ရာသီဥတု သေဘာတူညီခ်က္ ကမာၻ႔ ေခါင္းေဆာင္ေတြ လက္မွတ္ထိုးမည္

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ပဲရစ္ၿမိဳ႕ညီလာခံမွာ ကမာၻ႔ေခါင္းေဆာင္ေတြ ရာသီဥတု ေျပာင္းလဲမႈ သေဘာတူညီခ်က္ရခဲ့။
ကမာၻ႔ ေခါင္းေဆာင္ေတြဟာ ရာသီဥတုေျပာင္းလဲမႈရဲ႕ သက္ေရာက္မႈေတြကို အရွိန္ေႏွးသြားေအာင္ လုပ္ဖို႕နဲ႕ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ထိခိုက္မႈေတြကို ကုစားဖို႕အတြက္ သမိုင္း၀င္ လုပ္ေဆာင္ခ်က္ကို ေသာၾကာေန႔က်ရင္ ကုလသမဂၢမွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။

သမၼတနဲ႕ ၀န္ၾကီးခ်ဳပ္ ၆၀ေက်ာ္နဲ႕ အျခားႏိုင္ငံေပါင္း ၁၃၀ေက်ာ္က ထိပ္ပိုင္း အရာရွိ ဒါဇင္ေပါင္းမ်ားစြာဟာ နယူးေယာက္ၿမိဳ႕မွာ လာေရာက္ စုေ၀းၿပီး၊ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ပဲရစ္ၿမိဳ႕ညီလာခံမွာ ရရွိခဲ့တဲ့ ရာသီဥတု ေျပာင္းလဲမႈ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးၾကမွာ ျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္အရ ကမၻာလံုးဆိုင္ရာ အပူခ်ိန္ျမင့္တက္ေနတာကို ၂ ဒီဂရီ စင္တီဂရိတ္ေအာက္မွာပဲ ရွိေနေအာင္ ထိမ္းထားဖို႕ လုပ္ေဆာင္ၾကမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီသေဘာတူညီခ်က္မွာ ဖန္လံုအိမ္ ဓါတ္ေငြ႕ ထုတ္လႊတ္မႈေတြ ကို ေလွ်ာ့ခ်ႏိုင္ေအာင္ လုပ္ဖို႕ လမ္းျပေျမပံု နဲ႕ ကမၻာၾကီး ပူေႏြး လာတာေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြကို ေလွ်ာ့ခ်ဖို႕လည္း ပါ၀င္ပါတယ္။

ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ ဘန္ကီမြန္းက ဒီပဲရစ္ သေဘာတူညီခ်က္ကဟာ ရာသီဥတု အေျပာင္းလဲမႈအေပၚ ကမၻာၾကီးက တုန္႕ျပန္ရာမွာ အခ်ိဳးအေကြ႕ အေျပာင္းအလဲ တစ္ခု ျဖစ္ေစခဲ့တယ္လို႕ ခ်ီးမြမ္းေျပာဆိုခဲ့ပါတယ္။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ရခဲ့။
ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အရှိန်နှေးသွားအောင် လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုတွေကို ကုစားဖို့အတွက် သမိုင်းဝင် လုပ်ဆောင်ချက်ကို သောကြာနေ့ကျရင် ကုလသမဂ္ဂမှာ စတင်တော့မှာ ဖြစ်ပါတယ်။

သမ္မတနဲ့ ၀န်ကြီးချုပ် ၆၀ကျော်နဲ့ အခြားနိုင်ငံပေါင်း ၁၃၀ကျော်က ထိပ်ပိုင်း အရာရှိ ဒါဇင်ပေါင်းများစွာဟာ နယူးယောက်မြို့မှာ လာရောက် စုဝေးပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ရရှိခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်နေတာကို ၂ ဒီဂရီ စင်တီဂရိတ်အောက်မှာပဲ ရှိနေအောင် ထိမ်းထားဖို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်မှာ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ ကို လျှော့ချနိုင်အောင် လုပ်ဖို့ လမ်းပြမြေပုံ နဲ့ ကမ္ဘာကြီး ပူနွေး လာတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို လျှော့ချဖို့လည်း ပါ၀င်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒီပဲရစ် သဘောတူညီချက်ကဟာ ရာသီဥတု အပြောင်းလဲမှုအပေါ် ကမ္ဘာကြီးက တုန့်ပြန်ရာမှာ အချိုးအကွေ့ အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်လို့ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment