လန်ဒန်မြို့ ဟီးသရိုး လေဆိပ်တွင် လေယာဉ် တစ်စီး ဆင်းသက်ရန် ပြင်ဆင် နေစဉ် ဒရုံး ယာဉ်ပျံ လို့ ယူဆရတဲ့ အရာဝတ္ထု တစ်ခု နဲ့ တိုက်မိခဲ့
18-4-2016
................................
လန်ဒန်မြို့ ဟီးသရိုး လေဆိပ်မှာ ဗြိတိသျှ လေကြောင်းလိုင်းက လေယာဉ် တစ်စီး ဆင်းသက်ဖို့ ပြင်ဆင် နေတုန်း ဒရုံး ယာဉ်ပျံ လို့ ယူဆရတဲ့ အရာဝတ္ထု တစ်ခု နဲ့ တိုက်မိခဲ့တဲ့ ဖြစ်ရပ် အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေပါတယ်။
အဲဒီ့ အရာဝတ္ထု ဟာ လေယာဉ် ရဲ့ အရှေ့ပိုင်းကို ဝင်တိုက် ခဲ့တာ ဖြစ်တယ် လို့ စကော့တလန် ယာ့ဒ် စုံထောက် အဖွဲ့ က ပြောပါတယ်။
အဲဒီ့ အဖြစ်အပျက် ကြုံတွေ့ ခဲ့ရပေမယ့် ခရီးသည် ၁၃၂ ဦး တင်ဆောင် ထားတဲ့ အဲဘတ်စ် အေ သရီး တူး ဇီးရိုး အမျိုးအစား ခရီးသည်တင် လေယာဉ်ဟာ မြေပြင် ကို ဘေးမသီ ရန်မခပဲ ဆင်းသက် နိုင်ခဲ့ ပါတယ်။BBC
Social Action for Women - SAW
18-4-2016
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment