ေနာ္ေဝအစိုးရကို Breivik တရားစြဲတာ အနိုင္ရ

အက်ဥ္းေထာင္ထဲမွာ သူ႔ရဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတယ္ ဆိုၿပီး ေနာ္ေဝး အစိုးရကို Breivik တရားစြဲ
ေနာ္ေဝနိုင္ငံမွာ ၂၀၁၁ခုႏွစ္တုန္းက လူ ၈၀ နီးပါး ေသဆုံးခဲ့ရတဲ့ ပစ္ခတ္ သတ္ျဖတ္မွုနဲ႔ ေထာင္ဒဏ္ ၂၁ႏွစ္ က်ခံေနရတဲ့ လကၤ်ာစြန္း ဝါဒီ Anders Breivik က အက်ဥ္းေထာင္အတြင္းမွာ လူမဆန္စြာ ဆက္ဆံ ျပဳမူခံခဲ့ရတယ္ ဆိုၿပီး အစိုးရကို တရားစြဲခဲ့ရာမွာ တရား႐ုံးက သူ႔ကို အနိုင္ေပးလိုက္ပါတယ္။

တေန႔ကို ၂၂နာရီ၊ ၂၃နာရီေလာက္ တိုက္ပိတ္ ခံထားရတာ၊ တျခား အက်ဥ္းသားေတြနဲ႔ စကားေျပာခြင့္မရတာ၊ အက်ဥ္းေထာင္ ဝန္ထမ္းေတြနဲ႔ လည္း မွန္အထူႀကီးၾကားကေနပဲ စကားေျပာခြင့္ ရတာေတြဟာ လူ႔အခြင့္အေရး ဆိုင္ရာ ဥေရာပ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာ က်တယ္ ဆိုၿပီး Breivik က အစိုးရကို တရားစြဲခဲ့တာပါ။

သူ႔က်ဴးလြန္ခဲ့တဲ့ ျပစ္မွု ဘယ္ေလာက္ပဲ ႀကီးေနပါေစ၊ အခု သူ႔ကို ျပဳမူ ဆက္ဆံပုံဟာ ထိုက္သင့္တာထက္ သူ႔အေပၚ ျပစ္ဒဏ္ အပို ေပးေနသလို ျဖစ္ေနတယ္ ဆိုၿပီး တရားသူႀကီးက ဆုံးျဖတ္ခဲ့တာပါ။

တရားသူႀကီးရဲ့ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ အစိုးရက အံ့အားသင့္သြားခဲ့ရၿပီး အယူခံ ဝင္မဝင္ဆိုတာကိုေတာ့ မဆုံးျဖတ္ရေသးဘူးလို႔ အစိုးရ ေရွ႕ေနက ေျပာပါတယ္။

တကယ္လို႔ ႏွစ္ဘက္စလုံးက လာမယ့္ သီတင္း ၄ပတ္အတြင္း အယူခံ မဝင္ဘူး ဆိုရင္ အက်ဥ္းေထာင္အေနနဲ႔ တရား႐ုံး ဆုံးျဖတ္ခ်က္အတိုင္း Breivik အေပၚ ပို သက္သက္ညႇာညႇာ ကိုင္တြယ္ ဆက္ဆံရဖို႔ ရွိပါတယ္။

သူ႔ကို တျခား အက်ဥ္းသားေတြနဲ႔ ေပးေတြ႕တာမ်ိဳးေတြ လုပ္ဖို႔ တရားသူႀကီးက ေျပာခဲ့ေပမယ့္ သူ႔ဆီလာတဲ့ စာအဆက္အသြယ္ေတြကို တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္တာကေတာ့ လုပ္သင့္လုပ္ထိုက္တယ္၊ သူ႔မိသားစုနဲ႔ ပုဂၢိဳလ္ေရး ဆိုင္ရာ အခြင့္အေရးေတြကို ခ်ိဳးေဖာက္ရာ မက်ဘူးလို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါ့အျပင္ Breivikရဲ့ တရား႐ုံး ကုန္က်စရိတ္ ေဒၚလာ ၄ေသာင္းေလာက္ကို ေနာ္ေဝးအစိုးရက ေပးဆပ္ဖို႔ကိုလည္း တရား႐ုံးက အမိန္႔ေပးခဲ့ပါတယ္။

Breivikရဲ့ ပစ္ခတ္ တိုက္ခိုက္မွုကေန အသက္ရွင္ လြတ္ေျမာက္လာသူတဦးကေတာ့ တရား႐ုံးရဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ သူ အံ့အားသင့္သြားခဲ့ရသလို ေဒါသထြက္ စိတ္အေႏွာင့္အယွက္ ျဖစ္သြားခဲ့ရတယ္လို႔ ေျပာပါတယ္။ ျပစ္မွု က်ဴးလြန္သူက ဒီလို ဟိုးေလးတေက်ာ္ အနိုင္ရသြားတာဟာ အရွိုက္ကို လက္သီးနဲ႔ ထိုးလိုက္သလိုပဲလို႔ ေျပာသြားပါတယ္။

ေသဆုံးသူေတြရဲ့ မိသားစု၀င္ေတြအတြက္ အကူအညီေပးေနတဲ့ အဖြဲ႕ရဲ့ ေခါင္းေဆာင္ျဖစ္သူကေတာ့ တရား႐ုံး ဆုံးျဖတ္ခ်က္အေပၚ အံ့အားသင့္၊ စိတ္ပ်က္သြားခဲ့ရေပမယ့္ Breivikကို တျခား အစြန္းေရာက္ေတြနဲ႔ အဆက္အသြယ္ လုပ္ခြင့္ မေပးဖို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့တာအတြက္ေတာ့ စိတ္သက္သာရာ ရမိတယ္လို႔ ေျပာေၾကာင္း ဘီဘီစီ သတင္းေထာက္ Tracy Bircham က သတင္းေပးပို႔ထားပါတယ္။

BBC Burmese
http://www.bbc.com/burmese

........................................


အကျဉ်းထောင်ထဲမှာ သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ် ဆိုပြီး နော်ဝေး အစိုးရကို Breivik တရားစွဲ
နော်ဝေနိုင်ငံမှာ ၂၀၁၁ခုနှစ်တုန်းက လူ ၈၀ နီးပါး သေဆုံးခဲ့ရတဲ့ ပစ်ခတ် သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၁နှစ် ကျခံနေရတဲ့ လင်္ကျာစွန်း ဝါဒီ Anders Breivik က အကျဉ်းထောင်အတွင်းမှာ လူမဆန်စွာ ဆက်ဆံ ပြုမူခံခဲ့ရတယ် ဆိုပြီး အစိုးရကို တရားစွဲခဲ့ရာမှာ တရားရုံးက သူ့ကို အနိုင်ပေးလိုက်ပါတယ်။

တနေ့ကို ၂၂နာရီ၊ ၂၃နာရီလောက် တိုက်ပိတ် ခံထားရတာ၊ တခြား အကျဉ်းသားတွေနဲ့ စကားပြောခွင့်မရတာ၊ အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ လည်း မှန်အထူကြီးကြားကနေပဲ စကားပြောခွင့် ရတာတွေဟာ လူ့အခွင့်အရေး ဆိုင်ရာ ဥရောပ သဘောတူညီချက်ကို ချိုးဖောက်ရာ ကျတယ် ဆိုပြီး Breivik က အစိုးရကို တရားစွဲခဲ့တာပါ။

သူ့ကျူးလွန်ခဲ့တဲ့ ပြစ်မှု ဘယ်လောက်ပဲ ကြီးနေပါစေ၊ အခု သူ့ကို ပြုမူ ဆက်ဆံပုံဟာ ထိုက်သင့်တာထက် သူ့အပေါ် ပြစ်ဒဏ် အပို ပေးနေသလို ဖြစ်နေတယ် ဆိုပြီး တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစိုးရက အံ့အားသင့်သွားခဲ့ရပြီး အယူခံ ဝင်မဝင်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ အစိုးရ ရှေ့နေက ပြောပါတယ်။

တကယ်လို့ နှစ်ဘက်စလုံးက လာမယ့် သီတင်း ၄ပတ်အတွင်း အယူခံ မဝင်ဘူး ဆိုရင် အကျဉ်းထောင်အနေနဲ့ တရားရုံး ဆုံးဖြတ်ချက်အတိုင်း Breivik အပေါ် ပို သက်သက်ညှာညှာ ကိုင်တွယ် ဆက်ဆံရဖို့ ရှိပါတယ်။

သူ့ကို တခြား အကျဉ်းသားတွေနဲ့ ပေးတွေ့တာမျိုးတွေ လုပ်ဖို့ တရားသူကြီးက ပြောခဲ့ပေမယ့် သူ့ဆီလာတဲ့ စာအဆက်အသွယ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာကတော့ လုပ်သင့်လုပ်ထိုက်တယ်၊ သူ့မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်ရာ မကျဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် Breivikရဲ့ တရားရုံး ကုန်ကျစရိတ် ဒေါ်လာ ၄သောင်းလောက်ကို နော်ဝေးအစိုးရက ပေးဆပ်ဖို့ကိုလည်း တရားရုံးက အမိန့်ပေးခဲ့ပါတယ်။

Breivikရဲ့ ပစ်ခတ် တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတဦးကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သူ အံ့အားသင့်သွားခဲ့ရသလို ဒေါသထွက် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရတယ်လို့ ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူက ဒီလို ဟိုးလေးတကျော် အနိုင်ရသွားတာဟာ အရှိုက်ကို လက်သီးနဲ့ ထိုးလိုက်သလိုပဲလို့ ပြောသွားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်၊ စိတ်ပျက်သွားခဲ့ရပေမယ့် Breivikကို တခြား အစွန်းရောက်တွေနဲ့ အဆက်အသွယ် လုပ်ခွင့် မပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာအတွက်တော့ စိတ်သက်သာရာ ရမိတယ်လို့ ပြောကြောင်း ဘီဘီစီ သတင်းထောက် Tracy Bircham က သတင်းပေးပို့ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment