ပဲရစ္က Disneyland ရဲ႕ သရဲအိမ္ထဲမွာ ၀န္ထမ္းတစ္ဦးေသဆံုး




Disneyland,Parisမွာ အလုပ္လုပ္ေနတဲ႕ ၀န္ထမ္းတစ္ဦးဟာ ပန္းျခံမဖြင့္ခင္ မိနစ္ပိုင္းေလာက္က သရဲအိမ္ထဲမွာေသဆံုးေနတာကို ေတြ႕ရွိခဲ႕ရပါတယ္။အဆိုပါ အမ်ိဳးသား ေသဆံုးေနတာကို စေနေန႕မနက္က ေတြ႕ရွိခဲ႕တာျဖစ္ပါတယ္။

အသက္ ၄၅ႏွစ္အရြယ္ အမည္မေဖာ္ျပထားတဲ႕ အမ်ိဳးသားဟာ “Phantom Manor”လို႕ အမည္ရတဲ႕ ေၾကာက္မက္စက္ဆုပ္ဖြယ္ရာ သရဲေတြ ၀ိဥာဥ္ေတြပါ၀င္ၿပီး ေပ်ာ္ရြင္စရာ၊ေၾကာက္စရာေတြနဲ႕ျပည္႕ေနတဲ႕သရဲအိမ္ထဲမွာ  လွ်ပ္စစ္မီးဆင္ေနရင္းမေတာ္တဆေသဆံုးတယ္လုိ႕ ယူဆရပါတယ္။

ေသဆံုးသူဟာ အနီးအနားမွာရွိတဲ႕  Noisy-Le-Grandက ဖခင္တစ္ဦးျဖစ္ၿပီး ပန္းျခံမွာ ၂၀၀၂ခုႏွစ္တည္းက အလုပ္လုပ္ခဲ႕သူလည္းျဖစ္ပါတယ္။

“သူရဲ႕မ်က္ႏွာက အၿမဲတမ္း ၿပံဳးရႊင္ေနတဲ႕လူတစ္ေယာက္ပါ”လို႕ Disneylandအသင္း ကိုယ္စားလွယ္ ပက္ထရစ္ မယ္ဒီဒီယာ(Patrick Maldidier)က ျပင္သစ္သတင္းစာ  Le Parisienကို ေျပာၾကားခဲ႕ပါတယ္။သူရဲ႕အေလာင္းကို လုပ္ေဖာ္ကုိင္ဖက္ ၀န္ထမ္းေတြက ရွာေဖြေတြ႕ရွိတာျဖစ္ပါတယ္။

လည္ပတ္သူ ၁၄.၂ မီလီယံေလာက္ လာေရာက္လည္ပတ္တဲ႕ ပန္းျခံကိုေတာ႕ ဆက္လက္ဖြင္႕လွစ္ထားၿပီး သရဲအိမ္ကိုေတာ႕ Cheesy ျပင္သစ္ ျမိဳ႕ဆင္ေျခဖံုးကရဲေတြ လာေရာက္စစ္ေဆးေနတဲ႕အတြက္ အနည္းဆံုး ဗုဒၶဟူးေန႕အထိ ပိတ္ထားမယ္လို႕သိရပါတယ္။

Meaux တရားရံုးရဲ႕ေျပာေရးဆိုခြင္႕ရွိသူတစ္ေယာက္ကေတာ႕ ပထမစစ္ေဆးထားတဲ႕ စစ္ေဆးမွုေတြအရ  ေသဆံုးသူဟာ
ဓာတ္လိုက္ၿပီး မေတာ္တဆေသဆံုးခဲ႕တာျဖစ္တယ္လို႕ ဆုိပါတယ္။

(Beauty Syh)

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

.................................................

ပဲရစ်က Disneyland ရဲ့ သရဲအိမ်ထဲမှာ ၀န်ထမ်းတစ်ဦးသေဆုံး


Disneyland,Parisမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ဦးဟာ ပန်းခြံမဖွင့်ခင် မိနစ်ပိုင်းလောက်က သရဲအိမ်ထဲမှာသေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။အဆိုပါ အမျိုးသား သေဆုံးနေတာကို စနေနေ့မနက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၄၅နှစ်အရွယ် အမည်မဖော်ပြထားတဲ့ အမျိုးသားဟာ “Phantom Manor”လို့ အမည်ရတဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ရာ သရဲတွေ ၀ိဉာဉ်တွေပါ၀င်ပြီး ပျော်ရွင်စရာ၊ကြောက်စရာတွေနဲ့ပြည့်နေတဲ့သရဲအိမ်ထဲမှာ  လျှပ်စစ်မီးဆင်နေရင်းမတော်တဆသေဆုံးတယ်လို့ ယူဆရပါတယ်။

သေဆုံးသူဟာ အနီးအနားမှာရှိတဲ့  Noisy-Le-Grandက ဖခင်တစ်ဦးဖြစ်ပြီး ပန်းခြံမှာ ၂၀၀၂ခုနှစ်တည်းက အလုပ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

“သူရဲ့မျက်နှာက အမြဲတမ်း ပြုံးရွှင်နေတဲ့လူတစ်ယောက်ပါ”လို့ Disneylandအသင်း ကိုယ်စားလှယ် ပက်ထရစ် မယ်ဒီဒီယာ(Patrick Maldidier)က ပြင်သစ်သတင်းစာ  Le Parisienကို ပြောကြားခဲ့ပါတယ်။သူရဲ့အလောင်းကို လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေက ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။

လည်ပတ်သူ ၁၄.၂ မီလီယံလောက် လာရောက်လည်ပတ်တဲ့ ပန်းခြံကိုတော့ ဆက်လက်ဖွင့်လှစ်ထားပြီး သရဲအိမ်ကိုတော့ Cheesy ပြင်သစ် မြို့ဆင်ခြေဖုံးကရဲတွေ လာရောက်စစ်ဆေးနေတဲ့အတွက် အနည်းဆုံး ဗုဒ္ဓဟူးနေ့အထိ ပိတ်ထားမယ်လို့သိရပါတယ်။

Meaux တရားရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ပထမစစ်ဆေးထားတဲ့ စစ်ဆေးမှုတွေအရ  သေဆုံးသူဟာ
ဓာတ်လိုက်ပြီး မတော်တဆသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment