အေမရိကန္ကုိ ေရာက္တယ္ဆုိရင္ သြားစရာေနရာေတြက ေထာင္နဲ႔ခ်ီၿပီး ရွိပါတယ္။ ဒါေပမယ့္ အဲဒီ သြားစရာေတြထဲကမွ လုံး၀ ခ်န္မထားသင့္ခဲ့တဲ့ ေနရာ(၄)ခုကို Shwemom ပရိသတ္ႀကီးအတြက္ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလုိက္ပါတယ္။
(၁) Verde Valley
Verde ေတာင္၀ွမ္းဟာ အေမရိကန္ႏုိင္ငံရဲ႕ ကမာၻေက်ာ္ေတာင္၀ွမ္းျဖစ္ပါတယ္။ စမ္းေခ်ာင္းေတြ၊ စိမ္းလမ္းတဲ့
ေတာအုပ္ေတြ အျပင္၊ သဘာ၀အတုိင္းတည္ရွိေနတဲ့ အလြန္ထူးျခားၿပီး လွပတဲ့ ေတာင္ဂတုံးေတြဟာ ၾကည့္မ၀႐ႈမ၀ ျဖစ္ေစတဲ့ အလွေတြကို ေပးပါလိမ့္မယ္။ ေတာင္၀ွမ္းထဲမွာ တည္ရွိတဲ့ Cottonwood နဲ႔ Jerom ၿမိဳ႕ေတြမွာလည္း အႏုပညာေတြ၊ အေကာင္းဆုံး အစားအေသာက္ေတြကလည္း သဘာ၀ရဲ႕ လက္ဆက္မႈေတြနဲ႔အတူ သင့္ကို အိမ္ျပန္ခ်င္စိတ္ေတာင္ ျဖစ္ေစမွာ မဟုတ္ပါဘူး။
(၂) San Juan Islands
အေမရိကန္ အေနာက္ေျမာက္ပုိင္း ပစိဖိတ္ပင္လယ္ထဲမွာရွိတဲ့ San Juan ကၽြန္းကေတာ့ တစ္ႏွစ္မွာ ရက္ေပါင္း 250 ေနေရာင္မသင့္တဲ့ကၽြန္းလုိ႔ ဆုိပါတယ္။ အုံ႕ဆုိင္းေနတဲ့ သစ္ပင္ေတြေၾကာင့္ ေနရိပ္မတုိးပါဘူးတဲ့။ အဲဒီကၽြန္းေပၚမွာ ႐ုိးရာဘယ္ရီသီးနဲ႔လုပ္ထားတဲ့ စားဖြယ္ေသာက္ဖြယ္ေတြကလည္း မ႐ုိးႏုိင္တဲ့အရသာနဲ႔ သင့္ကို
ဗုိက္တင္းေစမွာပါ။
(၃) Northern Maine
ေျမာက္ပုိင္း မုိင္းတြင္းေဒသဟာ ယခင္ကေတာ့ မုိင္းလုပ္သားေတြနဲ႕ သူတုိ႕ရဲ႕ မိသားစုေတြ၊ မုိင္းတြင္းပိုင္ရွင္ေတြ ေနတဲ့သီးသန္႕ကမာၻငယ္ေလးလုိ႕ ဆုိပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ေတာေတာင္ေရေျမ သာယာမႈေတြေၾကာင့္ အစုိးရဟာ ဆက္သြယ္သြားလာေရးကို အဆင့္ျမင့္ေအာင္လုပ္ေဆာင္ခဲ့တဲ့ေနာက္ပုိ္င္း ခရီးသြားေတြ သန္းနဲ႔ခ်ီသြားေရာက္ခဲ့ရာေနရာ ျဖစ္ပါတယ္။
(၄) Glacier National Park
နာမည္ေက်ာ္ Glacier အမ်ိဳးသားေဘးမဲ့ဥယ်ာဥ္မွာေတာ့ သဘာ၀သား႐ုိင္းတိရစာၦန္ေတြရဲ႕ သေဘာသဘာ၀ကုိ စိတ္၀င္စားသူေတြ၊ ေတာေတာင္ေရေျမနဲ႔ ႐ႈခင္းအလွေတြကုိ ခံစားခ်င္ၾကတဲ့ လူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ မ်ိဳးစိတ္ေပါင္းမ်ားစြာေသာ သား႐ုိင္းတိရစာၦန္ေတြ၊ မ်က္စိအျမင္မွာ မ႐ုိးႏုိင္တဲ့ ေရေျမသဘာ၀ေၾကာင့္ ပင္ပန္းသမွ်ကုိ ေျပေပ်ာက္ေစပါလိမ့္မယ္။
နတ္စည္ေတာ္ (Shwemom)
http://www.shwemom.com/the-places-to-visit-in-the-usa/
...........................................................
အမေရိကန်ကို ရောက်တယ်ဆိုရင် သွားစရာနေရာတွေက ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ သွားစရာတွေထဲကမှ လုံးဝ ချန်မထားသင့်ခဲ့တဲ့ နေရာ(၄)ခုကို Shwemom ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) Verde Valley
Verde တောင်ဝှမ်းဟာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော်တောင်ဝှမ်းဖြစ်ပါတယ်။ စမ်းချောင်းတွေ၊ စိမ်းလမ်းတဲ့
တောအုပ်တွေ အပြင်၊ သဘာဝအတိုင်းတည်ရှိနေတဲ့ အလွန်ထူးခြားပြီး လှပတဲ့ တောင်ဂတုံးတွေဟာ ကြည့်မဝရှုမဝ ဖြစ်စေတဲ့ အလှတွေကို ပေးပါလိမ့်မယ်။ တောင်ဝှမ်းထဲမှာ တည်ရှိတဲ့ Cottonwood နဲ့ Jerom မြို့တွေမှာလည်း အနုပညာတွေ၊ အကောင်းဆုံး အစားအသောက်တွေကလည်း သဘာဝရဲ့ လက်ဆက်မှုတွေနဲ့အတူ သင့်ကို အိမ်ပြန်ချင်စိတ်တောင် ဖြစ်စေမှာ မဟုတ်ပါဘူး။
(၂) San Juan Islands
အမေရိကန် အနောက်မြောက်ပိုင်း ပစိဖိတ်ပင်လယ်ထဲမှာရှိတဲ့ San Juan ကျွန်းကတော့ တစ်နှစ်မှာ ရက်ပေါင်း 250 နေရောင်မသင့်တဲ့ကျွန်းလို့ ဆိုပါတယ်။ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေကြောင့် နေရိပ်မတိုးပါဘူးတဲ့။ အဲဒီ
ကျွန်းပေါ်မှာ ရိုးရာဘယ်ရီသီးနဲ့လုပ်ထားတဲ့ စားဖွယ်သောက်ဖွယ်တွေကလည်း မရိုးနိုင်တဲ့အရသာနဲ့ သင့်ကို
ဗိုက်တင်းစေမှာပါ။
(၃) Northern Maine
မြောက်ပိုင်း မိုင်းတွင်းဒေသဟာ ယခင်ကတော့ မိုင်းလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ မိုင်းတွင်းပိုင်ရှင်တွေ နေတဲ့သီးသန့်ကမ္ဘာငယ်လေးလို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တောတောင်ရေမြေ သာယာ
မှုတွေကြောင့် အစိုးရဟာ ဆက်သွယ်သွားလာရေးကို အဆင့်မြင့်အောင်လုပ်ဆောင်ခဲ့တဲ့နောက်ပို်င်း ခရီးသွားတွေ သန်းနဲ့ချီသွားရောက်ခဲ့ရာနေရာ ဖြစ်ပါတယ်။
(၄) Glacier National Park
နာမည်ကျော် Glacier အမျိုးသားဘေးမဲ့ဥယျာဉ်မှာတော့ သဘာဝသားရိုင်းတိရစ္ဆာန်တွေရဲ့ သဘောသဘာဝကို စိတ်ဝင်စားသူတွေ၊ တောတောင်ရေမြေနဲ့ ရှုခင်းအလှတွေကို ခံစားချင်ကြတဲ့ လူတွေအတွက် အထူးသင့်တော်ပါတယ်။ မျိုးစိတ်ပေါင်းများစွာသော သားရိုင်းတိရစ္ဆာန်တွေ၊ မျက်စိအမြင်မှာ မရိုးနိုင်တဲ့ ရေမြေသဘာဝကြောင့် ပင်ပန်းသမျှကို ပြေပျောက်စေပါလိမ့်မယ်။
နတ်စည်တော် (Shwemom)
http://www.shwemom.com/the-places-to-visit-in-the-usa/
0 comments:
Post a Comment