တရုတ်နိုင်ငံတွင် ငါးဖမ်းလှေသုံးစင်း နှင့် ကုန်တင်သင်္ဘော တိုက်မှုဖြစ်ပွားရာ လူ ၃၁ ဦးပျောက်ဆုံး


ပေကျင်း ၊ ၈-၅-၂၀၁၆

အရှေ့တရုတ် ပင်လယ်တွင် မေ ၇ ရက် အစောပိုင်းက တရုတ်ငါးဖမ်းလှေ သုံးစင်းနှင့် ကုန်တင်သင်္ဘော တစ်စင်းတို့ တိုက်မိခဲ့ပြီး နောက် ငါးဖမ်းလှေများ နစ်မြုပ်ခဲ့ရာ လူ ၃၁ ဦး ပျောက်ဆုံးလျက် ရှိကြောင်း တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့၏ ပြောကြားချက် ကို ကိုးကား၍ China News Service သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ငါးဖမ်းလှေ သုံးစင်းအနက်မှ နှစ်စင်းသည် ဒေသ စံတော်ချိန် နံနက် ၃ နာရီ မိနစ် ၄ဝ တွင် ကုန် ၄ဝ၄၈၅ တန် တင်ဆောင် လာသည့် မော်လ်တာနိုင်ငံမှ ကုန်တင်သင်္ဘော နှင့် တိုက်မိ ခဲ့ပြီးနောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ကုန်တင်သင်္ဘော နှင့် တိုက်မိခဲ့ ပြီးနောက် လူ ၁၉ ဦး တင်ဆောင် လာသည့် လူရွန်ယု အမည်ရှိ ပထမ ငါးဖမ်းလှေမှ ၁၇ ဦး ပျောက်ဆုံးခဲ့ပြီး ကျန်နှစ်ဦးကို တခြားငါးဖမ်း သင်္ဘောများက ကယ်ဆယ် နိုင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ၄င်း သတင်းဌာန က ဖော်ပြထားသည်။

အဆိုပါ ငါးဖမ်းလှေ သုံးစင်းအနက် နှစ်စင်းကို ပြန်လည်ရှာဖွေ နိုင်ခဲ့ သော်လည်း ကျန်တစ်စင်း မှာမူ ပင်လယ်ပြင် အတွင်း လုံးဝ ပျောက်ဆုံး ခဲ့ကြောင်းနှင့် ပျောက်ဆုံး နေသူများနှင့် ယင်းလှေကို ကယ်ဆယ်ရေး အဖွဲ့က ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။

အရှေ့တရုတ် ပင်လယ်ကို တရုတ်နှင့် ဂျပန် နှစ်နိုင်ငံလုံးက ၄င်းတို့ပိုင် အဖြစ် ပြောကြားထားပြီး တရုတ် ငါးဖမ်းလှေ များနှင့် ဂျပန် ကင်းလှည့် သင်္ဘောများ အကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် များက ယင်း နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးကို လျော့ကျ စေခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment