အေမရိကန္တကၠသုိလ္တက္ခြင့္ ဗီဇာအတုေၾကာင့္လူ ၂၁ ဦး ဖမ္းဆီးခံရ


တကၠသိုလ္ေက်ာင္းအတုမွာ ေက်ာင္းတက္ဖုိ႔ ဒါမွမဟုတ္ အလုပ္လုပ္ဖို႔ဆုိၿပီး ႏုိင္ငံျခားသား အေယာက္ ၁၀၀၀ ကို အေမရိကန္မွာ ေနခြင့္ရေအာင္လို႔ ပူးေပါင္းႀကံစည္မႈမွာ ပါ၀င္ပတ္သက္တယ္ဆိုတဲ့ စြြဲခ်က္နဲ႔ လူ ၂၁ ေယာက္ကို ဖမ္းဆီးလိုက္တဲ့အေၾကာင္း အေမရိကန္ အာဏာပိုင္ေတြက ေျပာဆုိလုိက္ပါတယ္။

စြပ္စြဲခံထားရသူေတြအေနနဲ႔ Northern New Jersey တကၠသိုလ္မွာ ဆရာ၊ ဆရာမေတြ၊ စာသင္ခန္းေတြ ဒါမွမဟုတ္ ဘြဲ႔ရႏုိင္တဲ့ အစီအစဥ္ေတြ ဘာတခုမွမရွိတာကို သိၾကေပမဲ့ - ဒီတကၠသိုလ္ကို အေမရိကန္ အမိေျမလံုၿခံဳေရးဌာနက ဖန္တီးထားတယ္ဆုိတာကိုေတာ့ မသိခဲ့ၾကပါဘူး။

ယံုၾကည္ေလာက္ေအာင္ ေဖာ္ျပထားတဲ့ ၀ဘ္ဆုိဒ္တခုနဲ႔ ထူးျခားေျပာင္ေျမာက္တဲ့ ပညာေရးအေတြ႔အႀကံဳတခုကို ရေစရမယ္လို႔ ကတိေပးထားတဲ့ တကၠသိုလ္အတုကိုေတာ့ - အေမရိကန္ဗီဇာရဖုိ႔အတြက္ မမွန္မကန္လုပ္ေဆာင္မႈေတြကို ဟန႔္တားဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စု အမိေျမလံုၿခံဳေရးဌာနကေန - ၂၀၁၂ ခုႏွစ္မွာ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ဒီတကၠသိုလ္နဲ႔ပတ္သက္ၿပီး ဗီဇာလြယ္တဲ့အေၾကာင္း သတင္းေတြထြက္ေပၚလာရာမွာ - ဗီဇာပြဲစားေတြနဲ႔ တကၠသိုလ္တက္ဖုိ႔ စီစဥ္ေပးသူေတြက အဲဒီ တကၠသိုလ္ထံ ခ်ဥ္းကပ္လာၾကၿပီး၊ ပြဲစားတဦးကဆုိရင္ ဒါဟာ အေမရိကန္ ႏုိင္ငံတြင္း အေျခခ်ႏုိင္ဖို႔ ေျခလွမ္းတရပ္ ျဖစ္တယ္လို႔ သူ႔ကို ၀န္ခံခဲ့ေၾကာင္း နယူးဂ်ာစီအစိုးရေရွ႕ေန Paul Fisherman က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ဒီဗီဇာအတုလုပ္ငန္းကေန အမ်ားဆံုး အက်ိဳးခံစားခဲ့ၾကတဲ့ ႏုိင္ငံျခားသားအမ်ားစုဟာ အိႏၵိယနဲ႔ တ႐ုတ္ႏုိင္ငံသားျဖစ္ၾကၿပီး သူတုိ႔တေတြဟာ အေမရိကန္ျပည္ေထာင္စုကို လာေရာက္လည္ပတ္တဲ့ ဗီဇာေတြနဲ႔ ေရာက္ႏွင့္ၿပီး ျဖစ္ၾကေပမဲ့ ဆက္လက္ေနထုိင္တဲ့ နည္းလမ္းေတြကို ရွာေဖြေနၾကသူေတြ ျဖစ္ပါတယ္။ သူတုိ႔ေတြကို မည္သူမည္၀ါေတြျဖစ္တယ္ဆုိတာ လူ၀င္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြက သိရွိထားၿပီး၊ လုိအပ္သလို ကိုင္တြယ္သြားမယ္လို႔ ေျပာေပမဲ့ အေရးယူမွာေတာ့ မဟုတ္ဘူးလို႔ Fisherman က ေျပာပါတယ္။ လက္ရွိမွာ အေမရိကန္ျပည္ေထာင္စုက တကၠသိုလ္ေတြမွာ တရား၀င္ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေပါင္း ၁ ဒႆမ ၂ သန္းရွိတယ္လို႔လည္း New York Times သတင္းစာကို အစိုးရအရာရွိေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................


တက္ကသိုလ်ကျောင်းအတုမှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ဆိုပြီး နိုင်ငံခြားသား အယောက် ၁၀၀၀ ကို အမေရိကန်မှာ နေခွင့်ရအောင်လို့ ပူးပေါင်းကြံစည်မှုမှာ ပါ၀င်ပတ်သက်တယ်ဆိုတဲ့ စွွဲချက်နဲ့ လူ ၂၁ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

စွပ်စွဲခံထားရသူတွေအနေနဲ့ Northern New Jersey တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ၊ စာသင်ခန်းတွေ ဒါမှမဟုတ် ဘွဲ့ရနိုင်တဲ့ အစီအစဉ်တွေ ဘာတခုမှမရှိတာကို သိကြပေမဲ့ - ဒီတက္ကသိုလ်ကို အမေရိကန် အမိမြေလုံခြုံရေးဌာနက ဖန်တီးထားတယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။

ယုံကြည်လောက်အောင် ဖော်ပြထားတဲ့ ၀ဘ်ဆိုဒ်တခုနဲ့ ထူးခြားပြောင်မြောက်တဲ့ ပညာရေးအတွေ့အကြံုတခုကို ရစေရမယ်လို့ ကတိပေးထားတဲ့ တက္ကသိုလ်အတုကိုတော့ - အမေရိကန်ဗီဇာရဖို့အတွက် မမှန်မကန်လုပ်ဆောင်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြံုရေးဌာနကနေ - ၂၀၁၂ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ်နဲ့ပတ်သက်ပြီး ဗီဇာလွယ်တဲ့အကြောင်း သတင်းတွေထွက်ပေါ်လာရာမှာ - ဗီဇာပွဲစားတွေနဲ့ တက္ကသိုလ်တက်ဖို့ စီစဉ်ပေးသူတွေက အဲဒီ တက္ကသိုလ်ထံ ချဉ်းကပ်လာကြပြီး၊ ပွဲစားတဦးကဆိုရင် ဒါဟာ အမေရိကန် နိုင်ငံတွင်း အခြေချနိုင်ဖို့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ သူ့ကို ၀န်ခံခဲ့ကြောင်း နယူးဂျာစီအစိုးရရှေ့နေ Paul Fisherman က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီဗီဇာအတုလုပ်ငန်းကနေ အများဆုံး အကျိုးခံစားခဲ့ကြတဲ့ နိုင်ငံခြားသားအများစုဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံသားဖြစ်ကြပြီး သူတို့တတွေဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်တဲ့ ဗီဇာတွေနဲ့ ရောက်နှင့်ပြီး ဖြစ်ကြပေမဲ့ ဆက်လက်နေထိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေကို မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက သိရှိထားပြီး၊ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့ ပြောပေမဲ့ အရေးယူမှာတော့ မဟုတ်ဘူးလို့ Fisherman က ပြောပါတယ်။ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ တရားဝင် ကျောင်းတက်နေတဲ့ ကျောင်းသားပေါင်း ၁ ဒဿမ ၂ သန်းရှိတယ်လို့လည်း New York Times သတင်းစာကို အစိုးရအရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment