By netsetaw
April 5, 2016
အိန္ဒိယအရှေ့ပိုင်း ဂျာခဒ်ပြည်နယ်ထဲမှာရှိတဲ့ ချတ္ထရာမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်သူဖြစ်ပြီး အသက်အရွယ်
နိုင်ပါဘူး … လမ်းလျှောက်ရင်လည်း ဖြေးဖြေးပဲ လျှောက်နိုင်ပြီး ဒီအတိုင်း ကြီးပြင်းခဲ့ရပါတယ် … ဖြစ်နိုင်ရင် ဘယ်ဘက်
............................................
ထူးဆန်းတဲ့အရိုးကွေးရောဂါခံစားနေရတဲ့ အိန္ဒိယကအမျိုးသမီး
By netsetaw -  April 5, 2016
အိန္ဒိယမှာ အသက် 25 နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ Osteogenesis Imperfect ဆိုတဲ့ ရောဂါ ခံစားရပြီး 4 ပေ မှ 2 ပေအထိ ခန္ဓာကိုယ်က ကြုံ့သွားပါတယ်။ osteogenesis imperfect ဆိုတာ အရိုးတွေဟာ ပုံမှန်မဟုတ်ဘဲ ကွေးသွား
ပြီး ကျိုးလွယ်တဲ့အထိ ကြွပ်ဆက်စေတဲ့ ရောဂါဆန်း တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ အသက် (25)နှစ်အရွယ်အမျိုးသမီးဟာ
အိန္ဒိယအရှေ့့ပိုင်း ဂျာခဒ်ပြည်နယ်ထဲမှာရှိတဲ့ ချတ္ထရာမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်သူဖြစ်ပြီး အသက်အရွယ်
ကသာ 25 နှစ်ဆိုပေမယ့် သူမရဲ့ ပုံစံက ကလေးငယ်သာသာအရွယ်သာ ရှိနေပါတယ်။ သူမဟာ အသက် 9 နှစ်အရွယ်
ကတည်းက Osteogenesis Imperfect ရောဂါကို ခံစားခဲ့ရပြီး သူမရဲ့ ဘယ်ဘက်ခြေထောက်မှ စတင်ကာ ရောဂါ
လက္ခဏာ စပြခဲ့ပါတယ်။ သူမရဲ့ အမည်ကတော့ Kunti Kumari ဖြစ်ပါတယ်။ Kunti ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအ
တွင်းမှာ အရွယ်အစားဟာ လေးပေမှ ကြုံ့လာခဲ့ပြီး အခုဆိုရင် အရွယ်အစား နှစ်ပေခန့်သာ ရှိတော့တယ်လို့ သိရပါ
တယ်။ ဒေါက်တာကလည်း သူမရဲ့ ရောဂါဟာ Osteogenesis Imperfec ဖြစ်ကြောင်း သက်မှတ်ခဲ့ပါတယ်။ အခုအချိန်
မှာ သူမဟာ သူမရဲ့ ရောဂါအခြေအနေကို အဆင့်မြင့်ဆေးရုံကြီးတစ်ခုခုမှာ ပြသလိုနေပြီး နောက်တစ်ကြိမ် လမ်းပြန်
လျှောက်နိုင်မယ်လို့ မျှော်လင့်နေရှာပါတယ်။
Kunti ရဲ့အမေ Ms Tilakwa က ” အရင်ဆုံး အားအင်တွေ ကုန်ခမ်းပြီးနောက် တဖြည်းဖြည်း ပိန်လှီလာတယ် … ၈ နှစ်
သမီးအရွယ်လောက်ကတည်းက အရိုးတွေကွေးပြီး အိပ်ယာထဲ လှဲနေရတော့တဲ့ အခြေအနေပါဘဲ ” လို့ ရှင်းပြပါတယ်။
အရိုးကွေးရောဂါဟာ မျိုးရိုးဗီဇနဲ့ဆိုင်တတ်ပြီး collagen ချို့တဲ့ခြင်း( ခန္ဓာကိုယ်ထဲက တစ်ရှုးတွေကို ပေါင်းစည်းပေးတဲ့ အရေးပါတဲ့ component တစ်ရှူး) ကြောင့် ခန္ဓာကိုယ်ကနေ collagen တွေ ထုပ်လုပ်နိုင်မှု ရေရှည်မှာ နည်းပါးသွားတာနဲ့အမျှ OI ရောဂါ ဖြစ်သွားပါတယ်။ ရောဂါခံစားရသူတွေပေါ်မှာတော့ ရောဂါလက္ခဏာ ကွဲပြားမှုတွေ ရှိပြီး အရိုးတွေ ကွေး ညွှတ်ကာ ခန္ဓာကိုယ်က တဖြည်းဖြည်း အလွန်သေးငယ်တဲ့ အရွယ်အစားကို ကြုံလှီသွားပါတယ်။
သနားစဖွယ် ရောဂါဆိုးကို ခံစားနေရတဲ့ Kunti က ” ကျွန်မဟာ အတော်လေး အားနည်းပြီး ဘယ်တော့မှ မြန်မြန်မပြေး
နုုိင်ပါဘူး … လမ်းလျှောက်ရင်လည်း ဖြေးဖြေးပဲ လျှောက်နိုင်ပြီး ဒီအတိုင်း ကြီးပြင်းခဲ့ရပါတယ် … ဖြစ်နိုင်ရင် ဘယ်ဘက်
ခြေထောက်ကို ဖယ်ပစ်လိုက်ချင်တော့တာပါပဲ ” လို့ ဖွင့်ဟခဲ့ပါတယ်။ သူမက ဆက်လက်ပြီး ” ကျွန်မ အမေတို့က အရိုး
ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်ဆီ ခေါ်သွားခဲ့ပါတယ် … ဒါပေမယ့် အဲဒီနောက်ပိုင်း ကျွန်မ လုံးဝ မလှုပ်ရှားနိုင်တော့
ပါဘူး ” လို့ စို့နင့်စွာ ပြောဆိုခဲ့ပါတယ်။
soruce : detroitnewstime.com
http://www.shwemom.com/the-poor-india-woman-suffers-the-oi-disease/
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment