ရုရွက ျမန္မာသို႔ ဂ်က္တိုက္ေလယာဥ္သစ္မ်ား ၂၀၁၆ ႏွစ္္ကုန္ခန္႔တြင္ လႊဲေပးမည္
ေနျပည္ေတာ္၊ ဧၿပီ-၂၇
၂၀၁၆ခုႏွစ္အကုန္ခန္႔တြင္ ရုရွက ျမန္မာသို႔ ဂ်က္တိုက္ေလယာဥ္ ၃စင္း ထုတ္ေပးသြားမည္ျဖစ္သည္ဟု မီဒီယာသတင္းရင္းျမစ္မ်ားက ဧၿပီလ ၂၆ရက္ေန႔တြင္ ေဖာ္ျပခဲ့ၾကသည္။
ယခုႏွစ္အေစာပိုင္းက ရုရွ ေလယာဥ္ထုတ္လုပ္သည့္ Irkut ထံမွ သတင္းအခ်က္အလက္မ်ားအရ ယခုႏွစ္တြင္ Yakovlev Yak-130 (Mitten) တုိက္ပြဲ၀င္ေလ့က်င့္ေရးေလယာဥ္ႏွင့္ ပူးတြဲပါ ကိရိယာမ်ားကို ျမန္မာႏိုင္ငံသို႔ ထုတ္ေပးသြားမည္ျဖစ္ၿပီး၊ မစ္ရွင္ျပည့္ အထူးေလ့က်င့္ေရးကိရိယာကိုလည္း ၂၀၁၇ခုႏွစ္ အကုန္ခန္႔တြင္ ထုတ္ေပးသြားမည္ျဖစ္သည္ဟု ဆိုသည္။ ပ်မ္းမွ် ပို႔ကုန္ေစ်းႏႈန္း ကန္ေဒၚလာ ၁၅သန္းရွိသည့္ ေလယာဥ္ကို ထုတ္ေပးမည့္ အစီအစဥ္ အေသးစိတ္ႏွင့္ ပတ္သက္၍မူ ထုတ္ျပန္ျခင္းမရွိေပ။
သို႔ရာတြင္ ယခုႏွစ္အကုန္ေလာက္တြင္ ေလယာဥ္မ်ားကို လႊဲေျပာင္းေပးအပ္လိမ့္မည္ဟု သတင္းရင္းျမစ္တစ္ခုက ရုရွေန႔စဥ္သတင္းစာ Kommersant ကို အတည္ျပဳခဲ့သည္ဟု ဆုိသည္။
“ေလယာဥ္ ၃စင္းကို ၂၀၁၆ခုႏွစ္ထဲမွာ ျမန္မာကို လႊဲေျပာင္းေပးသြားမွာပါ”ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာၾကားခဲ့သည္။
ရုရွလုပ္ ဆိုနာတစ္ပိုင္း လူႏွစ္ေယာက္ထိုင္ မ်ိဳးဆက္သစ္ေလယာဥ္ Yak-130ကို ကနဦးက ၁၉၉၀ခုႏွစ္မ်ားတြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး၊ ၂၀၀၀ခုႏွစ္မ်ားတြင္ စမ္းသပ္ တုိက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ေတာင္ပံမ်ားေအာက္တြင္ hard points မ်ား ပါ၀င္ေသာေၾကာင့္ ေ၀ဟင္မွ ေ၀ဟင္ပစ္ ဒံုးက်ည္မ်ား၊ ေ၀ဟင္မွ ေျမျပင္ပစ္ဒံုးက်ည္မ်ား၊ ဗံုးမ်ား၊ ဒံုးပ်ံမ်ားႏွင့္ gun podမ်ားအပါအ၀င္ ၃၀၀၀ကီလိုဂရမ္ႏွင့္အထက္အထိ ၀န္တင္ႏိုင္သည္။
ျမန္မာက Yak-130 ၀ယ္ယူမႈစာခ်ဳပ္ကို ၂၀၁၅ခုႏွစ္ ဇြန္လတြင္ လက္မွတ္ေရးထုိးခဲ့သည္။
ေနာက္ပိုင္းတြင္ ရုရွေလတပ္မွာ Yak-130မ်ားကို အေျမာက္အမ်ားထုတ္လုပ္လာသကဲ့သို႔ လက္တင္အေမရိကႏွင့္ ေျမာက္အာဖရိကတို႔မွ အပါအ၀င္ အျခားႏိုင္ငံမ်ားကလည္း ၀ယ္ယူရန္ စိတ္၀င္စားလာခဲ့ၾကသည္။
ယခုလက္ရွိတြင္ ျမန္မာမွာ အယ္လ္ဂ်ီးရီးယား၊ ဘဂၤလားေဒ့ရွ္ႏွင့္ ဘီလာရုစ္တို႔ျပီးလွ်င္ Yak-130ကို စတုတၳေျမာက္ ၀ယ္ယူသူျဖစ္လာသည္။
AM
The Diplomat
china.com Myanmar
https://www.facebook.com/china.com.mm/
..........................................
နေပြည်တော်၊ ဧပြီ-၂၇
၂၀၁၆ခုနှစ်အကုန်ခန့်တွင် ရုရှက မြန်မာသို့ ဂျက်တိုက်လေယာဉ် ၃စင်း ထုတ်ပေးသွားမည်ဖြစ်သည်ဟု မီဒီယာသတင်းရင်းမြစ်များက ဧပြီလ ၂၆ရက်နေ့တွင် ဖော်ပြခဲ့ကြသည်။
ယခုနှစ်အစောပိုင်းက ရုရှ လေယာဉ်ထုတ်လုပ်သည့် Irkut ထံမှ သတင်းအချက်အလက်များအရ ယခုနှစ်တွင် Yakovlev Yak-130 (Mitten) တိုက်ပွဲဝင်လေ့ကျင့်ရေးလေယာဉ်နှင့် ပူးတွဲပါ ကိရိယာများကို မြန်မာနိုင်ငံသို့ ထုတ်ပေးသွားမည်ဖြစ်ပြီး၊ မစ်ရှင်ပြည့် အထူးလေ့ကျင့်ရေးကိရိယာကိုလည်း ၂၀၁၇ခုနှစ် အကုန်ခန့်တွင် ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ပျမ်းမျှ ပို့ကုန်စျေးနှုန်း ကန်ဒေါ်လာ ၁၅သန်းရှိသည့် လေယာဉ်ကို ထုတ်ပေးမည့် အစီအစဉ် အသေးစိတ်နှင့် ပတ်သက်၍မူ ထုတ်ပြန်ခြင်းမရှိပေ။
သို့ရာတွင် ယခုနှစ်အကုန်လောက်တွင် လေယာဉ်များကို လွှဲပြောင်းပေးအပ်လိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ရုရှနေ့စဉ်သတင်းစာ Kommersant ကို အတည်ပြုခဲ့သည်ဟု ဆိုသည်။
“လေယာဉ် ၃စင်းကို ၂၀၁၆ခုနှစ်ထဲမှာ မြန်မာကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ရုရှလုပ် ဆိုနာတစ်ပိုင်း လူနှစ်ယောက်ထိုင် မျိုးဆက်သစ်လေယာဉ် Yak-130ကို ကနဦးက ၁၉၉၀ခုနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၀ခုနှစ်များတွင် စမ်းသပ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တောင်ပံများအောက်တွင် hard points များ ပါ၀င်သောကြောင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ၊ ဗုံးများ၊ ဒုံးပျံများနှင့် gun podများအပါအဝင် ၃၀၀၀ကီလိုဂရမ်နှင့်အထက်အထိ ၀န်တင်နိုင်သည်။
မြန်မာက Yak-130 ၀ယ်ယူမှုစာချုပ်ကို ၂၀၁၅ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည်။
နောက်ပိုင်းတွင် ရုရှလေတပ်မှာ Yak-130များကို အမြောက်အများထုတ်လုပ်လာသကဲ့သို့ လက်တင်အမေရိကနှင့် မြောက်အာဖရိကတို့မှ အပါအဝင် အခြားနိုင်ငံများကလည်း ၀ယ်ယူရန် စိတ်ဝင်စားလာခဲ့ကြသည်။
ယခုလက်ရှိတွင် မြန်မာမှာ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘီလာရုစ်တို့ပြီးလျှင် Yak-130ကို စတုတ္ထမြောက် ၀ယ်ယူသူဖြစ်လာသည်။
AM
The Diplomat
china.com Myanmar
https://www.facebook.com/china.com.mm/
0 comments:
Post a Comment