမ္းခံရသည့္ သတင္းႏွင့္ ပတ္သက္ၿပီး စစ္ေသြးၾကြမ်ား ဖက္က မွတ္ခ်က္ျပဳ ေျပာဆုိျခင္း မရွိပါ။ 

( Xinhua )
http://www.xinhuamyanmar.com

................................................


အာဖဂန် အထူး တပ်ဖွဲ့ဝင်များ ညစစ်ဆင်ရေး ပြုလုပ်နေပုံအား သရုပ်ပြနေစဉ် ( ဓာတ်ပုံ - အင်တာနက် )
    ကဘူး ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

    အာဖဂန် နစ္စတန် နိုင်ငံတောင်ပိုင်းရှိ ကန်ဒါဟာ ( Kandahar ) ပြည်နယ်၌ ၂ဝ၁၆ ခုနှစ် ၊ ဧပြီလ ၁၇ ရက် ည က ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဒေသတွင်း တာလီဘန် ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

“ အာဖဂန် အမျိုးသားတပ်ဖွဲ ့ရဲ ့အထူးတပ်ဖွဲ ့ဝင်တွေဟာ တာလီဘန်ခေါင်းဆောင် ခိုအောင်းနေတဲ့ Khakrez ခရိုင်ကို ညဘက် စစ်ဆင်ရေး လုပ်ခဲ့ပြီး ဝရမ်းပြေး တာလီဘန် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Mullah Khakifa နဲ ့သူ ့နောက်လိုက် တစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့တယ် ” ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဖဂန် နစ္စတန်နိုင်ငံ မြို ့တော် ကဘူးလ်မြို့၏ တောင်ဖက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိသည့် ကန်ဒါဟာ ပြည်နယ် မြို့တော်တွင် ဝရမ်းပြေးမှုဖြင့် အလိုရှိနေသည့် တာလီဘန် ခေါင်းဆောင်ကို လုံခြုံရေး တပ်ဖွဲ ့ဝင်များက လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်သည် တာလီဘန် တပ်ဖွဲ ့ဝင်များ ခိုင်ခိုင်မာမာ ခြေကုတ်ယူထားသော ပြည်နယ် တစ်ခုဖြစ်သလို ဘိန်းစိုက်ပျိုးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပြည်နယ် တစ်ခုလည်း ဖြစ်သည်။

တာလီဘန် စစ်သွေးကြွများက“ Omari စစ်ဆင်ရေး” ဟု အမည်ပေးထားသော နိုင်ငံ အနှံ ့တိုက်ခိုက်မှုများ  စတင်မည့် ၂ဝ၁၆ ခုနှစ် ဧပြီ ၁၂ ရက်ကတည်းက အာဖဂန် လုံခြံုရေး တပ်ဖွဲ ့ဝင်များသည် နိုင်ငံအတွင်း လုံခြံုရေး တိုးမြှင့်ထားသည်။ Mullah Khakifa အဖမ်းခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်သွေးကြွများ ဖက်က မှတ်ချက်ပြု ပြောဆိုခြင်း မရှိပါ။

( Xinhua )
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment