အယ်နီညိုအပူလှိုင်းကြောင့် မလေးရှား စာသင်ကျောင်း ၂၅၀ ကျော်ပိတ်

ဓာတ်ပုံ - scmp.com

အယ်နီညို အပူလှိုင်းကြောင့် ကမ္ဘာ့နိုင်ငံ အတော် များများမှာ စားသောက် ကုန်ထုတ် လုပ်ငန်း aတွနဲ့ သောက်သုံးရေ ပြတ်လပ် မှုတွေ ဖြစ်နေပြီး မလေးရှား နိုင်ငံမှာတော့ စာသင်ကျောင်း ၂၅၀ ကျော်ကို ပိတ်လိုက် ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒေသတွင်း သတင်း အစီရင် ခံစာတွေအရ ပါလစ်စ်ပြည်နယ်နဲ့ ပါဟန်ပြည်နယ်တွေထဲက စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ရ၂ နာရီအတွင်း အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ထက် ပိုလာခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိတ်လိုက်ဖို့ အမိန့်ထုတ်ခဲ့တာပါ။

မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးက ကျောင်းသားဦးရေ ၁ သိန်းကျော်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ဖို့ ခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ဒေသတွင်း ဘနားမား (Bernama) သတင်းကို ပြောပါတယ်။

မခံမရပ်နိုင်လောက်အောင် ပူပြင်းတဲ့ ဒီအပူချိန်ကြောင့် စပါးစိုက်ခင်းတွေနဲ့ ရာဘာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတွေကို အကျိုးသက်ရောက်စေပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကိုပါ ထိခိုက်စေလို့ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေဟာ ကမ္ဘာပေါ်မှာ အပူချိန် စံချိန်တင်ခဲ့တဲ့ လတွေဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ မျှော်မှန်းမထားတဲ့ အခြေအနေတခုဖြစ်တယ်လို့ ပြောပါတယ်။

အာရှဒေသတွင်းမှာလည်း တခြားဒေသတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွင်း ဒေသအတော်များများမှာ အယ်နီညိုရဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တာပါ။

အယ်နီညိိုဟာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် ပူနွေးမှုကြောင့် အစပျိုးလာတာဖြစ်ပြီး ကမ္ဘာ့တချို့နေရာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ကာ တချို့နေရာတွေမှာတော့ မိုးခေါင်ရေရှားမှုတွေ ဖြစ်နိုင်ပါတယ်။

မလေးရှားနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ လက်ရှိအပူချိန်ဟာ မကြာခင်မှာ လျော့လာနိုင်တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်က မုတ်သုံရာသီဝင်ခဲ့ပြီဆိုတော့ ခုချိန်မှာ အဆိုးဆုံး အခြေအနေက ပြီးသွားပါပြီ။ မိုးပိုရွာလာမယ်လို့ပဲ မျှော်လင့်ရမှာပါ” လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချီဂါယာအစ်စ်မေးလ်က ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/144118


......................
အယ္နီညိဳအပူလႈိင္းေၾကာင့္ မေလးရွား စာသင္ေက်ာင္း ၂၅၀ ေက်ာ္ပိတ္


ဓာတ္ပုံ - scmp.com

အယ္နီညိဳ အပူလႈိင္းေၾကာင့္ ကမၻာ့ႏိုင္ငံ အေတာ္ မ်ားမ်ားမွာ စားေသာက္ ကုန္ထုတ္ လုပ္ငန္း aတြနဲ႔ ေသာက္သံုးေရ ျပတ္လပ္ မႈေတြ ျဖစ္ေနၿပီး မေလးရွား နိုင္ငံမွာေတာ့ စာသင္ေက်ာင္း ၂၅၀ ေက်ာ္ကုိ ပိတ္လိုက္ ရတယ္လို႔ ဘန္ေကာက္ပုိ႔စ္ သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ေဒသတြင္း သတင္း အစီရင္ ခံစာေတြအရ ပါလစ္စ္ျပည္နယ္နဲ႔ ပါဟန္ျပည္နယ္ေတြထဲက စာသင္ေက်ာင္းေတြကို ၿပီးခဲ့တဲ့ ၇၂ နာရီအတြင္း အပူခ်ိန္ ၃၇ ဒီဂရီစင္တီဂရိတ္ထက္ ပုိလာခဲ့တဲ့အတြက္ သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ပိတ္လိုက္ဖို႔ အမိန္႔ထုတ္ခဲ့တာပါ။

မေလးရွားႏိုင္ငံ ပညာေရး၀န္ႀကီးက ေက်ာင္းသားဦးေရ ၁ သိန္းေက်ာ္ရဲ႕ က်န္းမာေရးကို ကာကြယ္ေပးႏိုင္ဖို႔ ခုလို ဆံုးျဖတ္လိုက္ရတာ ျဖစ္တယ္လို႔ ေဒသတြင္း ဘနားမား (Bernama) သတင္းကို ေျပာပါတယ္။

မခံမရပ္ႏိုင္ေလာက္ေအာင္ ပူျပင္းတဲ့ ဒီအပူခ်ိန္ေၾကာင့္ စပါးစိုက္ခင္းေတြနဲ႔ ရာဘာစိုက္ပ်ိဳးထုတ္လုပ္မႈ လုပ္ငန္းေတြကို အက်ိဳးသက္ေရာက္ေစၿပီး ဟင္းသီးဟင္းရြက္ စုိက္ခင္းေတြကိုပါ ထိခိုက္ေစလို႔ ေစ်းႏႈန္းျမင့္တက္မႈေတြ ျဖစ္လာႏိုင္ေၾကာင္း သတင္းေတြမွာ ေဖာ္ျပေနပါတယ္။

၂၀၁၆ ခုႏွစ္၊ ဇန္န၀ါရီလနဲ႔ ေဖေဖာ္၀ါရီလေတြဟာ ကမၻာေပၚမွာ အပူခ်ိန္ စံခ်ိန္တင္ခဲ့တဲ့ လေတြျဖစ္ၿပီး ရာသီဥတု ေျပာင္းလဲမႈရဲ႕ ေနာက္ဆက္တြဲ ေမွ်ာ္မွန္းမထားတဲ့ အေျခအေနတခုျဖစ္တယ္လို႔ ေျပာပါတယ္။

အာရွေဒသတြင္းမွာလည္း တျခားေဒသေတြျဖစ္တဲ့ ထိုင္းႏိုင္ငံနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတြင္း ေဒသအေတာ္မ်ားမ်ားမွာ အယ္နီညိဳရဲ႕ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့တာပါ။

အယ္နီညိိဳဟာ ပစိဖိတ္သမုဒၵရာ ပင္လယ္ေရမ်က္ႏွာျပင္ ပူေႏြးမႈေၾကာင့္ အစပ်ိဳးလာတာျဖစ္ၿပီး ကမၻာ့တခ်ိဳ႕ေနရာေတြမွာ မိုးသည္းသည္းထန္ထန္ ရြာသြန္းႏိုင္ကာ တခ်ိဳ႕ေနရာေတြမွာေတာ့ မိုးေခါင္ေရရွားမႈေတြ ျဖစ္ႏိုင္ပါတယ္။

မေလးရွားႏိုင္ငံ၊ မိုးေလ၀သနဲ႔ ဇလေဗဒဌာနကေတာ့ လက္ရွိအပူခ်ိန္ဟာ မၾကာခင္မွာ ေလ်ာ့လာႏိုင္တယ္လို႔ ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ရက္သတၱပတ္က မုတ္သံုရာသီ၀င္ခဲ့ၿပီဆိုေတာ့ ခုခ်ိန္မွာ အဆိုးဆံုး အေျခအေနက ၿပီးသြားပါၿပီ။ မိုးပိုရြာလာမယ္လို႔ပဲ ေမွ်ာ္လင့္ရမွာပါ” လို႔ မိုးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနမွ ညႊန္ၾကားေရးမႉး ခ်ီဂါယာအစ္စ္ေမးလ္က ေျပာပါတယ္။

by ဒီဗီြဘီ

Originally published at - http://burmese.dvb.no/archives/144118



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment