ပထွေးက မယားပါအသက် ၂နှစ် ၄လသမီးကိုရိုက်သတ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေမှာနေထိုင်တဲ့ မူးယစ်ဆေးသုံးစွဲတဲ့ပထွေးတစ်ဦးမစ်စတာအနုချာ ကယောပဒစ် ဆိုသူက မယားပါသမီးလေးတစ်ဦး အသက် ၂နှစ် ၄လကို မွေ့ယာခင်းပေါ်မှာပေါင်ဒါမုန့်သွန်ချတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်လို့ ရိုက်သတ်လိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
ကလေးရဲ့မိခင်ဖြစ်သူက မူလ်နိထိပါဝီနာဆိုတဲ့ကလေးနဲ့အမျိုးသမီး ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းထံသွားရောက်တိုင်ကြားပြီး ပြီးခဲ့တဲ့မေလ ၃ရက်နေ့တွင် ထီယန်ထလေရဲစခန်းမှ စုံစမ်းထောက်လှန်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ၎င်းတရားခံရဲ့နောက်ကြောင်းရာဇ၀င်ဟာ လူဆိုးဂိုဏ်းဖြစ်သလို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူလည်းဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ လူသတ်အမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲအမှုတို့ဖြင့် ဖမ်းဆီးအရေးယူထားပါတယ်။
MTF Channel
https://www.facebook.com/mtftv
0 comments:
Post a Comment