ျမန္မာနဲ႔ အိႏၵိယကုိ တုိက္ဖုိ႔ IS ေၾကညာခ်က္ ဘဂၤလားေဒ့ရွ္ပယ္ခ်

အိႏၵိယ၊ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာႏိုင္ငံ ျပေျမပံု
ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ စစ္မ်က္ႏွာသစ္ ဖြင့္လွစ္ၿပီး၊ ျမန္မာနဲ႔ အိႏၵိယႏုိင္ငံေတြကုိ တုိက္ခုိက္ဖုိ႔ အဖဲြ႔၀င္ေတြက အရွိန္ျမွင့္ႀကိဳးပမ္းေနတဲ့အေၾကာင္း IS အစၥလာမ္မစ္ အစြန္းေရာက္ အဖဲြ႔ရဲ႕ ေၾကညာခ်က္ကုိ ဘဂၤလားေဒ့္ရွ္ႏုိင္ငံက ပယ္ခ်လုိက္ သလုိ၊ ႏုိင္ငံထဲမွာ IS စစ္ေသြးႂကြအဖဲြ႔ မရွိဘူးလို႔လည္း ေျပာလိုက္ပါတယ္။

IS အဖဲြ႔ရဲ႕ ေနာက္ဆုံးထုတ္ Dabiq မဂၢဇင္းနဲ႔ ေတြ႔ဆုံေမးျမန္းခန္းတခုအတြင္း ဘဂၤလားေဒ့ရွ္ႏုိင္ငံက IS အဖဲြ႔ေခါင္းေဆာင္လုိ႔ဆိုတဲ့ Shaykh Abu Ibrahim al-Hanif က - ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္း တပ္သားသစ္စုေဆာင္းမႈမွာ မူဆလင္ အမ်ားအျပား ပူးေပါင္းလာၾကတဲ့အတြက္ အရွိန္ေကာင္း လာေနတဲ့ အေၾကာင္း ေျပာဆုိခဲ့တာပါ။ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ ပထ၀ီ၀င္ အေနအထားေၾကာင့္ ကာလီဖိတ္ လႈပ္ရွားမႈနဲ႔ ကမာၻတ၀ွမ္း ဂ်ီဟတ္ဘာသာေရးစစ္ ဆင္ႏဲႊရာမွာ မဟာဗ်ဴဟာအရ အေရးပါတယ္လုိ႔လည္း ေျပာဆုိခဲ့ပါတယ္။ ဂ်ီဟတ္ဘာသာေရးစစ္ပဲြအတြက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ အခုိင္အမာ ေျခကုပ္ ယူႏုိင္မယ္ဆုိရင္ အိႏၵိယႏုိင္ငံတြင္းမွာ ေပ်ာက္က်းစစ္ ဆင္ႏႊဲႏုိင္မွာ ျဖစ္သလုိ၊ ျမန္မာႏုိင္ငံမွာ ဂ်ီဟတ္စစ္ပဲြ ဆင္ႏႊဲႏုိင္မယ့္ ေလွကားထစ္ တခု ျဖစ္ႏုိင္တယ္လုိ႔လည္း ေျပာၾကားခဲ့တာပါ။

အင္တာနက္ လူမႈကြန္ယက္ေတြမွာ IS အဖဲြ႔ရဲ႕ ဘဂၤလီဘာသာနဲ႔ စည္း႐ုံးလႈပ္ရွားမႈေတြကုိ မူဆလင္ အမ်ားအျပားက စိတ္၀င္စားလာၾကတဲ့အတြက္ အေျခစုိက္စခန္းတခု ေအာင္ေအာင္ျမင္ျမင္နဲ႔ ထူေထာင္ႏုိင္ခဲ့တာ လုိ႔လည္း ေျပာပါတယ္။

ဒါေပမဲ့လည္း ဘဂၤလားေဒ့ရွ္ျပည္ထဲေရး၀န္ႀကီး Asaduzzaman Khan Kamal ကေတာ့ IS အဖဲြ႔ဟာ မမွန္မကန္၀ါဒျဖန္႔ခ်ီမႈေတြ လုပ္ေနတာသာ ျဖစ္တဲ့ အေၾကာင္း ေျပာဆုိခဲ့တာပါ။ ျပည္ပကေန ထုတ္ျပန္ခဲ့တဲ့ IS အဖဲြ႔ရဲ႕ ေၾကညာခ်က္ကုိ ၾကည့္မယ္ဆုိရင္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံတြင္းမွာ ေျခကုပ္ယူႏုိင္ဖို႔ အသဲ အသန္ႀကိဳးပမ္းေနတယ္ဆုိတာကို ျပသရာ ေရာက္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ IS အဖဲြ႔ဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲမွာ မရွိတာေၾကာင့္ ေၾကညာခ်က္က မမွန္ဘူးလုိ႔လည္း ဒါကာၿမိဳ႕ေတာ္မွာ ေသာၾကာေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ျပည္ထဲေရး၀န္ႀကီး ကမားလ္က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..........................


အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ပြမြေပုံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်မျက်နှာသစ် ဖွင့်လှစ်ပြီး၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေကို တိုက်ခိုက်ဖို့ အဖွဲ့ဝင်တွေက အရှိန်မြှင့်ကြိုးပမ်းနေတဲ့အကြောင်း IS အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံက ပယ်ချလိုက် သလို၊ နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။

IS အဖွဲ့ရဲ့ နောက်ဆုံးထုတ် Dabiq မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက IS အဖွဲ့ခေါင်းဆောင်လို့ဆိုတဲ့ Shaykh Abu Ibrahim al-Hanif က - ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တပ်သားသစ်စုဆောင်းမှုမှာ မူဆလင် အများအပြား ပူးပေါင်းလာကြတဲ့အတွက် အရှိန်ကောင်း လာနေတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထဝီဝင် အနေအထားကြောင့် ကာလီဖိတ် လှုပ်ရှားမှုနဲ့ ကမ္ဘာတဝှမ်း ဂျီဟတ်ဘာသာရေးစစ် ဆင်နွှဲရာမှာ မဟာဗျူဟာအရ အရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဂျီဟတ်ဘာသာရေးစစ်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခိုင်အမာ ခြေကုပ် ယူနိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံတွင်းမှာ ပျောက်ကျးစစ် ဆင်နွှဲနိုင်မှာ ဖြစ်သလို၊ မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲနိုင်မယ့် လှေကားထစ် တခု ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့တာပါ။

အင်တာနက် လူမှုကွန်ယက်တွေမှာ IS အဖွဲ့ရဲ့ ဘင်္ဂလီဘာသာနဲ့ စည်းရုံးလှုပ်ရှားမှုတွေကို မူဆလင် အများအပြားက စိတ်ဝင်စားလာကြတဲ့အတွက် အခြေစိုက်စခန်းတခု အောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ခဲ့တာ လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကတော့ IS အဖွဲ့ဟာ မမှန်မကန်ဝါဒဖြန့်ချီမှုတွေ လုပ်နေတာသာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ပြည်ပကနေ ထုတ်ပြန်ခဲ့တဲ့ IS အဖွဲ့ရဲ့ ကြေညာချက်ကို ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ ခြေကုပ်ယူနိုင်ဖို့ အသဲ အသန်ကြိုးပမ်းနေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မရှိတာကြောင့် ကြေညာချက်က မမှန်ဘူးလို့လည်း ဒါကာမြို့တော်မှာ သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြည်ထဲရေးဝန်ကြီး ကမားလ်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment