ငယ္ငယ္ရြယ္ရြယ္နဲ႔လူသတ္မႈက်ဴးလြန္တဲ့ ဆယ္ေက်ာ္သက္မိန္းကေလးႏွစ္ေယာက္


By netsetaw
April 8, 2016

ၿပီးခဲ့တဲ့ ဧၿပီ 7 ရက္ေန႕က ဆယ္ေက်ာ္သက္မိန္းကေလးႏွစ္ေယာက္ကုိ လူသတ္မႈမွာ အျပစ္ရွိတဲ့အတြက္ ေထာင္ဒဏ္ (15)ႏွစ္ထက္မနည္း က်ခံေစဖုိ႕ တရား႐ုံးက ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ အဲဒီေကာင္မေလးေတြရဲ႕ နာမည္ကိုေတာ့ ဥပ
ေဒအရ တားျမစ္ထားလုိ႕ ေဖာ္ျပထားျခင္း မရွိေပမယ့္ တစ္ေယာက္ကေတာ အသက္ 14 ႏွစ္ျဖစ္ၿပီး၊ က်န္တဲ့တစ္
ေယာက္ကေတာ့ အသက္ 13 ႏွစ္အရြယ္ မိန္းကေလးေတြ ျဖစ္ၾကပါတယ္။ ေသဆုံးသူ အမ်ိဳးသမီးရဲ႕ အမည္ကေတာ့ Angela Wrightson ျဖစ္ၿပီး အသက္ 39 ႏွစ္အရြယ္ရွိၿပီ ျဖစ္ပါတယ္။

သူတုိ႕ဟာ Angela ရဲ႕ အိမ္ ဧည့္ခန္းထဲမွာပဲ လူသတ္မႈ က်ဴးလြန္ခဲ့တာျဖစ္ၿပီး လူသတ္လက္နက္အျဖစ္၊ တီဗြီ၊ ေကာ္ဖီစား
ပြဲ၊ ၀က္အူရစ္သံေခ်ာင္းေတြ၊ ေျမသယ္ေဂၚျပား စတာေတြကို အသုံးျပဳခဲ့ပါတယ္။ Anglea ဟာ ဒဏ္ရာေပါင္း 100 ေက်ာ္နဲ႕ ေသြးအုိင္ထဲမွာ အသက္မဲ့ေနခဲ့ၿပီး တရားခံႏွစ္ေယာက္ဟာ အေလာင္းနဲ႕အတူ လူမႈကြက္ယက္ေပၚကို ဓာတ္ပုံေတြ႐ုိက္တင္ခဲ့ပါတယ္။ အဆုိပါ အမႈကုိ Leeds Crown Court တရား႐ုံးမွာ ၾကားနာမႈေတြ လုပ္ခဲ့ပါတယ္။ တရားသူႀကီး Justice Globe က ” ဒါဟာ အလြန္ရက္စက္တဲ့ လူသတ္မႈ” လုိ႕ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ အမူစစ္ေဆးေနတဲ့ အေတာအတြင္း
မွာ တရားခံႏွစ္ေယာက္ဟာ ကုိယ့္ကုိယ္ကုိ သတ္ေသဖုိ႕ ေလးႀကိမ္အထိ ႀကိဳးစားခဲ့ေသးေၾကာင့္ တရားသူႀကီးက ျဖည့္
စြက္ ေျပာၾကားခဲ့ပါတယ္။

တရားသူႀကီးက စီရင္ခ်က္ကုိ ဆုံးျဖတ္ရာမွာ ” ဒီလူသတ္မႈဟာ ေသနက္နဲ႕ပစ္သတ္တဲ့ အမႈနဲ႕ မတူပါဘူး … ေသဆုံးသူ
ဟာ မလုပ္ပါနဲ႕လုိ႕ အသနားခံတာေတာင္မွ ရက္ရက္စက္စက္ က်ဴးလြန္ခဲ့ပါတယ္ … ဒီလက္နက္ေပါင္းစုံ နည္းလမ္း
ေပါင္းစုံနဲ႕ သတ္ျဖတ္ခဲ့တာပါ … ေသဆုံးသူဟာ မေသခင္မွာ စိတ္ပုိင္း/႐ုပ္ပုိင္း က်န္းမာေရး ခ်ိဳ႕တဲ့သူတစ္ဦးျဖစ္ၿပီး အ
သက္မထြက္ခင္မွာ သတိေမ့သြားခဲ့ပါေသးတယ္ … ေသဆုံးသူ ေသာက္ထားတဲ့ အရက္ေသစာကလည္း အရမ္းကို မ်ား
ျပားေနေတာ့ တစ္ခ်ိဳ႕ဒဏ္ရာေတြကုိ ထုံေနၿပီး တစ္ျခားေနရာကို ထြက္ေျပးဖုိ႕ မျဖစ္ႏုိင္ပါဘူး …ေသဆုံးသူဟာသင္တုိ႔
ႏွစ္ေယာက္စလုံးကုိ အိမ္လာလည္ဖုိ႕ ၾကင္ၾကင္နာနာဖိတ္ခဲ့တယ္ … လုိခ်င္တာကို ၀ယ္ေပးခဲ့တယ္ … ဒါကို သင္တုိ႕ႏွစ္
ေယာက္က ရက္စက္စြာ မေသမခ်င္း သတ္ခဲ့တယ္ ”  လုိ႕ သုံးသပ္ခဲ့ပါတယ္။


လူမႈကြက္ယက္ေပၚမွာ တင္ခဲ့တဲ့ ပုံေတြေၾကာင့္ သုံးစြဲသူေတြၾကားမွာ ဒီေလာက္ အသက္ငယ္ငယ္နဲ႕၊ ေနာက္ၿပီး မိန္းက
ေလး ျဖစ္တဲ့ ဆယ္ေက်ာ္သတ္ႏွစ္ေယာက္ဟာ လူသတ္မႈ က်ဴးလြန္တာ ဟုတ္မွဟုတ္ပါ့မလား-ဆုိၿပီး အျမင္လြဲမွား
မႈေတြ ရွိခဲ့ပါတယ္။ တရား႐ုံးမွာ သူမတုိ႕ႏွစ္ေယာက္ဟာ စိတ္ၾကြေဆးျပားေတြ အလြန္သုံးစြဲထားမိေၾကာင္းလည္း ၀န္ခံ
ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ မိန္းကေလးတရားခံႏွစ္ေယာက္ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားလုိ႕ တရား႐ုံးက အနည္း
ဆုံး ေထာင္ဒဏ္(15)ႏွစ္ က်ခံေစဖုိ႕ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီေထာင္ဒဏ္ (15)ႏွစ္ဟာ ႏုိင္ငံတကာစံႏႈန္းအရ ကေလးသူငယ္
ေတြ အျမင့္ဆုံး ျပစ္ဒဏ္က်ဴးလြန္တဲ့အခါမွာ ခ်မွတ္ေလ့ရွိတဲ့ ေထာင္ဒဏ္ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕မွာ တာ၀န္ထမ္းေဆာင္
တာ 25 ႏွစ္ရွိၿပီျဖစ္တဲ့ Peter McPhillips ကေတာ့ ဒီလုိ မႈခင္းမ်ိဳး တစ္ခါမွ မႀကဳံခဲ့ဘူးေၾကာင္း ေျပာခဲ့ပါတယ္။

source : metro.co.uk
http://www.shwemom.com/two-girls-13-and-14-sentenced-to-15-years-for-murder/

........................

ငယ်ငယ်ရွယ်ရွယ်နဲ့လူသတ်မှုကျူးလွန်တဲ့ ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်
By netsetaw -  April 8, 2016
ပြီးခဲ့တဲ့ ဧပြီ 7 ရက်နေ့က ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်ကို လူသတ်မှုမှာ အပြစ်ရှိတဲ့အတွက် ထောင်ဒဏ် (15)နှစ်ထက်မနည်း ကျခံစေဖို့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီကောင်မလေးတွေရဲ့ နာမည်ကိုတော့ ဥပ
ဒေအရ တားမြစ်ထားလို့ ဖော်ပြထားခြင်း မရှိပေမယ့် တစ်ယောက်ကတော အသက် 14 နှစ်ဖြစ်ပြီး၊ ကျန်တဲ့တစ်
ယောက်ကတော့ အသက် 13 နှစ်အရွယ် မိန်းကလေးတွေ ဖြစ်ကြပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ အမည်ကတော့ Angela Wrightson ဖြစ်ပြီး အသက် 39 နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

သူတို့ဟာ Angela ရဲ့ အိမ် ဧည့်ခန်းထဲမှာပဲ လူသတ်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး လူသတ်လက်နက်အဖြစ်၊ တီဗွီ၊ ကော်ဖီစား
ပွဲ၊ ၀က်အူရစ်သံချောင်းတွေ၊ မြေသယ်ဂေါ်ပြား စတာတွေကို အသုံးပြုခဲ့ပါတယ်။ Anglea ဟာ ဒဏ်ရာပေါင်း 100 ကျော်နဲ့ သွေးအိုင်ထဲမှာ အသက်မဲ့နေခဲ့ပြီး တရားခံနှစ်ယောက်ဟာ အလောင်းနဲ့အတူ လူမှုကွက်ယက်ပေါ်ကို ဓာတ်ပုံတွေရိုက်တင်ခဲ့ပါတယ်။ အဆိုပါ အမှုကို Leeds Crown Court တရားရုံးမှာ ကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ တရားသူကြီး Justice Globe က ” ဒါဟာ အလွန်ရက်စက်တဲ့ လူသတ်မှု” လို့ ကောက်ချက်ချခဲ့ပါတယ်။ အမူစစ်ဆေးနေတဲ့ အတောအတွင်း
မှာ တရားခံနှစ်ယောက်ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ လေးကြိမ်အထိ ကြိုးစားခဲ့သေးကြောင့် တရားသူကြီးက ဖြည့်
စွက် ပြောကြားခဲ့ပါတယ်။



တရားသူကြီးက စီရင်ချက်ကို ဆုံးဖြတ်ရာမှာ ” ဒီလူသတ်မှုဟာ သေနက်နဲ့ပစ်သတ်တဲ့ အမှုနဲ့ မတူပါဘူး … သေဆုံးသူ
ဟာ မလုပ်ပါနဲ့လို့ အသနားခံတာတောင်မှ ရက်ရက်စက်စက် ကျူးလွန်ခဲ့ပါတယ် … ဒီလက်နက်ပေါင်းစုံ နည်းလမ်း
ပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့တာပါ … သေဆုံးသူဟာ မသေခင်မှာ စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေး ချို့တဲ့သူတစ်ဦးဖြစ်ပြီး အ
သက်မထွက်ခင်မှာ သတိမေ့သွားခဲ့ပါသေးတယ် … သေဆုံးသူ သောက်ထားတဲ့ အရက်သေစာကလည်း အရမ်းကို များ
ပြားနေတော့ တစ်ချို့ဒဏ်ရာတွေကို ထုံနေပြီး တစ်ခြားနေရာကို ထွက်ပြေးဖို့ မဖြစ်နိုင်ပါဘူး …သေဆုံးသူဟာသင်တို့
နှစ်ယောက်စလုံးကို အိမ်လာလည်ဖို့ ကြင်ကြင်နာနာဖိတ်ခဲ့တယ် … လိုချင်တာကို ၀ယ်ပေးခဲ့တယ် … ဒါကို သင်တို့နှစ်
ယောက်က ရက်စက်စွာ မသေမချင်း သတ်ခဲ့တယ် ”  လို့ သုံးသပ်ခဲ့ပါတယ်။


လူမှုကွက်ယက်ပေါ်မှာ တင်ခဲ့တဲ့ ပုံတွေကြောင့် သုံးစွဲသူတွေကြားမှာ ဒီလောက် အသက်ငယ်ငယ်နဲ့၊ နောက်ပြီး မိန်းက
လေး ဖြစ်တဲ့ ဆယ်ကျော်သတ်နှစ်ယောက်ဟာ လူသတ်မှု ကျူးလွန်တာ ဟုတ်မှဟုတ်ပါ့မလား-ဆိုပြီး အမြင်လွဲမှား
မှုတွေ ရှိခဲ့ပါတယ်။ တရားရုံးမှာ သူမတို့နှစ်ယောက်ဟာ စိတ်ကြွဆေးပြားတွေ အလွန်သုံးစွဲထားမိကြောင်းလည်း ၀န်ခံ
ခဲ့ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတရားခံနှစ်ယောက်ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့ တရားရုံးက အနည်း
ဆုံး ထောင်ဒဏ်(15)နှစ် ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထောင်ဒဏ် (15)နှစ်ဟာ နိုင်ငံတကာစံနှုန်းအရ ကလေးသူငယ်
တွေ အမြင့်ဆုံး ပြစ်ဒဏ်ကျူးလွန်တဲ့အခါမှာ ချမှတ်လေ့ရှိတဲ့ ထောင်ဒဏ် ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်
တာ 25 နှစ်ရှိပြီဖြစ်တဲ့ Peter McPhillips ကတော့ ဒီလို မှုခင်းမျိုး တစ်ခါမှ မကြုံခဲ့ဘူးကြောင်း ပြောခဲ့ပါတယ်။

source : metro.co.uk
http://www.shwemom.com/two-girls-13-and-14-sentenced-to-15-years-for-murder/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment