Source : mirror.co.uk
.................................................
Facebookမှာ မဖွယ်မရာပုံတင်ခဲ့လို့ ထုတ်ပယ်ခံရတော့မယ့်ရဲမေ
By netsetaw -  April 21, 2016  
မက္ကဆီကိုအမျိုးသမီးရဲအရာရှိတစ်ယောက်ဟာ လူမှုကွန်ယက် Facebook မှာ အဝတ်မဲ့ပုံတင်ခဲ့တဲ့အတွက် အရေးယူခဲ့ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ သူမရဲ့ အမည်ကတော့ Nildo Garcia ဖြစ်ပြီး ပတ္တရောင်ရဲကားပေါ်မှာ ရဲအသုံးဆောင်များနဲ့အတူ ဒူးပေါ်မှာ စက်သေနက်တင်ထားလျှက် အနေအထားဖြင့် အကျႌရင်ဘတ်ကိုဖွင့်ကာ ဓာတ်ပုံအရိုက်ခံခဲ့ပြီး အဆိုပါပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲအပြုအမူကို သိလျှင်သိခြင်း မက္ကဆီကို မြောက်ပိုင်းရဲတပ်ဖွဲ့က ချက်ချင်း ရာထူးမှဖယ်ရှားက အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
သူမဟာ မက္ကဆီကိုမြောက်ပိုင်း၊ Nuevo Leon မြို့တော်၊ Escobedo ဒေသမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိ
ကိစ္စနဲ့ပတ်သက်လို့ ဘာမှတ်ချက်မှ ပြောကြားခြင်းလည်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့တာ
၀န်ရှိသူတွေဟာ ဒီအပြုမူကြောင့် ရဲတပ်ဖွဲ့အပေါ် လူတွေလေးစားမှုလျှော့ကျစေတယ်လို့ ယူစနေကြပါတယ်။
ဒါ့အပြင် Morelos ပြည်နယ်မှာရှိတဲ့ အခြားမက္ကဆီကိုရဲတပ်ဖွဲ့ဝင်သုံးဦးဟာလည်း ပတ္တရောင်ကားပေါ်မှာ ညစ်ညမ်းဓာတ်ပုံတွေရိုက်ကူးခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ၎င်းတို့ကိုလည်း အင်တာနက်ကွန်ယက်ပေါ်မှာ ပုံတွေပေါက်ကြားခဲ့ပြီး
နောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အသက် 32 အရွယ် Mauro Ramos ဆိုတဲ့ အမျိုးသားဟာ သူ့နားထင်ကို သေနက်နဲ့တေ့နေတဲ့ပုံကို လူမှုကွန်ယက်မှာ တင်ခဲ့လို့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ လက်ရှိ
အချိန်မှာတော့ အမျိုးသမီးရဲ့အရာရှိဟောင်း Nildo Garcia ဟာ အင်တာနက်ပေါ်မှာ မဖွယ်မရာပုံတင်မှု၊ တာဝန်ချိန်အလွဲသုံးစားလုပ်မှုစတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရပြီး အလုပ်မှ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
Source : mirror.co.uk
http://www.shwemom.com/female-police-officer-facing-sack-for-topless-selfie-posted-on-facebook/
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment