အယ္လ္ကိုင္းဒါး ေငြစာရင္းမွဴး ပါကစၥတန္မွာ ဖမ္းမိ

Karachi က ပါကစၥတန္ လံုျခံဳေရးအဖြဲ႔ဝင္မာ်း။
လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္ကတည္းက ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ အေရးယူ ဒဏ္ခဏ္မႈ စာရင္းမွာ ပါ၀င္ေနသူ အယ္လ္ကိုင္းဒါး အၾကမ္းဖက္အဖြဲ႔ရဲ႕ ဘ႑ာမွဴးတဦးကို ဖမ္းဆီးမိခဲ့တယ္လို႔ ပါကစၥတန္ရဲတပ္ဖြဲ႔က ေျပာဆိုလိုက္ပါတယ္။ Abdul Rehman Sindhi ကို ပါကစၥတန္ႏိုင္ငံ ေတာင္ပိုင္း ကရာခ်ိဆိပ္ကမ္းၿမိဳ႕မွာ ၾကာသပေတးေန႔က ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။

အယ္လ္ကိုင္းဒါးအၾကမ္းဖက္အဖြဲ႔ကို ဘ႑ာေရး၀န္ေဆာင္မႈေတြနဲ႔ အကူအညီေတြေပးခဲ့တဲ့ အတြက္ ၂၀၁၂ ခုႏွစ္ကစၿပီး ကုလသမဂၢရဲ႕ အေရးယူ ဒဏ္ခတ္မႈ စာရင္းမွာ သူ႔ကုိ ထည့္သြင္းထားတာပါ။

Sindhi ဟာ အယ္လ္ကိုင္းဒါးအဖြဲ႔ကို ထူေထာင္သူ အိုစာမာ ဘင္ လာဒင္၊ ၿပီးေတာ့ ဘင္လာဒင္ေနရာ ဆက္ခံသူ Ayman al-Zawahri နဲ႔ ၂၀၀၂ ခုႏွစ္က အေမရိကန္သတင္းေထာက္ Daniel Pearl ကို ျပန္ေပးဆြဲ သတ္ျဖတ္မႈမွာ အဓိက မသကၤာခံရသူ Saud Memon တို႔နဲ႔ နီးစပ္သူတဦးအျဖစ္နဲ႔လည္း ေျပာၾကပါတယ္။

ပါကစၥတန္ႏုိင္ငံမွာ အယ္လ္ကိုင္းဒါးအဖြဲ႔ခြဲ သစ္တခု ဖဲြ႔စည္းလုိက္ေၾကာင္း al-Zawahri ေၾကညာခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကစလုိ႔ - အစၥလာမ္မစ္ အစြန္းေရာက္ အဖြဲ႔ေတြကို ႏွိမ္နင္းဖို႔ ႏုိင္ငံတကာက ဖိအားေပးခံေနရတဲ့ ပါကစၥတန္ႏုိင္ငံဟာ စစ္ေသြးႂကြအဖြဲ႔ေတြကို ႏွိမ္နင္းတဲ့ စစ္ဆင္ေရးေတြ ျပန္လည္ လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္။ ပါကစၥတန္၊ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံေတြ ပါ၀င္တဲ့ ဒီေဒသမွာ မူဆလင္ သန္း ၄၀၀ ေက်ာ္ ေနထုိင္ေနတာ ျဖစ္ပါတယ္။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com

..............................


Karachi က ပါကစ္စတန် လုံခြုံရေးအဖွဲ့ဝင်မာျး။
လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကုလသမဂ္ဂ လုံခြံုရေးကောင်စီရဲ့ အရေးယူ ဒဏ်ခဏ်မှု စာရင်းမှာ ပါ၀င်နေသူ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ဘဏ္ဍာမှူးတဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ Abdul Rehman Sindhi ကို ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ အကူအညီတွေပေးခဲ့တဲ့ အတွက် ၂၀၁၂ ခုနှစ်ကစပြီး ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ သူ့ကို ထည့်သွင်းထားတာပါ။

Sindhi ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ထူထောင်သူ အိုစာမာ ဘင် လာဒင်၊ ပြီးတော့ ဘင်လာဒင်နေရာ ဆက်ခံသူ Ayman al-Zawahri နဲ့ ၂၀၀၂ ခုနှစ်က အမေရိကန်သတင်းထောက် Daniel Pearl ကို ပြန်ပေးဆွဲ သတ်ဖြတ်မှုမှာ အဓိက မသင်္ကာခံရသူ Saud Memon တို့နဲ့ နီးစပ်သူတဦးအဖြစ်နဲ့လည်း ပြောကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ သစ်တခု ဖွဲ့စည်းလိုက်ကြောင်း al-Zawahri ကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ - အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေကို နှိမ်နင်းဖို့ နိုင်ငံတကာက ဖိအားပေးခံနေရတဲ့ ပါကစ္စတန်နိုင်ငံဟာ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ပါ၀င်တဲ့ ဒီဒေသမှာ မူဆလင် သန်း ၄၀၀ ကျော် နေထိုင်နေတာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment