ဇာတ္လမ္းတစ္ခုနဲ႔တစ္ခု အရမး္ကို ကြဲျပားျခားနားမယ့္ Avengers: Infinity War အပိုင္း ၁ နဲ႔ အပိုင္း ၂



လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာေတာ့ Marvel Studios ရဲ႕ Captain America: Civil War ဇာတ္ကားနဲ႔ Marvel Cinematic Universe ရဲ႕ တတိယအဆင့္ကို တရားဝင္စတင္ျပသေတာ့မွာပါ။ ဒါေတြအားလံုးက Avengers: Infinity War အပိုင္း ၁ ႏွင့္ အပိုင္း ၂ မွာ အဆံုးသတ္သြားမွာျဖစ္ပါတယ္။

လတ္တေလာမွာထြက္ရွိေနတဲ့ ဇာတ္ကားေတြကို ႏွစ္ပိုင္းခြဲၿပီးရိုက္ေလ့ရွိတဲ့ပံုစံေတြေၾကာင့္ ဒီဇာတ္ကားဟာ ဇာတ္လမ္းတစ္ခုတည္းကို ႏွစ္ပိုင္းခြဲၿပီးရိုက္ထားတယ္လို႔ ထင္ႏိုင္ေျခရွိေပမယ့္ ဇာတ္လမ္းႏွစ္ခုက မတူညီေၾကာင္း တြဲဖက္ဒါရိုက္တာ
Anthony Russo ကေျပာပါတယ္။

"ဇာတ္လမ္းေတြက တစ္ခုႏွင့္တစ္ခု အလြန္႔အလြန္ ကြဲျပားျခားနားပါတယ္။ေသခ်ာေပါက္ကို အပိုင္း ၁ နဲ႔ အပိုင္း ၂ ဇာတ္လမ္းဆက္ျဖစ္ရမယ္လို႔
မဟုတ္ပါဘူး။ ေဖာ္ျပခ်က္မတူညီတဲ့ ဇာတ္ကားႏွစ္ကားပါ။ ႏွစ္ကားလံုးကို တစ္ၿပိဳင္တည္းရိုက္ေနလို႔ အထင္မွားမွုေတြျဖစ္လာတာလို႔ထင္ပါတယ္” လို႔ Anthony က io9 ကိုေျပာျပပါတယ္။

Anthony ရဲ႕အစ္ကို Joe ကလည္း Captain America: Winter Soldier ႏွင့္ Captain America: Civil War တို႔ကို ရိုက္ရင္းႏွင့္ သိလာရတာေတြႏွင့္ သူတို႔ရဲ႕ ဇာတ္လမ္းေတြကိုလည္း သယ္ေဆာင္လာမွာျဖစ္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။

“ဇာတ္ကား ၄ ကားစလံုးကို ဆက္စပ္လႊမ္းျခံဳေနတဲ့ ဇာတ္လမ္းတစ္ခုကိုေျပာျပမွာပါ။ ၿပီးေတာ့ Civil War ဇာတ္ကားထဲမွာပါဝင္တဲ့ ဇာတ္ေကာင္အေရအတြက္ထက္ ၃ဆေလာက္ရွိတဲ့ Infinity War ဇာတ္ကားထဲမွာပါဝင္တဲ့ဇာတ္ေကာင္အေရအတြက္ကို ကိုင္တြယ္ဖို႔အတြက္ ေသခ်ာအသင့္ျပင္ေပးထားပါတယ္”လို႔ Joe Russo ကေျပာျပပါတယ္။

ဆက္လက္ၿပီးေတာ့ Infinity War သတင္းႏွင့္ပတ္သက္ၿပီး ဇာတ္ညႊန္းေရးသားတဲ့ Christopher Markus ကို Thanos ႏွင့္ MCU မွာ ၃ခါေလာက္ပါဝင္ၿပီးေပမယ့္ ပရိသတ္က သူ႔အေၾကာင္းဘာမွမသိရေသးေၾကာင္းကို ေမးရာမွာေတာ့

“ကၽြန္ေတာ္တို႔မွာ တအ့ံတဩျဖစ္ေစမယ့္ ကိစၥမရွိပါဘူး။ သူပါလာမယ္ဆိုတာ လူတိုင္းသိေနေပမယ့္ သူ႔အေၾကာင္းေတြအမ်ားႀကီးေျပာျပမယ့္ ဇာတ္ဝင္ခန္းေတြ အမ်ားႀကီးမရွိေသးပါဘူး။ အေစာပိုင္းမွာ သူ႔အေၾကာင္းေတြအမ်ားႀကီးေျပာျပမယ့္
ဇာတ္ဝင္ခန္းေတြ အမ်ားႀကီး ကိုေမွ်ာ္လင့္ထားလို႔ရပါတယ္” လို႔ Markus က ScreenCrush ကိုေျပာျပပါတယ္။

Marvel’s Avengers: Infinity War အပိုင္း ၁ ကို ၂၀၁၈ ခုႏွစ္ ေမလ ၄ရက္မွာ ရံုတင္မွာျဖစ္ၿပီး အပိုင္း ၂ ကို ၂၀၁၉ ခုႏွစ္ ေမလ ၃ရက္မွာ
ရံုတင္မွာျဖစ္ပါတယ္။

(RII)

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Superherohype

..................................................



လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့ Marvel Studios ရဲ့ Captain America: Civil War ဇာတ်ကားနဲ့ Marvel Cinematic Universe ရဲ့ တတိယအဆင့်ကို တရားဝင်စတင်ပြသတော့မှာပါ။ ဒါတွေအားလုံးက Avengers: Infinity War အပိုင်း ၁ နှင့် အပိုင်း ၂ မှာ အဆုံးသတ်သွားမှာဖြစ်ပါတယ်။

လတ်တလောမှာထွက်ရှိနေတဲ့ ဇာတ်ကားတွေကို နှစ်ပိုင်းခွဲပြီးရိုက်လေ့ရှိတဲ့ပုံစံတွေကြောင့် ဒီဇာတ်ကားဟာ ဇာတ်လမ်းတစ်ခုတည်းကို နှစ်ပိုင်းခွဲပြီးရိုက်ထားတယ်လို့ ထင်နိုင်ခြေရှိပေမယ့် ဇာတ်လမ်းနှစ်ခုက မတူညီကြောင်း တွဲဖက်ဒါရိုက်တာ
Anthony Russo ကပြောပါတယ်။

"ဇာတ်လမ်းတွေက တစ်ခုနှင့်တစ်ခု အလွန့်အလွန် ကွဲပြားခြားနားပါတယ်။သေချာပေါက်ကို အပိုင်း ၁ နဲ့ အပိုင်း ၂ ဇာတ်လမ်းဆက်ဖြစ်ရမယ်လို့
မဟုတ်ပါဘူး။ ဖော်ပြချက်မတူညီတဲ့ ဇာတ်ကားနှစ်ကားပါ။ နှစ်ကားလုံးကို တစ်ပြိုင်တည်းရိုက်နေလို့ အထင်မှားမှုတွေဖြစ်လာတာလို့ထင်ပါတယ်” လို့ Anthony က io9 ကိုပြောပြပါတယ်။

Anthony ရဲ့အစ်ကို Joe ကလည်း Captain America: Winter Soldier နှင့် Captain America: Civil War တို့ကို ရိုက်ရင်းနှင့် သိလာရတာတွေနှင့် သူတို့ရဲ့ ဇာတ်လမ်းတွေကိုလည်း သယ်ဆောင်လာမှာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။

“ဇာတ်ကား ၄ ကားစလုံးကို ဆက်စပ်လွှမ်းခြုံနေတဲ့ ဇာတ်လမ်းတစ်ခုကိုပြောပြမှာပါ။ ပြီးတော့ Civil War ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်အရေအတွက်ထက် ၃ဆလောက်ရှိတဲ့ Infinity War ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်အရေအတွက်ကို ကိုင်တွယ်ဖို့အတွက် သေချာအသင့်ပြင်ပေးထားပါတယ်”လို့ Joe Russo ကပြောပြပါတယ်။

ဆက်လက်ပြီးတော့ Infinity War သတင်းနှင့်ပတ်သက်ပြီး ဇာတ်ညွှန်းရေးသားတဲ့ Christopher Markus ကို Thanos နှင့် MCU မှာ ၃ခါလောက်ပါဝင်ပြီးပေမယ့် ပရိသတ်က သူ့အကြောင်းဘာမှမသိရသေးကြောင်းကို မေးရာမှာတော့

“ကျွန်တော်တို့မှာ တအ့ံတဩဖြစ်စေမယ့် ကိစ္စမရှိပါဘူး။ သူပါလာမယ်ဆိုတာ လူတိုင်းသိနေပေမယ့် သူ့အကြောင်းတွေအများကြီးပြောပြမယ့် ဇာတ်ဝင်ခန်းတွေ အများကြီးမရှိသေးပါဘူး။ အစောပိုင်းမှာ သူ့အကြောင်းတွေအများကြီးပြောပြမယ့်
ဇာတ်ဝင်ခန်းတွေ အများကြီး ကိုမျှော်လင့်ထားလို့ရပါတယ်” လို့ Markus က ScreenCrush ကိုပြောပြပါတယ်။

Marvel’s Avengers: Infinity War အပိုင်း ၁ ကို ၂၀၁၈ ခုနှစ် မေလ ၄ရက်မှာ ရုံတင်မှာဖြစ်ပြီး အပိုင်း ၂ ကို ၂၀၁၉ ခုနှစ် မေလ ၃ရက်မှာ
ရုံတင်မှာဖြစ်ပါတယ်။

(RII)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Superherohype


Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment