၂၀၁၆ ခုႏွစ္အတြက္ ကမာၻ႔အလွဆံုး အမ်ိဳးသမီးအျဖစ္ Jennifer Aniston သတ္မွတ္ခံရ




ေဟာလီး၀ုဒ္ မင္းသမီး Jennifer Aniston ဟာ ကမာၻေက်ာ္ People မဂၢဇင္း က ေပးအပ္တဲ့ ၂၀၁၆ ခုႏွစ္အတြက္ ကမာၻ႕အလွဆံုး အမ်ိဳးသမီး အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရပါတယ္။

“ကၽြန္မ အိုးမိုင္ေဂါ့ဒ္ လို႔သာ ေရရြတ္မိခဲ့ပါတယ္။ ဒါဟာ ဆယ္ေက်ာ္သက္တစ္ေယာက္လို ၾကည္ႏူးလိုက္ရတဲ့ အခိုက္အတန္႔ပါပဲ” လို႔ အသက္ ၄၇ ႏွစ္ ရွိေနၿပီျဖစ္တဲ့ Jennifer Aniston  ကဆိုပါတယ္။ သူမဟာ ၂၀၀၄ ခုႏွစ္တုန္းကလည္း People မဂၢဇင္း က ေရြးခ်ယ္တဲ့ ကမာၻ႕အလွဆံုး အမ်ိဳးသမီး အျဖစ္ သတ္မွတ္ခံခဲ့ရဖူးပါတယ္။ အခု တစ္ႀကိမ္ဟာ ဒုတိယ အႀကိမ္ေျမာက္ ေရြးခ်ယ္ သတ္မွတ္ခံရျခင္းလည္း ျဖစ္ပါတယ္။

သူမရဲ ႔ခင္ပြန္းျဖစ္သူ Justin Theroux နဲ႔ ပတ္သက္ၿပီးေတာ့လည္း “သူဟာ ကၽြန္မကုိ ရယ္ေမာလာေအာင္ လုပ္ႏိုင္စြမ္း ရွိပါတယ္။ သူဟာ နယ္ပယ္ အမ်ားစုမွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္ၿပီး ကၽြန္မအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္” လို႔ ဆိုထားပါေသးတယ္။

သူမ အေနနဲ႔ အခုလို အသက္ ၅၀ ေရာက္ခါနီးမွာ ႏုပ်ိဳလွပေနေစဖို႔အတြက္ တစ္ပတ္ကို ၆ ရက္ ေလ့က်င့္ခန္း လုပ္ၿပီး က်န္းမာေရးနဲ႔ ညီညႊတ္မယ့္ အစားအစာေတြကိုပဲ ေန႔စဥ္ ေရြးခ်ယ္စားသံုးတယ္လို႔ ေျပာျပခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Hollywood Life

.........................................


၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် Jennifer Aniston သတ်မှတ်ခံရ


ဟောလီးဝုဒ် မင်းသမီး Jennifer Aniston ဟာ ကမ္ဘာကျော် People မဂ္ဂဇင်း က ပေးအပ်တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

“ကျွန်မ အိုးမိုင်ဂေါ့ဒ် လို့သာ ရေရွတ်မိခဲ့ပါတယ်။ ဒါဟာ ဆယ်ကျော်သက်တစ်ယောက်လို ကြည်နူးလိုက်ရတဲ့ အခိုက်အတန့်ပါပဲ” လို့ အသက် ၄၇ နှစ် ရှိနေပြီဖြစ်တဲ့ Jennifer Aniston  ကဆိုပါတယ်။ သူမဟာ ၂၀၀၄ ခုနှစ်တုန်းကလည်း People မဂ္ဂဇင်း က ရွေးချယ်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ အခု တစ်ကြိမ်ဟာ ဒုတိယ အကြိမ်မြောက် ရွေးချယ် သတ်မှတ်ခံရခြင်းလည်း ဖြစ်ပါတယ်။

သူမရဲ ့ခင်ပွန်းဖြစ်သူ Justin Theroux နဲ့ ပတ်သက်ပြီးတော့လည်း “သူဟာ ကျွန်မကို ရယ်မောလာအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ သူဟာ နယ်ပယ် အများစုမှာ မယုံကြည်နိုင်လောက်အောင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ကျွန်မအတွက် ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်” လို့ ဆိုထားပါသေးတယ်။

သူမ အနေနဲ့ အခုလို အသက် ၅၀ ရောက်ခါနီးမှာ နုပျိုလှပနေစေဖို့အတွက် တစ်ပတ်ကို ၆ ရက် လေ့ကျင့်ခန်း လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်မယ့် အစားအစာတွေကိုပဲ နေ့စဉ် ရွေးချယ်စားသုံးတယ်လို့ ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Hollywood Life

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment