အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၇ဝ ဦးသေဆုံး
နယူးဒေလီ ၊ ဧပြီ ၇ ရက် ( ဆင်ဟွာ )
အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် ပြီးခဲ့သော ရက်ပိုင်းက ကျရောက်ခဲ့သည့် ပြင်းဒဏ်သော အပူလှိုင်း ဒဏ်ကြောင့် လူပေါင်း ၇ဝ ဦးသေဆုံးကြောင်း အိန္ဒိယ အစိုးရအကြီးတန်း အရာရှိတစ်ဦးက ဧပြီ ၇ ရက်တွင် ပြောကြားလိုက်သည်။
(Xinhua )
............................................
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ရဝ ဦးသေဆုံး
နယူးဒေလီ ၊ ဧပြီ ရ ရက် ( ဆင်ဟွာ )
အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် ပြီးခဲ့သော ရက်ပိုင်းက ကျရောက်ခဲ့သည့် ပြင်းဒဏ်သော အပူလှိုင်း ဒဏ်ကြောင့် လူပေါင်း ရဝ ဦးသေဆုံးကြောင်း အိန္ဒိယ အစိုးရအကြီးတန်း အရာရှိတစ်ဦးက ဧပြီ ရ ရက်တွင် ပြောကြားလိုက်သည်။
“ အခုချိန်ထိ အပူလွန်ကဲလို ့သေဆုံးတဲ့လူပေါင်း ရဝ နီးပါးရှိသွားပါပြီး။ အသေအပျောက် အများဆုံး ဖြစ်သွားတာကတော့ Mahabubnagar ခရိုင်ထဲမှာပါ။ အဲဒီမှာ သေဆုံးတဲ့လူ ၂၈ ဦးထိ ရှိပါတယ်”ဟု ၄င်းက အစိုးရအရာရှိကြီးက ဆိုသည်။
သေဆုံးသူ အများစုသည် နေပူထဲတွင် အလုပ်လုပ်ကြရသည့် အလုပ်ကြမ်းသမားများ နှင့် စိုက်ပျိုးရေး လုပ်သားများ ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။ အိန္ဒိယ မိုးလေဝသဌာန၏ ခန်းမှန်းချက်အရ လာမည့် ရက်အနည်းငယ်ထိ အပူရှိန်သည် ဆက်လက် မြင့်တက်ရန် ရှိနေပြီး ပြည်သူများအနေဖြင့် နေပူထဲ သွားလာခြင်းကို ရှောင်ရှားကြရန် ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေးထားသည်။
၂ဝ၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ Telangana ပြည်နယ်နှင့် အနီးအနားရှိ Andhra Pradesh ပြည်နယ်များတွင် အပူရှိန်လွန်ကဲခြင်းကြောင့် လူပေါင်း ၅ဝဝ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။
(Xinhua )
Social Action for Women - SAW
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment