အိန္ဒိယနိုင်ငံမှာ ယာဉ်မတော်မဆမှုတွေကြောင့် နှစ်စဉ် လူပေါင်း တစ်သိန်းငါးသောင်း သေဆုံးနေပြီး ဒီထဲက တစ်သောင်းတစ်ထောင်ဟာ အရှိန်ထိန်းဂုံးတွေနဲ့ ပက်သက်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အိန္ဒိယ အစိုးရက အစီစဉ်တစ်ခုကိုတင်ပြခဲ့ပြီး အစီအစဉ်ကတော့ သရီးဒီ ပန်းချီတွေကို သုံးဖို့ ဖြစ်ပါတယ်။
ကားတွေရဲ့အရှိန်ကိုထိန်းဖို့ မျက်လုံးကိုလှည့်စားမယ့် သရီးဒီပန်းချီတွေ သုံးမှာဖြစ်ပြီး အဝေးပြေးလမ်းမအချို့မှာ အရင်ဆုံး စမ်းသပ်မယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းက အဝေးပြေးလမ်းမတွေမှာ ထားရှိထားတဲ့ အရှိန်ထိန်းဂုံးတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ပြီးနောက်မှာ အခုအစီစဉ်ကို စတင်ဖို့ကြိုးစားလာတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ယာဉ်မတော်မဆမှုတွေဟာ အလွန်မြင့်မားပြီး လမ်းတွေရဲ့စနစ်မကျမှုကြောင့် အခုလိုဖြစ်ပွားရတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အရှိန်ထိန်းဂုံးတွေကို 3D ပန်းချီအဖြစ် ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမြို့က ပထမဆုံး စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Photos & Source: Daily Mail
Duwun
Home
India
World News
ထူးဆန်းထွေလာ
အဝေးပြေးလမ်းမတွေမှာ အရှိန်လျော့ချရေးအတွက် 3D ပန်းချီ သုံးမယ့် အိန္ဒိယ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment