တကိုယ်တည်း အပျိုကြီးတွေကို တရုတ် အစိုးရ ဖိအားပေး




မိသားစုဝင်တွေကလည်း သမီး မိန်းကလေးတွေ ၂၇ နှစ်ကျော်လို့ အိမ်ထောင် မပြုသေးရင် ဖူးစာရှင် ရှာပေးတဲ့ ဈေးကွက်ကို သွားပြီး


BBC Burmese

..............................................


တရုတ်နိုင်ငံမှာ အသက် ၂၇ နှစ် အထက် အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးတွေကို "sheng nu" လို့ခေါ်ပြီး တနည်းအားဖြင့် မယ်ကျန်ရစ် လို့ အဓိပ္ပါယ်ရပါတယ်။

အရင်က ကျင့်သုံးခဲ့တဲ့ တအိမ်ထောင် ကလေးတယောက်သာ ရှိရမယ် ဆိုတဲ့ မူဝါဒကြောင့် လူဦးရေ လိင်အချိုးအစား မညီမျှတာကို ဖြေရှင်းဖို့ အခုဆိုရင် တရုတ်အစိုးရက တကိုယ်တည်း အပျိုကြီးတွေကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေပါတယ်။

မိသားစုဝင်တွေကလည်း သမီး မိန်းကလေးတွေ ၂၇ နှစ်ကျော်လို့ အိမ်ထောင် မပြုသေးရင် ဖူးစာရှင် ရှာပေးတဲ့ စျေးကွက်ကို သွားပြီး
အပူတပြင်း အိမ်ထောင်ချထားပေးဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

အခုလို ခေတ်ပညာတက် ကိုယ့်အားကိုယ်ကိုးစိတ် ရှိတဲ့ တကိုယ်ရေ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ဖိအားဒဏ် ကြံ့ကြံ့ခံနိုင်ဖို့ ရည်ရွယ်ပြီး ဂျပန်က နာမယ်ကြီး အလှကုန် ကုမ္ပဏီ SK-II က ဗွီဒီယို တခု ဖန်တီးခဲ့ရာမှာ အွန်လိုင်းပေါ်မှာ လူကြိုက်များခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment