ေျမကမာၻေန႔မွာ ေဂဟစနစ္ ထိန္းသိမ္းဖို႔ တုိက္တြန္း


အစိုးရသစ္ လက္ထက္မွာ ဖြံ႔ျဖိဳးတိုးတက္မႈေတြ အရွိန္အဟုန္နဲ႔ လုပ္ေဆာင္ေန သလို ေဂဟစနစ္ မွ်တဖို႔လည္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ေတြက ဒီေန႔က်ေရာက္တဲ႔ ၂၀၁၆ ခုႏွစ္ ေျမကမာၻေန႔မွာ ေျပာဆိုလိုက္ပါတယ္။ ဒီလိုေဆာင္ရြက္ဖို႔ အတြက္ ျပည္သူလူထု ရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔အတူ ညီညီ ညႊတ္ညႊတ္ ေဆာင္ရြက္ႏုိင္ဖို႔လည္း လႊတ္ေတာ္တြင္းကေန ၾကိဳးစားသြားမယ္ လို႔ ျပည္သူ႔လႊတ္ေတာ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာေကာ္မတီကလည္းေျပာဆိုလိုက္ပါတယ္။ ၂၀၁၆ ခုႏွစ္ ေျမကမာၻေန႔ မွာ ျမန္မာႏုိင္ငံကိုထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ လိုအပ္ခ်က္ေတြ၊ စိုးရိမ္ပူပန္မႈေတြကို VOA သတင္းေထာက္ မသိဂၤ ီလင္းကတင္ျပေပးပါမယ္။

ျမန္မာႏိုင္္ငံမွာ ဖြံ႔ျဖိဳးေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတာနဲ႔ တစ္ျပိဳင္နက္ ပတ္ဝန္းက်င္ ေဂဟစနစ္ကိုထိန္းသိမ္းဖို႔နဲ႔ လူမႈေရးအပိုင္းမွာလည္းညီညီညႊတ္ညႊတ္နဲ႔ ဖြံ႔ျဖိဳးတိုးတက္လာဖို႔ လိုအပ္တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ႔ စိမ္းလန္းအမိေျမအဖြဲ႔ ဥကၠ႒ ဦးဝင္းမ်ိဳးသူကဒီေန႔က်ေရာက္တဲ႔ ၂၀၁၆ ခုႏွစ္ ေျမကမာၻေန႔မွာ အခုလိုတိုက္တြန္းလိုက္ပါတယ္။

" စီးပြားေရးဖြံ႔ၿဖိဳးတုိးတက္မႈဆိုတဲ့ ေခါင္းစဥ္တခုတည္းေအာက္ထဲမွာ ပတ္ဝန္းက်င္ ေဂဟစနစ္ေတြက ေပ်ာက္ဆံုးသြားမွာ ေၾကာက္ရတယ္။ ၿမိဳ႕ျပဖံြ႔ၿဖိဳးတိုးတက္ေရးမွာပါတဲ့ သံုးနားညီၾတိဂံကို တည္ေဆာက္ပါလို႔ ေျပာခ်င္တယ္။ တခုက ဖံြ႔ၿဖိဳးေရး ေနာက္တခုက ပတ္ဝန္းက်င္ ေဂဟစနစ္ မ်ွ်တေရးေပါ့ဗ်ာ။ သံုးကေတာ့ လူမႈေရးေပါ့ဗ်ာ။ ၿပီးခဲ့တဲ့ အတိတ္ကာလေတြက တစ္နားညီပဲျဖစ္တယ္။ စီးပြားေရးပဲျဖစ္ေနၿပီေတာ့ က်န္တဲ့ ႏွစ္နားက လိုတိုးပိုေလွ်ာ့ျဖစ္တယ္။ လိုရင္ လိုသလို မလိုရင္ မလိုသလို ဒီႏွစ္နားကို ကစားတာေပါ့ေနာ္။ အုပ္ခ်ဳပ္တဲ့သူ အစိုးရေတြက။"

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အတြက္ အာဏာပိုင္ အဖြဲ႔အစည္းေတြေရာ၊ အရပ္ဖက္လူ႔အဖြဲ႔အစည္းေတြေရာ ျပည္သူေတြပါ အတူပါဝင္ ေဆာင္ရြက္မွသာေအာင္ျမင္ႏုိင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အဖြဲ႔အစည္းေတြ အားလံုးပိုျပီးထိေတြ႔ဆက္ဆံႏိုင္ဖို႔ ၾကိဳးစားသြားမယ္ လို႔ ျပည္သူ႔လႊတ္ေတာ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာေကာ္မတီဥကၠဌ ဦးစိုးသူရထြန္းက အခုလိုေျပာဆိုလိုက္ပါတယ္။

" လႊတ္ေတာ္မွာေတာ့ က်ေ်နာ္တို႔က လႊတ္ေတာ္ေကာ္မတီအေနနဲ႔ျဖစ္ေတာ့ ဒီအပိုင္းက က်ေနာ္တို႔ရဲ႕ ပထမ အေရးႀကီးဆံုးလုပ္ငန္းေပါ့။ အဲ့ဒီ့ေတာ့ ျပည္သူလူထု ပါဝင္မႈနဲ႔ အစိုးရနဲ႔ ပိုၿပီးေတာ့ interactive ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ၿပီးခဲ့တဲ့ ကာလမွာ ဥပေဒေတြလည္း ရွိတယ္။ အဖြဲ႔အစည္းေတြလည္း ရွိတယ္ေပါ့ ဒါေပမဲ့ တဖက္နဲ႔တဖက္ အျပန္အလွန္ ညီညီညြတ္ညြတ္ မွ်မွ်တတ လုပ္ႏုိင္ဖို႔က လိုပါတယ္။ အခုအခ်ိန္အထိ ၿပီးခဲ့တဲ့အစိုးရအခ်ိန္အထိမွာ သူတို႔ႀကိဳးစားၿပီး လုပ္ခဲ့ေပမဲ့လည္း ႏွစ္ဦးႏွစ္ဖက္ မွ်ေျချခင္းကို မေရာက္ဘူးေပါ့ေလ။ ေရွ႕ေလ်ာက္ေတာ့ ပိုၿပီးေတာ့ ျဖစ္လာႏုိင္မယ္လို ႔လည္း ေမွ်ာ္လင့္တယ္။ အဲ့ဒီ့အတြက္လည္း က်ေနာ္တို႔လည္း ႀကိဳးစားေနပါတယ္။

ဒီႏွစ္ ေျမကမာၻေန႔ရဲ႕ အဓိကေဆာင္ပုဒ္ကေတာ့ "Trees for the Earth" လို႔ နာမည္ေပးထားျပီးဒီႏွစ္ကစလို႔ ၅ ႏွစ္အတြင္းကမာၻအႏွံ႔မွာသစ္ပင္ေပါင္း ၇.၈ဘီလီယံ စိုက္ပ်ိဳးၾကဖို႔ ရည္မွန္းထားတာပါ။

ေျမကမာၻေပၚကသယံဇာတေတြ၊ ရင္းျမစ္ေတြကို ထုတ္ယူ သံုးစြဲျပီး ျပန္လည္ ျဖည့္တင္းေပးဖို႔၊ စနစ္တက်နဲ႔ ေရရွည္တည္တံ႔ေအာင္ ၾကိဳးစားၾကဖို႔အ တြက္ တစ္ကမာၻလံုးအတိုင္းအတာနဲ႔ တက္ၾကြလႈပ္ရွားေနၾကပါတယ္။ ရင္းျမစ္ေတြကိုအလြန္အကြ်ံသံုးစြဲတာေတြ၊ စြန္႔ပစ္ပစၥည္းေတြ အလြန္အကၽြံ စြန္႔ထုတ္တာေတြ စတဲ႔ သဘာဝပတ္ဝန္းက်င္ ယိုယြင္းပ်က္စီးမႈေတြရဲ႕ ဆိုးက်ိဳးကို အနာဂတ္မွာအသက္ရွင္ေနထိုင္ၾကမယ့္ လူငယ္ေတြ ခံစားၾကရမွာျဖစ္တာေၾကာင့္ လူငယ္ေတြပူးေပါင္းပါဝင္လာၾကေအာင္ အသိပညာေပးဖို႔ လိုအပ္တယ္လို႔ အေမရိကန္စင္တာရဲ႕ iNature သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ဝင္ မျဖိဳးစုေအးကအခုလိုေျပာပါတယ္။

" လူငယ္ေတြက ပိုၿပီးေတာ့ ဆန္းသစ္တဲ့ အေတြးအေခၚေတြနဲ႔ ပိုၿပီးေတာ့ ထိေရာက္ေအာင္ လုပ္ေပးရမယ္ေပါ့။ ဥပမာအားျဖင့္ ပထမဦးဆံုး မိမိရပ္ကြက္၊ ရပ္ကြက္ကေနတဆင့္ ၿမိဳ႕နယ္ ၿမိဳ႕နယ္ကေန တဆင့္ ႏုိင္ငံအတိုင္းအတာအထိ အားလံုးရဲ႕ လုပ္ႏုိင္စြမ္းရည္ကိုေပါင္းၿပီး ပညာေပးမႈကို ျမႇင့္တင္ဖို႔ လိုတယ္ေပါ့။ ပံုစံအမ်ိဳးမ်ိဳး လႈပ္ရွားမႈအမ်ိဳးမ်ိဳးနဲ႔ အဓိကကေတာ့ သဘာဝပတ္ဝန္းက်င္ စိုးရိမ္စရာေတြ အေျခအေနေတြအတြက္ သဘာဝပတ္ဝန္းက်င္ပညာေပးမႈေတြ လိုအပ္တယ္။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေရး ပညာေပးမႈေတြမွာ ေက်ာင္းေတြမွာ ကလည္း လိုအပ္တယ္။ ေက်ာင္းေတြမွာကလည္း သဘာဝပတ္ဝန္းက်င္နဲ႔ဆိုင္တဲ့ ပညာသင္ယူစရာမရွိဘူး။ အဲ့လိုရွိေစေရးအတြက္ စိမ္းလန္းစိုေျပေရးေန႔လိုမ်ိဳးေတြ လုပ္ေပးရမယ္လို႔ ထင္ပါတယ္။ "

ေျမကမာၻေန႔ကို ၁၉၇၀ ခုႏွစ္ကတည္းကစတင္ျပီး ကမာၻေျမၾကီးနဲ႔ ျငိမ္းခ်မ္းေရးကို ဂုဏ္ျပဳတဲ႔အေနနဲ႔ က်င္းပၾကတာပါ။ ျပီးခဲ႔တဲ႔ ၂၀၁၅ ခုႏွစ္ဒီဇင္ဘာလတုန္းက ကမာၻၾကီး ပူေႏြးလာမႈကိုေလွ်ာ့ခ်ဖို႔နဲ႔ ဖန္လံုအိမ္ဓါတ္ေငြ႔ ထုတ္လႊတ္မႈေလွ်ာ့ခ်ဖို႔ အတြက္ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးဆိုင္ရာ ကုလသမဂၢမူေဘာင္သေဘာတူညီခ်က္ UNFCCC အဖြဲ႔ဝင္ေတြက ပဲရစ္သေဘာတူစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ဖို႔ လက္ခံထားၾကတာပါ။ ဒီေန႔ ၂၀၁၆ ခုႏွစ္ ေျမကမာၻေန႔မွာေတာ့ႏိုင္ငံေပါင္း ၁၆၀ ေက်ာ္က ပဲရစ္သေဘာတူစာခ်ဳပ္ကို အေမရိကန္ျပည္ေထာင္စု ကုလသမဂၢရံုးခ်ဳပ္မွာ စတင္ လက္မွတ္ေရးထိုးၾကမွာျဖစ္တာေၾကာင့္ ဒီေန႔ဟာ အေရးၾကီးတဲ႔ေန႔တစ္ေန႔လို႔လည္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္သူေတြက သတ္မွတ္ၾကပါတယ္။

သိဂႌလင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com


.......................................


အစိုးရသစ် လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေ သလို ဂေဟစနစ် မျှတဖို့လည်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ညီညီ ညွှတ်ညွှတ် ဆောင်ရွက်နိုင်ဖို့လည်း လွှတ်တော်တွင်းကနေ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီကလည်းပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့ မှာ မြန်မာနိုင်ငံကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို VOA သတင်းထောက် မသိင်္ဂ ီလင်းကတင်ပြပေးပါမယ်။

မြန်မာနိုင််ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် ဂေဟစနစ်ကိုထိန်းသိမ်းဖို့နဲ့ လူမှုရေးအပိုင်းမှာလည်းညီညီညွှတ်ညွှတ်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ အခုလိုတိုက်တွန်းလိုက်ပါတယ်။

" စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်တခုတည်းအောက်ထဲမှာ ပတ်ဝန်းကျင် ဂေဟစနစ်တွေက ပျောက်ဆုံးသွားမှာ ကြောက်ရတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးမှာပါတဲ့ သုံးနားညီတြိဂံကို တည်ဆောက်ပါလို့ ပြောချင်တယ်။ တခုက ဖွံ့ဖြိုးရေး နောက်တခုက ပတ်ဝန်းကျင် ဂေဟစနစ် မျျှတရေးပေါ့ဗျာ။ သုံးကတော့ လူမှုရေးပေါ့ဗျာ။ ပြီးခဲ့တဲ့ အတိတ်ကာလတွေက တစ်နားညီပဲဖြစ်တယ်။ စီးပွားရေးပဲဖြစ်နေပြီတော့ ကျန်တဲ့ နှစ်နားက လိုတိုးပိုလျှော့ဖြစ်တယ်။ လိုရင် လိုသလို မလိုရင် မလိုသလို ဒီနှစ်နားကို ကစားတာပေါ့နော်။ အုပ်ချုပ်တဲ့သူ အစိုးရတွေက။"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အာဏာပိုင် အဖွဲ့အစည်းတွေရော၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရော ပြည်သူတွေပါ အတူပါဝင် ဆောင်ရွက်မှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ အားလုံးပိုပြီးထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဌ ဦးစိုးသူရထွန်းက အခုလိုပြောဆိုလိုက်ပါတယ်။

" လွှတ်တော်မှာတော့ ကျေျနာ်တို့က လွှတ်တော်ကော်မတီအနေနဲ့ဖြစ်တော့ ဒီအပိုင်းက ကျနော်တို့ရဲ့ ပထမ အရေးကြီးဆုံးလုပ်ငန်းပေါ့။ အဲ့ဒီ့တော့ ပြည်သူလူထု ပါဝင်မှုနဲ့ အစိုးရနဲ့ ပိုပြီးတော့ interactive ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ ဥပဒေတွေလည်း ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိတယ်ပေါ့ ဒါပေမဲ့ တဖက်နဲ့တဖက် အပြန်အလှန် ညီညီညွတ်ညွတ် မျှမျှတတ လုပ်နိုင်ဖို့က လိုပါတယ်။ အခုအချိန်အထိ ပြီးခဲ့တဲ့အစိုးရအချိန်အထိမှာ သူတို့ကြိုးစားပြီး လုပ်ခဲ့ပေမဲ့လည်း နှစ်ဦးနှစ်ဖက် မျှခြေခြင်းကို မရောက်ဘူးပေါ့လေ။ ရှေ့လျောက်တော့ ပိုပြီးတော့ ဖြစ်လာနိုင်မယ်လို ့လည်း မျှော်လင့်တယ်။ အဲ့ဒီ့အတွက်လည်း ကျနော်တို့လည်း ကြိုးစားနေပါတယ်။

ဒီနှစ် မြေကမ္ဘာနေ့ရဲ့ အဓိကဆောင်ပုဒ်ကတော့ "Trees for the Earth" လို့ နာမည်ပေးထားပြီးဒီနှစ်ကစလို့ ၅ နှစ်အတွင်းကမ္ဘာအနှံ့မှာသစ်ပင်ပေါင်း ရ.၈ဘီလီယံ စိုက်ပျိုးကြဖို့ ရည်မှန်းထားတာပါ။

မြေကမ္ဘာပေါ်ကသယံဇာတတွေ၊ ရင်းမြစ်တွေကို ထုတ်ယူ သုံးစွဲပြီး ပြန်လည် ဖြည့်တင်းပေးဖို့၊ စနစ်တကျနဲ့ ရေရှည်တည်တံ့အောင် ကြိုးစားကြဖို့အ တွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တက်ကြွလှုပ်ရှားနေကြပါတယ်။ ရင်းမြစ်တွေကိုအလွန်အကျွံသုံးစွဲတာတွေ၊ စွန့်ပစ်ပစ္စည်းတွေ အလွန်အကျွံ စွန့်ထုတ်တာတွေ စတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေရဲ့ ဆိုးကျိုးကို အနာဂတ်မှာအသက်ရှင်နေထိုင်ကြမယ့် လူငယ်တွေ ခံစားကြရမှာဖြစ်တာကြောင့် လူငယ်တွေပူးပေါင်းပါဝင်လာကြအောင် အသိပညာပေးဖို့ လိုအပ်တယ်လို့ အမေရိကန်စင်တာရဲ့ iNature သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် မဖြိုးစုအေးကအခုလိုပြောပါတယ်။

" လူငယ်တွေက ပိုပြီးတော့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ပိုပြီးတော့ ထိရောက်အောင် လုပ်ပေးရမယ်ပေါ့။ ဥပမာအားဖြင့် ပထမဦးဆုံး မိမိရပ်ကွက်၊ ရပ်ကွက်ကနေတဆင့် မြို့နယ် မြို့နယ်ကနေ တဆင့် နိုင်ငံအတိုင်းအတာအထိ အားလုံးရဲ့ လုပ်နိုင်စွမ်းရည်ကိုပေါင်းပြီး ပညာပေးမှုကို မြှင့်တင်ဖို့ လိုတယ်ပေါ့။ ပုံစံအမျိုးမျိုး လှုပ်ရှားမှုအမျိုးမျိုးနဲ့ အဓိကကတော့ သဘာဝပတ်ဝန်းကျင် စိုးရိမ်စရာတွေ အခြေအနေတွေအတွက် သဘာဝပတ်ဝန်းကျင်ပညာပေးမှုတွေ လိုအပ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ပညာပေးမှုတွေမှာ ကျောင်းတွေမှာ ကလည်း လိုအပ်တယ်။ ကျောင်းတွေမှာကလည်း သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပညာသင်ယူစရာမရှိဘူး။ အဲ့လိုရှိစေရေးအတွက် စိမ်းလန်းစိုပြေရေးနေ့လိုမျိုးတွေ လုပ်ပေးရမယ်လို့ ထင်ပါတယ်။ "

မြေကမ္ဘာနေ့ကို ၁၉၇၀ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာမြေကြီးနဲ့ ငြိမ်းချမ်းရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလတုန်းက ကမ္ဘာကြီး ပူနွေးလာမှုကိုလျှော့ချဖို့နဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ အတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက် UNFCCC အဖွဲ့ဝင်တွေက ပဲရစ်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ လက်ခံထားကြတာပါ။ ဒီနေ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာတော့နိုင်ငံပေါင်း ၁၆၀ ကျော်က ပဲရစ်သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂရုံးချုပ်မှာ စတင် လက်မှတ်ရေးထိုးကြမှာဖြစ်တာကြောင့် ဒီနေ့ဟာ အရေးကြီးတဲ့နေ့တစ်နေ့လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတ်မှတ်ကြပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment