Fast and Furious 8မွာ ဗီလိန္ေနရာက ပါ၀င္သရုပ္ေဆာင္မယ္႔ ခ်ားလိဇ္သီရြန္


Fast and Furious ဇာတ္လမ္းတြဲရဲ႔ ေနာက္ထြက္မယ႔္ Fast and Furious 8မွာ နာမည္ေက်ာ္ မင္းသမီး ခ်ားလိဇ္သီရြန္ပါ၀င္သရုပ္ေဆာင္မယ္လို႔ဆိုပါတယ္။
အဆိုပါဇာတ္လမ္းတြဲမွာ သီရြန္ပါ၀င္မယ္လို႔ သတင္းေတြက ေၾကညာၿပီးေနာက္မွာ Universal Picturesကလည္း အသက္ ၄၀အရြယ္ မင္းသမီးဟာ ပါ၀င္မယ္လုိ႔ အတည္ျပဳခဲ႔ပါတယ္။
ခ်ားလိဇ္သီရြန္ဟာ ေဖေဖာ္၀ါရီလမွာ ဇာတ္လမ္းပေရာဂ်က္နဲ႔ခ်ိတ္ဆက္ခဲ့မိၿပီး ေနာက္ဆံုးဇာတ္ညႊန္း
မထြက္လာခင္အထိ ေစာင္႔ေနခဲ႔တယ္လို႔ဆိုပါတယ္။
မင္းသမီးဟာ ေနာက္ဆံုးအေနနဲ႔ Mad Max:Fury Roadမွာ ပါ၀င္ခဲ႔ၿပီး အဆိုပါ ဇာတ္ကားဟာ
 ေ၀ဖန္ေရးဆရာေတြေရြးခ်ယ္ထားတဲ႔ အေကာင္းဆံုးဇာတ္ကားဆုကို ရရွိထားတာျဖစ္ပါတယ္။
HBO ရဲ႔ဇာတ္လမ္းတြဲ “Games of Thrones”မွာ ပါ၀င္ထားတဲ႔    ခရစ္စတိုဖာ ဟီဗ္ဂ်ဴ(Kristopher Hivju)
ကလည္း ပါ၀င္ဖို႔ဆက္သြယ္ခဲ႕တယ္လို႔ဆုိပါတယ္။
၂၀၁၃မွာ ထြက္ရွိခဲ႔တဲ႔ “The Italian Job”ရဲ႔ ဒါရိုက္တာ အက္ဖ္ ဂယ္ရီဂယ္ရီ( F.Gary Gary)က Furious 8ကိုရိုက္ကူးမွာျဖစ္ၿပီး Vin Diesel က Dominic Torettoအျဖစ္ ျပန္လည္ပါ၀င္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ Dwayne Johnsonက Lake Hobbs၊Michelle Rodriguezက Letty Ortiz နဲ႔ Jason Stathamက Deckard Shawတို႕အျဖစ္ ပါ၀င္မွာ ျဖစ္ပါတယ္။
Furious 8ကို ၂၀၁၇ april ၁၄ရက္ေန႔မွာ စတင္ရံုတင္ျပသမွာျဖစ္ၿပီး ေသဆံုးသြားၿပီျဖစ္တဲ႔ နာမည္ေက်ာ္ Paul Walkerပါ၀င္ခဲ႔တဲ႔ Fast and  Furious 7က ေဒၚလာ ၁.၅၁ ဘီလီယံရရွိခဲ႔ပါတယ္။
ဇာတ္လမ္းတြဲေတြရဲ႔စုစုေပါင္း၀င္ေငြကေတာ့ ေဒၚလာ ၃.၉ ဘီလီယံရရွိထားၿပီးျဖစ္ပါတယ္။
ခ်ားလိဇ္သီရြန္ဟာ “The Huntman:Winter’s War”မွာ ခရစ္ ဟမ္း၀ါ့သ္ (Chris Hemsworth)၊အမ္မလီ ဘလန္႔ (Emily Blunt)တို႔နဲ႔အတူ သရုပ္ေဆာင္မယ္လို႔လည္းသိရပါတယ္။ဒါ႔အျပင္ “The Coldest City”မွာ  ဂ်ိမ္း မက္ ေအဘိြဳင္(James McAoy)နဲ႕ တြဲဖက္သရုပ္ေဆာင္မွာ ျဖစ္ၿပီး အန္နီေမးရွင္း ရွပ္ရွင္ “Kubo and The Two Strings”မွာ ေမ်ာက္ေနရာကေန ေနာက္ခံအသံ သရုပ္ေဆာင္ေပးဖို႔ လက္ခံထားတယ္လို႔ ဆိုပါတယ္။
(Beauty Syh)
သစ္ထူးလြင္(နာမည္ႀကီး ပုဂိဳၢလ္မ်ား)
#celebrity.thithtoolwin.com
Ref;UPI

..........................................


Fast and Furious 8မှာ ဗီလိန်နေရာက ပါ၀င်သရုပ်ဆောင်မယ့် ချားလိဇ်သီရွန်

Fast and Furious ဇာတ်လမ်းတွဲရဲ့ နောက်ထွက်မယ့် Fast and Furious 8မှာ နာမည်ကျော် မင်းသမီး ချားလိဇ်သီရွန်ပါ၀င်သရုပ်ဆောင်မယ်လို့ဆိုပါတယ်။
အဆိုပါဇာတ်လမ်းတွဲမှာ သီရွန်ပါ၀င်မယ်လို့ သတင်းတွေက ကြေညာပြီးနောက်မှာ Universal Picturesကလည်း အသက် ၄၀အရွယ် မင်းသမီးဟာ ပါ၀င်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ချားလိဇ်သီရွန်ဟာ ဖေဖော်ဝါရီလမှာ ဇာတ်လမ်းပရောဂျက်နဲ့ချိတ်ဆက်ခဲ့မိပြီး နောက်ဆုံးဇာတ်ညွှန်း
မထွက်လာခင်အထိ စောင့်နေခဲ့တယ်လို့ဆိုပါတယ်။
မင်းသမီးဟာ နောက်ဆုံးအနေနဲ့ Mad Max:Fury Roadမှာ ပါ၀င်ခဲ့ပြီး အဆိုပါ ဇာတ်ကားဟာ
 ဝေဖန်ရေးဆရာတွေရွေးချယ်ထားတဲ့ အကောင်းဆုံးဇာတ်ကားဆုကို ရရှိထားတာဖြစ်ပါတယ်။
HBO ရဲ့ဇာတ်လမ်းတွဲ “Games of Thrones”မှာ ပါ၀င်ထားတဲ့    ခရစ်စတိုဖာ ဟီဗ်ဂျူ(Kristopher Hivju)
ကလည်း ပါ၀င်ဖို့ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ “The Italian Job”ရဲ့ ဒါရိုက်တာ အက်ဖ် ဂယ်ရီဂယ်ရီ( F.Gary Gary)က Furious 8ကိုရိုက်ကူးမှာဖြစ်ပြီး Vin Diesel က Dominic Torettoအဖြစ် ပြန်လည်ပါ၀င်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Dwayne Johnsonက Lake Hobbs၊Michelle Rodriguezက Letty Ortiz နဲ့ Jason Stathamက Deckard Shawတို့အဖြစ် ပါ၀င်မှာ ဖြစ်ပါတယ်။
Furious 8ကို ၂၀၁၇ april ၁၄ရက်နေ့မှာ စတင်ရုံတင်ပြသမှာဖြစ်ပြီး သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကျော် Paul Walkerပါ၀င်ခဲ့တဲ့ Fast and  Furious 7က ဒေါ်လာ ၁.၅၁ ဘီလီယံရရှိခဲ့ပါတယ်။
ဇာတ်လမ်းတွဲတွေရဲ့စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၃.၉ ဘီလီယံရရှိထားပြီးဖြစ်ပါတယ်။
ချားလိဇ်သီရွန်ဟာ “The Huntman:Winter’s War”မှာ ခရစ် ဟမ်းဝါ့သ် (Chris Hemsworth)၊အမ်မလီ ဘလန့် (Emily Blunt)တို့နဲ့အတူ သရုပ်ဆောင်မယ်လို့လည်းသိရပါတယ်။ဒါ့အပြင် “The Coldest City”မှာ  ဂျိမ်း မက် အေဘွိုင်(James McAoy)နဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်ပြီး အန်နီမေးရှင်း ရှပ်ရှင် “Kubo and The Two Strings”မှာ မျောက်နေရာကနေ နောက်ခံအသံ သရုပ်ဆောင်ပေးဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။
(Beauty Syh)
သစ်ထူးလွင်(နာမည်ကြီး ပုဂို္ဂလ်များ)
#celebrity.thithtoolwin.com
Ref;UPI
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment