New York သမၼတေလာင္း ပဏာမေရြးေကာက္ပြဲ Clinton ႏွင့္ Trump အျပတ္ႏုိင္ေခ်ရွိ



အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္မွာ အဂၤါေန႔ က်င္းပတဲ့ ပါတီတြင္း သမၼတေလာင္း ပဏာမေရြးခ်ယ္ပြဲေတြမွာ ဒီမိုကရက္တစ္ပါတီဘက္က Hillary Clinton နဲ႔   ရီပတ္ဘလစ္ကန္ ပါတီဘက္က Donald Trump တို႔ ႏွစ္ေယာက္ အႀကီးအက်ယ္ အႏုိင္ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားၿပီး ႏွစ္ေယာက္စလုံး သက္ဆုိင္ရာပါတီေတြရဲ႕ သမၼတေလာင္းျဖစ္ေရး လိုအပ္တဲ့ ကုိယ္စားလွယ္ အေရအတြက္ အျပတ္အသတ္ အသာစီး ရသြားလိမ့္မယ္လို႔ တြက္ဆထားၾကပါတယ္။

ေရြးေကာက္ပြဲမတိုင္ခင္ ႀကိဳတင္ေကာက္ခံထားတဲ့ လူထု စစ္တမ္းေတြအရ နယူးေယာက္ေရြးေကာက္ပြဲၿပီး ဟီလာရီ ကလင္တန္ဟာ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ကို ရာခိုင္ႏႈန္း ဆယ္ဂဏန္း ေက်ာ္သြားလိမ့္မယ္လို႔ တြက္ဆထားၾကပါတယ္။ ႏုိင္ငံျခားေရး ၀န္ႀကီးေဟာင္း Hillary Clinton အေနနဲ႔ ပထမဆုံး ဒီမိုကရက္တစ္ပါတီ အမ်ဳိးသမီး သမၼတေလာင္း ျဖစ္လာဖို႔ အခြင့္အေရး ပိုၿပီး နီးစပ္လာၿပီ လို႔ တြက္ဆထားၾကတာျဖစ္ပါတယ္။ အခု အသံလႊင့္ၿပီး နာရီ၀က္အၾကာမွာ မဲရုံေတြ ပိတ္ေတာ့မွာ ျဖစ္ပါတယ္။

သမၼတေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းေရး Hillary Clinton အေနနဲ႔ ကိုယ္စားလွယ္အေရအတြက္ ၁၇၅၈ ေယာက္ ရရွိထားၿပီး၊ Bernie Sanders က ၁၀၇၆ ေယာက္ ရရွိထားပါတယ္။ ဒီမိုကရက္တစ္ပါတီတြင္း သမၼတေလာင္းအျဖစ္ ေရြးခ်ယ္ခံဖို႔ ႏွစ္ေထာင္ သုံးရွစ္ဆယ့္ သုံးေယာက္ လုိအပ္မွာ ျဖစ္ပါတယ္။

ဒီအေတာအတြင္း မဲရုံေတြမွာ စည္းမ်ဥ္းနဲ႔ မကိုက္ညီတဲ့ အေျခအေန တခ်ဳိ႕ ရွိေနတယ္ဆိုၿပီး နယူးေယာက္ အရာရွိေတြက ေရြးေကာက္ပြဲ တာ၀န္ရွိသူေတြကို ေမးခြန္းထုတ္ၾကပါတယ္။ မဲျပားေတြကို မိတၱဴဖတ္ရာမွာ စက္ေတြ ပ်က္ေနတာ၊ မဲရုံေတြကိုေနာက္က်ၿပီး ဖြင့္တာနဲ႔ မဲစာရင္းေတြမွာ ေထာင္ေသာင္းခ်ီတဲ့ မဲဆႏၵရွင္ေတြမပါဘဲ က်န္ေနတာေတြကို ေမးခြန္းထုတ္ေနၾကတာ ျဖစ္ပါတယ္။

နယူူးေယာက္ျပည္သူေတြဟာ ေရြးေကာက္ပြဲ က်င္းပေရး ဘုတ္အဖြဲ႔အေပၚ အယုံအၾကည္ မရွိၾကဘူးလို႔လည္း ၿမိဳ႕ေတာ္ Scott Stringer က ေျပာပါတယ္။ ေရြးေကာက္ပြဲ ဘုတ္အဖြဲ႔အေနနဲ႔ အၿမဲတေစ စနစ္တက် မလုပ္ႏုိင္တာ၊ အမွားအယြင္းေတြနဲ႔ ၀႐ုန္းသုန္းကားျဖစ္ေနၿပီး အရည္အခ်င္း ျပည့္မီေအာင္ မေဆာင္ရြက္ႏုိင္တာေတြကို စုံစမ္းသြားမယ္လုိ႔လည္း ဆုိပါတယ္။

အဂၤါေန႔ ေရြးေကာက္ပြဲ စည္းကမ္းနဲ႔ မညီညြတ္မႈေတြဟာ ေရြးေကာက္ပြဲ ရလဒ္ကိုေတာ့ ထိခုိက္မယ့္ အေျခအေန မရွိဘူးလို႔လည္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................




အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ အင်္ဂါနေ့ ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီဘက်က Hillary Clinton နဲ့   ရီပတ်ဘလစ်ကန် ပါတီဘက်က Donald Trump တို့ နှစ်ယောက် အကြီးအကျယ် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပြီး နှစ်ယောက်စလုံး သက်ဆိုင်ရာပါတီတွေရဲ့ သမ္မတလောင်းဖြစ်ရေး လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် အပြတ်အသတ် အသာစီး ရသွားလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ကောက်ခံထားတဲ့ လူထု စစ်တမ်းတွေအရ နယူးယောက်ရွေးကောက်ပွဲပြီး ဟီလာရီ ကလင်တန်ဟာ အထက်လွှတ်တော်အမတ် Bernie Sanders ကို ရာခိုင်နှုန်း ဆယ်ဂဏန်း ကျော်သွားလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton အနေနဲ့ ပထမဆုံး ဒီမိုကရက်တစ်ပါတီ အမျိုးသမီး သမ္မတလောင်း ဖြစ်လာဖို့ အခွင့်အရေး ပိုပြီး နီးစပ်လာပြီ လို့ တွက်ဆထားကြတာဖြစ်ပါတယ်။ အခု အသံလွှင့်ပြီး နာရီဝက်အကြာမှာ မဲရုံတွေ ပိတ်တော့မှာ ဖြစ်ပါတယ်။

သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရေး Hillary Clinton အနေနဲ့ ကိုယ်စားလှယ်အရေအတွက် ၁၇၅၈ ယောက် ရရှိထားပြီး၊ Bernie Sanders က ၁၀၇၆ ယောက် ရရှိထားပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ နှစ်ထောင် သုံးရှစ်ဆယ့် သုံးယောက် လိုအပ်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မဲရုံတွေမှာ စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ အခြေအနေ တချို့ ရှိနေတယ်ဆိုပြီး နယူးယောက် အရာရှိတွေက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို မေးခွန်းထုတ်ကြပါတယ်။ မဲပြားတွေကို မိတ္တူဖတ်ရာမှာ စက်တွေ ပျက်နေတာ၊ မဲရုံတွေကိုနောက်ကျပြီး ဖွင့်တာနဲ့ မဲစာရင်းတွေမှာ ထောင်သောင်းချီတဲ့ မဲဆန္ဒရှင်တွေမပါဘဲ ကျန်နေတာတွေကို မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

နယူူးယောက်ပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပရေး ဘုတ်အဖွဲ့အပေါ် အယုံအကြည် မရှိကြဘူးလို့လည်း မြို့တော် Scott Stringer က ပြောပါတယ်။ ရွေးကောက်ပွဲ ဘုတ်အဖွဲ့အနေနဲ့ အမြဲတစေ စနစ်တကျ မလုပ်နိုင်တာ၊ အမှားအယွင်းတွေနဲ့ ၀ရုန်းသုန်းကားဖြစ်နေပြီး အရည်အချင်း ပြည့်မီအောင် မဆောင်ရွက်နိုင်တာတွေကို စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲ စည်းကမ်းနဲ့ မညီညွတ်မှုတွေဟာ ရွေးကောက်ပွဲ ရလဒ်ကိုတော့ ထိခိုက်မယ့် အခြေအနေ မရှိဘူးလို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment