လူသတ်မှု့  ရဲ့  သက်သေများကို ရဲစခန်းတွင် လာရောက် အစစ်မခံ ဘို့  ခြိမ်းခြောက်နေသူ အမျိုးသမီး အား ဖမ်းဆီး


8May 2016

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ချို့ ချိုင်းစီ အမှတ် (၄ ) လမ်းကြားတွင်ဖြစ်ပွား ခဲ့တဲ့ ရဲအရာရှိ သားလေးဦး ပါဝင်တဲ့ အုပ်စုက မုန့်ပို့သမား အသက် ၃၆ နှစ်အရွယ် ခြေထောက်မသန်စွမ်းသူ "စုံကိရက် စီကျန် "ကို ဓါးတွေနဲ့  မသေမချင်း ၀ိုင်းခုတ် ခဲ့တဲ့ အမှုနှင့်ပတ်သက်ပြီးတရားလို ရဲ့ မျက်မြင် သက်သေနဲ့ ရှေ့နေအဖြစ်လိုက်ပေးနေတဲ့သူရဲ့  ရုံးကိုဗုံးခွဲခြိမ်းခြောက်နေသူ တရားခံရဲအရာရှိသားရဲ့ ချစ်သူ အမျိုးသမီးတဦးကို မနေ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

၎င်းအမျိုးသမီးဟာ အခင်းဖြစ်ပွားနေချိန်မှာလည်းနောက် ကနေ အော်ဟစ်ပြီး သေအောင်သတ်ခိုင်းခဲ့တဲ့သူဖြစ်ပါတယ်။

ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရှေ့ နေ နဲ့  မျက်မြင်သက်သေတွေကို ဒီအမှု ကိုဘယ်သူမှဝင်မပါနဲ့ ငါတို့  ဘယ်သူတွေဆိုတာ သိတယ်မလား ( တရားခံလေးဦး၏ မိဘများမှာ ရဲဝန်ထမ်းများဖြစ်ပါတယ်)စသဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်နေတာကြောင့် မျက်မြင်သက်သေတွေ ဟာ ရဲစန်းကို ထွက်ချက်မပေးရဲ ဖြစ်နေခဲ့ပါတယ်။

ကွန်ပျူတာအက်ဥပဒေနှင့်ညှိစွန်းနေသောကြောင့်သူမကိုခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ သူပြောပြီး သတင်းထောက်တွေကို မေးမြန်းခွင့်မပေးခဲ့ပါဘူး၊
လူသတ်မှုမှာ ပါဝင်တဲ့သူတွေ ကို တရားမစွဲမချင်း ဆန္ဒပြတဲ့အနေနဲ့  သူ့ ယောက်ကျားအလောင်း ကိုမီးသဂြိုလ်တာ မလုပ်သေးကြောင်း သိရပါတယ်။

သေဆုံးသွားတဲ့ စုံကိရက် စီကျန် ရဲ့  ဇနီးဖြစ်သူကရုပ်သံသတင်း တခုမှာ သက်သေတွေ အနေနဲ့ အမှန်တရားအတွက် ထိုင်းပြည်သူတွေ သတ္တိရှိဘို့  မေတ္တာရပ်ခံခဲ့ပါတယ်။ သူမမေတ္တာရပ်ခံအပြီးမှာ သက်သေတွေ
ဟာ သူတို့ ရိုက်ထားတဲ့ ရုပ်သံမှတ်တမ်းတွေကို တရားလိုရှေ့ နေကို လာရောက်ပေးကြပြီး ရဲစခန်းမှာ လည်း လာရောက် ထွက်ဆိုကြမှာဖြစ်ကြောင်း သိရပါတယ်။

Credit Daily news
Social Action for Women - SAW (facebook)
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment