



 6 April 2016
တူရကီနိုင်ငံ အီစတန်ဘူ ရဲအရာရှိတွေက အင်တာနက် အွန်လိုင်း ကနေ ဒေါ်လာ (၇)သိန်းကျော် (ကျပ် သိန်းပေါင်း ၇၀၀၀)ခိုးယူခဲ့ကြတဲ့ ဟတ်ကာ ညီနောင်TU နဲ့  VU အပါအ၀င်အဖွဲ့ ဝင် (၂၀)ကိုဖမ်းဆီး နိုင်ခဲ့ကြောင်း သိရပါတယ်။

..............................................

တူရကီ နိုင်ငံ နံမည်ကြီး ဟက်ကာညီနောင်အဖွဲ ့ ၀င် (၂၀ )ဖမ်းဆီးခံရ
 6 April 2016
တူရကီနိုင်ငံ အီစတန်ဘူ ရဲအရာရှိတွေက အင်တာနက် အွန်လိုင်း ကနေ ဒေါ်လာ (၇)သိန်းကျော် (ကျပ် သိန်းပေါင်း ရ၀၀၀)ခိုးယူခဲ့ကြတဲ့ ဟတ်ကာ ညီနောင်TU နဲ ့ VU အပါအဝင်အဖွဲ ့ဝင် (၂၀)ကိုဖမ်းဆီး နိုင်ခဲ့ကြောင်း သိရပါတယ်။
ဆိုဒ်ဘာ ဟတ်ကာ ညီနှောင်အဖွဲ ့ဟာ ဘဏ်တွေ -စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ ့ အွန်လိုင်းအချက်အလက်တွေကို နည်းပညာ မျိုးစုံနဲ ့ ထိုးဖေါက်ဝင်ရောက် ကြည့်ခဲ့ကြပြီး ဘဏ်စာရင်းဆိုင်ရာအချက်အလက်တွေကိုခိုးယူခဲ့ကြပါတယ်။
ပြီးတဲ့အခါ သူတို ့ရဲ ့ ဟတ်ခံရတဲ့ သူတွေ ရဲ ့ ဘဏ်တွေကနေ ငွေတွေလွဲပြောင်းယူကြတာဖြစ်ပါတယ်။
မကောင်းတာကို အားကျနေကြတဲ့ လူငယ်မျိုးဆက်တွေဟာ သူတပါးကိုနှောက် ရှက်ဖျက်ဆီးနိုင်ဘို ့ ဟက်ကာ ပညာတွေကိုလေ့လာခဲ့ပြီး သူတပါးအတွင်းရေးကိုဝင်ရောက်ခိုးကြည့်တဲ့အဆင့်ကနေ ငွေခိုးတာ တွေ
ခြိမ်းခြောက်ပြီးငွေတောင်းတဲ့အဆင့် တဖန် တဦးတယောက်ရဲ ့ အွန်လိုင်းအကောင့်ကို သုံးမရအောင် ဖျက်ဆီးတဲ့အဆင့် ထိ ရောက်လာခဲ့ပါတယ်။
ခုလို မသမာတဲ့ နည်းပညာတွေကို အကြမ်းဖက်သမားတွေအများ ဆုံးသုံး နေကြပြီး နိုင်ငံရဲ ့ လုံခြုံရေးစနစ်နဲ ့ လူထု အသက်ပေါင်းများစွာသေ ဆုံးတဲ့ အထိ အန္တရယ်ကြီးပါတယ်၊ ဥပမာ လေကြောင်းဆိုင်ရာ ထိမ်းချုပ်မှုကို အွန်လိုင်းကနေ ဟက်ကာတွေက လမ်းကြောင်းပြောင်းခိုင်းပြီး လေပေါ်မှာ ၀င်တိုက်တဲ့အဆင့်အထိ အန္တရယ်ပေးနိုင်တာကြောင့် အစိုးရတွေအနေနဲ ့ ကျွမ်းကျင်ပညာရှင်တွေဌားရမ်းပြီး ဟက်ကာအုပ်စုတွေရဲ ့ ရန်ကို လေ့ လာစောင့်ကြည့်နေရပါတယ်။
Social Action for Women - SAW
ကိုးကားPolice nab operators of virus fraud network
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment