လူသားေတြနဲ႔ အျပန္အလွန္စကားေျပာႏိုင္မယ့္ စက္ရုပ္မ ကို တရုတ္ႏိုင္ငံ မိတ္ဆက္






တရုတ္ႏိုင္ငံဟာ လူသားေတြနဲ႔ စကားေျပာဆိုႏိုင္ၿပီး iCloud ကတစ္ဆင့္လည္း အမိန္႔ေပးေစခိုင္းႏိုင္မယ့္ ပထမဆံုး လူသားပံုစံ စက္ရုပ္ကို မိတ္ဆက္ျပသခဲ့ပါတယ္။

လူသားတစ္ေယာက္နဲ႔ ခၽြတ္စြပ္ နီးပါး ဆင္တူ တဲ့ ထိုစက္ရုပ္ကို တည္ေဆာက္ဖို႔အတြက္ ၃ ႏွစ္ခန္႔ အခ်ိန္ယူခဲ့ရတယ္လို႔ သိရပါတယ္။ ထိုမိတ္ဆက္ျပသတဲ့ ဗီဒီယိုထဲမွာေတာ့ ထို အမ်ိဳးသမီး ပံုစံ စက္ရုပ္ဟာ လူသားေတြနဲ႔ အျပန္အလွန္စကား ေျပာႏိုင္ၿပီး သူမ မ်က္ႏွာကို အနီးကပ္ ရိုက္ကူးေနတဲ့ ကင္မရာကိုပင္ တြန္းဖယ္ႏိုင္တဲ့အထိ တံု႔ျပန္မႈေတြ ျပဳလုပ္ႏိုင္ပါတယ္။

သူမကို အနီးကပ္ ရိုက္ကူးေနတဲ့ ကင္မရာကို တြန္းဖယ္ၿပီး မီဒီယာသမားေတြကို “ဒီလို ရႈေထာင့္ကေန ရိုက္ကူးတာဟာ ကၽြန္မမ်က္ႏွာကို ပိုႀကီးမားလာေစတယ္” လို႔လည္း တံု႔ျပန္ေျပာဆိုခဲ့ပါေသးတယ္။

သုေတသီေတြက ထို စက္ရုပ္ကို “ဟယ္လို” လို႔ ႏႈတ္ဆက္တဲ့အခါမွာလည္း ထိုစက္ရုပ္က “ဟုတ္ကဲ့ပါ ၊ သခင္ႀကီး ၊ ဘာမ်ားေဆာင္ရြက္ေပးရမလဲ” လို႔ ျပန္ေျဖတာကိုလည္း ေတြ႔ရပါတယ္။

“လက္ကိုေ၀ွ႔ယမ္းျပပါ” လို႔ ေတာင္းဆိုတဲ့အခါမွာလည္း သူမက ေ၀ွ႕ယမ္းျပႏိုင္ပါတယ္။

သူမကို တီထြင္ခဲ့သူေတြကေတာ့ သူမဟာ လူသားေတြရဲ႕မ်က္ႏွာ အေနအထား ၊ ခႏၶာကိုယ္နဲ႔ ပါးစပ္ လႈပ္ရွားမႈေတြအတိုင္း တစ္ပံုစံတည္းတူညီေအာင္ ပရိုဂရမ္ ေရးဆြဲထားတာ ျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ဒါ့အျပင္သူမဟာ တိမ္တိုက္နည္းပညာ(Cloud Technology) ကို အေျခခံထားတဲ့ ၀န္ေဆာင္မႈ အားလံုးကိုလည္း ေဆာင္ရြက္ႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။

( Mario )

#သစ္ထူးလြင္(နည္းပညာ)  
#technology.thithtoolwin.com

Ref : Mirror

...........................................


လူသားတွေနဲ့ အပြန်အလှန်စကားပြောနိုင်မယ့် စက်ရုပ်မ ကို တရုတ်နိုင်ငံ မိတ်ဆက်

တရုတ်နိုင်ငံဟာ လူသားတွေနဲ့ စကားပြောဆိုနိုင်ပြီး iCloud ကတစ်ဆင့်လည်း အမိန့်ပေးစေခိုင်းနိုင်မယ့် ပထမဆုံး လူသားပုံစံ စက်ရုပ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။

လူသားတစ်ယောက်နဲ့ ချွတ်စွပ် နီးပါး ဆင်တူ တဲ့ ထိုစက်ရုပ်ကို တည်ဆောက်ဖို့အတွက် ၃ နှစ်ခန့် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ထိုမိတ်ဆက်ပြသတဲ့ ဗီဒီယိုထဲမှာတော့ ထို အမျိုးသမီး ပုံစံ စက်ရုပ်ဟာ လူသားတွေနဲ့ အပြန်အလှန်စကား ပြောနိုင်ပြီး သူမ မျက်နှာကို အနီးကပ် ရိုက်ကူးနေတဲ့ ကင်မရာကိုပင် တွန်းဖယ်နိုင်တဲ့အထိ တုံ့ပြန်မှုတွေ ပြုလုပ်နိုင်ပါတယ်။

သူမကို အနီးကပ် ရိုက်ကူးနေတဲ့ ကင်မရာကို တွန်းဖယ်ပြီး မီဒီယာသမားတွေကို “ဒီလို ရှုထောင့်ကနေ ရိုက်ကူးတာဟာ ကျွန်မမျက်နှာကို ပိုကြီးမားလာစေတယ်” လို့လည်း တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။

သုတေသီတွေက ထို စက်ရုပ်ကို “ဟယ်လို” လို့ နှုတ်ဆက်တဲ့အခါမှာလည်း ထိုစက်ရုပ်က “ဟုတ်ကဲ့ပါ ၊ သခင်ကြီး ၊ ဘာများဆောင်ရွက်ပေးရမလဲ” လို့ ပြန်ဖြေတာကိုလည်း တွေ့ရပါတယ်။

“လက်ကိုဝှေ့ယမ်းပြပါ” လို့ တောင်းဆိုတဲ့အခါမှာလည်း သူမက ဝှေ့ယမ်းပြနိုင်ပါတယ်။

သူမကို တီထွင်ခဲ့သူတွေကတော့ သူမဟာ လူသားတွေရဲ့မျက်နှာ အနေအထား ၊ ခန္ဓာကိုယ်နဲ့ ပါးစပ် လှုပ်ရှားမှုတွေအတိုင်း တစ်ပုံစံတည်းတူညီအောင် ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင်သူမဟာ တိမ်တိုက်နည်းပညာ(Cloud Technology) ကို အခြေခံထားတဲ့ ၀န်ဆောင်မှု အားလုံးကိုလည်း ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)  
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment