တူရကီသမၼတကို ေလွာင္တဲ့ ဂ်ာမန္လူရႊင္ေတာ္



တူရကီသမၼတ Recep Tayyip Erdogan ကို ပ်က္လံုးထုတ္ခဲ့တဲ့ ဂ်ာမနီႏုိင္ငံသား လူရႊင္ေတာ္ Jan Boehmermann အေပၚ အေရးယူဖို႔ ႀကိဳးပမ္းလာမယ္ဆုိရင္ သူ႔ဘက္ကေန အျပည့္အ၀ ရပ္တည္သြားမွာျဖစ္တဲ့အေၾကာင္း ဂ်ာမန္႐ုပ္ျမင္သံၾကား ဌာန ZDF က ကတိေပးလိုက္ပါတယ္။

ဂ်ာမန္လူရႊင္ေတာ္ကို အေရးယူဖို႔ တူရကီရဲ႕ ေမတၱာရပ္ခံခ်က္ကို လက္ခံတ့ဲအေၾကာင္း ဂ်ာမန္၀န္ႀကီးခ်ဳပ္ Angela Merkel က ေၾကညာခဲ့ၿပီး ေနာက္တရက္ျဖစ္တဲ့ စေနေန႔မွာပဲ ZDF ႐ုပ္ျမင္သံၾကားဌာနရဲ႕ အႀကီးအကဲ က ကတိေပးခဲ့တာ ျဖစ္ပါတယ္။ သူ႔အေပၚ အျပစ္ရွိတယ္ မရွိဘူးဆုိတာကိုေတာ့ တရား႐ံုးကသာ ဆံုးျဖတ္ရမွာ ျဖစ္တယ္လုိ႔လည္း ဂ်ာမန္၀န္ႀကီးခ်ဳပ္က ေျပာဆုိခဲ့ပါတယ္။

ဂ်ာမန္လူရႊင္ေတာ္ ဘိုမားမန္းအေနနဲ႔ ဌာနရဲ႕ အျပည့္အ၀ ပံ့ပိုးမႈကို ရရွိမွာျဖစ္တဲ့အေၾကာင္း - ZDF ႐ုပ္သံအႀကီးအကဲ Thomas Bellut က အပတ္စဥ္ထုတ္ ဂ်ာမန္စာေစာင္ျဖစ္တဲ့ Der Spiegel ကို ေျပာဆုိခဲ့ပါတယ္။

တူရကီသမၼတနဲ႔ ဥပေဒေၾကာင္းအရ ရင္ဆုိင္ရာမွာ သက္ဆုိင္ရာ အဆင့္တုိင္းမွာ ဌာနက သူနဲ႔အတူ လိုက္ပါကူညီသြားမယ္ဆုိတာကိုလည္း လူရႊင္ေတာ္ ဘိုမားမန္းကို အသိေပးထားၿပီးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ ပ်က္လံုးထုတ္ခဲ့တဲ့ အစီအစဥ္ကို ထုတ္လႊင့္ဖုိ႔ရာ အတည္ျပဳေပးခဲ့ တဲ့ အယ္ဒီတာကိုလည္း စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ အေရးယူမွာ မဟုတ္ဘူးလို႔လည္း ဆုိပါတယ္။

မတ္လ ၃၁ ရက္ေန႔ ထုတ္လႊင့္ခဲ့တဲ့ အစီအစဥ္မွာေတာ့ - တူရကီသမၼတဟာ မိန္းကေလးငယ္ေတြကို ႐ိုက္ႏွက္၊ ကေလးငယ္ေတြပါ၀င္တဲ့ ညစ္ညမ္း႐ုပ္ရွင္ ေတြကိုၾကည့္၊ တိရစၦာန္လိုျပဳမူတဲ့ သေဘာမ်ိဳး အဓိပၸါယ္ထြက္တဲ့ ကဗ်ာတပုဒ္ကို ရြတ္ဆုိခဲ့တာပါ။ တူရကီအစိုးရကေတာ့ ျပည္ပႏုိင္ငံက ေခါင္းေဆာင္တဦးကို ေစာ္ကားမႈအတြက္ အေရးယူေပးဖို႔ ဂ်ာမန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကို ခ်က္ျခင္း စာေပးပို႔ ေတာင္းဆုိခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................


တူရကီသမ္မတ Recep Tayyip Erdogan ကို ပျက်လုံးထုတ်ခဲ့တဲ့ ဂျာမနီနိုင်ငံသား လူရွှင်တော် Jan Boehmermann အပေါ် အရေးယူဖို့ ကြိုးပမ်းလာမယ်ဆိုရင် သူ့ဘက်ကနေ အပြည့်အဝ ရပ်တည်သွားမှာဖြစ်တဲ့အကြောင်း ဂျာမန်ရုပ်မြင်သံကြား ဌာန ZDF က ကတိပေးလိုက်ပါတယ်။

ဂျာမန်လူရွှင်တော်ကို အရေးယူဖို့ တူရကီရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံတဲ့အကြောင်း ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ကြေညာခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာပဲ ZDF ရုပ်မြင်သံကြားဌာနရဲ့ အကြီးအကဲ က ကတိပေးခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် အပြစ်ရှိတယ် မရှိဘူးဆိုတာကိုတော့ တရားရုံးကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဂျာမန်လူရွှင်တော် ဘိုမားမန်းအနေနဲ့ ဌာနရဲ့ အပြည့်အဝ ပံ့ပိုးမှုကို ရရှိမှာဖြစ်တဲ့အကြောင်း - ZDF ရုပ်သံအကြီးအကဲ Thomas Bellut က အပတ်စဉ်ထုတ် ဂျာမန်စာစောင်ဖြစ်တဲ့ Der Spiegel ကို ပြောဆိုခဲ့ပါတယ်။

တူရကီသမ္မတနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ရာမှာ သက်ဆိုင်ရာ အဆင့်တိုင်းမှာ ဌာနက သူနဲ့အတူ လိုက်ပါကူညီသွားမယ်ဆိုတာကိုလည်း လူရွှင်တော် ဘိုမားမန်းကို အသိပေးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ပျက်လုံးထုတ်ခဲ့တဲ့ အစီအစဉ်ကို ထုတ်လွှင့်ဖို့ရာ အတည်ပြုပေးခဲ့ တဲ့ အယ်ဒီတာကိုလည်း စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာတော့ - တူရကီသမ္မတဟာ မိန်းကလေးငယ်တွေကို ရိုက်နှက်၊ ကလေးငယ်တွေပါ၀င်တဲ့ ညစ်ညမ်းရုပ်ရှင် တွေကိုကြည့်၊ တိရစ္ဆာန်လိုပြုမူတဲ့ သဘောမျိုး အဓိပ္ပါယ်ထွက်တဲ့ ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့တာပါ။ တူရကီအစိုးရကတော့ ပြည်ပနိုင်ငံက ခေါင်းဆောင်တဦးကို စော်ကားမှုအတွက် အရေးယူပေးဖို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ခြင်း စာပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment