တရုတ္သုဘရာဇာေတြက ေသဆံုးသူေတြရဲ႕ရုပ္အေလာင္းေတြကို 3D နည္းပညာျဖင္႕ျပန္လည္ ျပဳျပင္



3D နည္းပညာကို အသံုးျပဳၿပီး ေဖာက္သည္ေတြရဲ႕ ရုပ္အေလာင္းေတြကို ျပန္လည္ျပဳျပင္ေပးေနတဲ႕ တရုတ္ နာေရး၀န္ေဆာင္မွုအိမ္က ေသဆံုးသူေတြရဲ႕ မ်က္ႏွာေတြကို ပလတ္စတစ္ဆာဂ်ရီေတာ့ လုပ္မရနိုင္ဘူးလို႔ဆိုပါတယ္။

ရွန္ဟိုင္းအေျခစိုက္ နာေရး၀န္ေဆာင္မွုအိမ္ ျဖစ္တဲ႕ Longhua က 3D ပံုထုတ္နည္းပညာေတြကို အသံုးျပဳၿပီး ကားအက္စီးဒင္႕၊
မီးေလာင္မွုေတြနဲ႕ သဘာ၀ေဘးမွာ ေသဆံုးသြားတဲ႕ရုပ္အေလာင္းေတြကို  ျပန္လည္ျပဳျပင္ေပးေနတာပါ။

ရလဒ္ကေတာ႕ရုပ္အေလာင္းေတြကိုပိုမိုငယ္ရြယ္ေစၿပီးေသဆံုးသူေတြက ပိုၿပီးဆြဲေဆာင္မွုရွိစြာနဲ႕ေသဆံုးနိုင္မယ္လို႕
နာေရး၀န္ေဆာင္မွုက ဆိုပါတယ္။

“သူတို႕ခ်စ္ရတဲ႕ ေဆြမ်ိဳးတစ္ေယာက္ရဲ႕နာေရးအခမ္းအနားကိုတက္တဲ႕အခါ မျပည္႕စံုတဲ႕ ခႏၶာကိုယ္ ဒါမွမဟုတ္ မ်က္နွာေတြက
က်န္ရစ္သူေတြအတြက္ ျမင္ေတြ႕ရတဲ႕အခါ ခက္ခဲေစတယ္ ၿပီးတဲ႕အခါက်ေတာ႕ သူတို႕ကို မိတ္ကပ္ကလည္း
လံုး၀ၾကီးမျပဳျပင္ေပးနိုင္ဘူး”လို႕Shanghai နာေရးနဲ႕အင္တာနက္၀န္ေဆာင္မွုစင္တာရဲ႕အရာရွိ Lui Fengmingက Shanghai
Dailyကိုေျပာခဲ႕ပါတယ္။

CRI Englishကေတာ့ Longhuaရဲ႕ ၀န္ေဆာင္မွုက တရုတ္ျပည္မွာ ပထမဆံုးျဖစ္ၿပီး ကြာျခားခ်က္အနည္းငယ္ရွိေသာ္ျငားလည္း
ပိုၿပီးသဘာ၀က်တယ္လို႕ ေဖာ္ျပခဲ့ပါတယ္။

3D ပံုထုတ္နည္းပညာက ရုပ္ပ်က္ေနတဲ႕ ခႏၶာကိုယ္ေတြနဲ႕ မ်က္နွာေတြကို ၉၅%ခြ်တ္စြပ္တူေအာင္ျပဳလုပ္နိုင္ပါတယ္။

အဆိုပါနည္းပညာကို အသံုးျပဳၿပီး ၿပီးခဲ႕တဲ႕ႏွစ္က Tianjinမွာျဖစ္ပြားခဲ႕တဲ႕ ေပါက္ကြဲမွုမွာ ေသဆံုးသြားတဲ႕မီးသတ္သမားေတြရဲ႕
မ်က္နွာေတြကို ျပဳျပင္ထားတယ္လို႕ Shanghai Dailyက ေဖာ္ျပခဲ႕ပါတယ္။

နာေရးအခမ္းအနားတစ္ခုရဲ႕3D နည္းနဲ႕ျပဳလုပ္ခက ေစ်းၾကီးမွာျဖစ္ေပမယ္႕ အခ်ိဳ႕၀န္ေဆာင္မွုေတြက ယြမ္ ၄၀၀၀-၅၀၀၀
(ေဒၚလာ၆၂၀-၇၇၅)ပဲ က်သင္႕မွာျဖစ္ပါတယ္။3Dလုပ္ငန္းမွာ  သံုးဖက္ျမင္အရာ၀တၴဳေတြကို တုိးတက္ေစဖို႕
လ်ွပ္စစ္ဒဏ္ခံၾကိဳးအလႊာေတြနဲ႕ ကြန္ပ်ဴတာကို ခ်ိတ္ဆက္ထားတဲ႕ အဆင္႕ျမင္႕စက္ပစၥည္းေတြကို သံုးထားပါတယ္။

 ဒါ႕အျပင္  3Dပံုထုတ္စက္ေတြဟာ ေသနတ္ေတ ြ၊ခြက္ေတြ ၊နာရီေတြနဲ႕ ကားေတြကိုေတာင္မွျပန္လည္ျပဳလုပ္ေပးနိုင္ပါတယ္။

(Beauty Syh)

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

...............................................................



တရုတ်သုဘရာဇာတွေက သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို 3D နည်းပညာဖြင့်ပြန်လည် ပြုပြင်


3D နည်းပညာကို အသုံးပြုပြီး ဖောက်သည်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ပြုပြင်ပေးနေတဲ့ တရုတ် နာရေးဝန်ဆောင်မှုအိမ်က သေဆုံးသူတွေရဲ့ မျက်နှာတွေကို ပလတ်စတစ်ဆာဂျရီတော့ လုပ်မရနိုင်ဘူးလို့ဆိုပါတယ်။

ရှန်ဟိုင်းအခြေစိုက် နာရေးဝန်ဆောင်မှုအိမ် ဖြစ်တဲ့ Longhua က 3D ပုံထုတ်နည်းပညာတွေကို အသုံးပြုပြီး ကားအက်စီးဒင့်၊
မီးလောင်မှုတွေနဲ့ သဘာဝဘေးမှာ သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို  ပြန်လည်ပြုပြင်ပေးနေတာပါ။

ရလဒ်ကတော့ရုပ်အလောင်းတွေကိုပိုမိုငယ်ရွယ်စေပြီးသေဆုံးသူတွေက ပိုပြီးဆွဲဆောင်မှုရှိစွာနဲ့သေဆုံးနိုင်မယ်လို့
နာရေးဝန်ဆောင်မှုက ဆိုပါတယ်။

“သူတို့ချစ်ရတဲ့ ဆွေမျိုးတစ်ယောက်ရဲ့နာရေးအခမ်းအနားကိုတက်တဲ့အခါ မပြည့်စုံတဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် မျက်နှာတွေက
ကျန်ရစ်သူတွေအတွက် မြင်တွေ့ရတဲ့အခါ ခက်ခဲစေတယ် ပြီးတဲ့အခါကျတော့ သူတို့ကို မိတ်ကပ်ကလည်း
လုံးဝကြီးမပြုပြင်ပေးနိုင်ဘူး”လို့Shanghai နာရေးနဲ့အင်တာနက်ဝန်ဆောင်မှုစင်တာရဲ့အရာရှိ Lui Fengmingက Shanghai
Dailyကိုပြောခဲ့ပါတယ်။

CRI Englishကတော့ Longhuaရဲ့ ၀န်ဆောင်မှုက တရုတ်ပြည်မှာ ပထမဆုံးဖြစ်ပြီး ကွာခြားချက်အနည်းငယ်ရှိသော်ငြားလည်း
ပိုပြီးသဘာဝကျတယ်လို့ ဖော်ပြခဲ့ပါတယ်။

3D ပုံထုတ်နည်းပညာက ရုပ်ပျက်နေတဲ့ ခန္ဓာကိုယ်တွေနဲ့ မျက်နှာတွေကို ၉၅%ချွတ်စွပ်တူအောင်ပြုလုပ်နိုင်ပါတယ်။

အဆိုပါနည်းပညာကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်က Tianjinမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ သေဆုံးသွားတဲ့မီးသတ်သမားတွေရဲ့
မျက်နှာတွေကို ပြုပြင်ထားတယ်လို့ Shanghai Dailyက ဖော်ပြခဲ့ပါတယ်။

နာရေးအခမ်းအနားတစ်ခုရဲ့3D နည်းနဲ့ပြုလုပ်ခက စျေးကြီးမှာဖြစ်ပေမယ့် အချို့ဝန်ဆောင်မှုတွေက ယွမ် ၄၀၀၀-၅၀၀၀
(ဒေါ်လာ၆၂၀-၇၇၅)ပဲ ကျသင့်မှာဖြစ်ပါတယ်။3Dလုပ်ငန်းမှာ  သုံးဖက်မြင်အရာဝတ္ထုတွေကို တိုးတက်စေဖို့
လျှပ်စစ်ဒဏ်ခံကြိုးအလွှာတွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို သုံးထားပါတယ်။

 ဒါ့အပြင်  3Dပုံထုတ်စက်တွေဟာ သေနတ်တေ ွ၊ခွက်တွေ ၊နာရီတွေနဲ့ ကားတွေကိုတောင်မှပြန်လည်ပြုလုပ်ပေးနိုင်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment