ႏ်ဴကလီယားလံုၿခံဳေရး ထိပ္သီးအစည္းေဝးမွာ ကန္သမၼတ အိုဘားမားက မိန္႔ခြန္း ေျပာၾကား။ |
၂၁ ရာစုရဲ့ လံုၿခံဳေရးစိန္ေခၚမႈ ေတြကို ႏိုင္ငံတႏိုင္ငံထဲက လုပ္ေဆာင္ေျဖရွင္းလို႔ မရဘူးဆိုတာကိုဒီႏ်ဴကလီယား လံုၿခံဳေရး ျပႆနာက ဥပမာအျဖစ္ ျပသေနတယ္လို႔ ကမာၻ႔ေခါင္းေဆာင္ ၅၀ ေက်ာ္ တက္ေရာက္လာတဲ့ ဝါရွင္တန္ ဒီစီမွာ က်င္းပတဲ့ ႏ်ဴကလီယားလံုၿခံဳေရး ထိပ္သီးအစည္းေဝးမွာ သမၼတ အိုဘားမားက မိန္႔ခြန္း ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံေပါင္း တဒါဇင္ေက်ာ္က သူတို႔မွာရွိတဲ့ ႏ်ဴကလီယားဗံုးလုပ္ရာမွာ လိုအပ္တဲ့ ေရဒီယို ဓါတ္ၾကြပစၥည္းေတြ ျဖစ္တဲ့ ယူေရနီယံနဲ႔ ပလူတိုနီယံ ပါဝင္ႏႈံးမ်ားတဲ့ ပစၥည္းေတြ အားလံုးကို ဖ်က္ဆီးခဲ့ၿပီး ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
လြန္ခဲ့တဲ့ ၆ ႏွစ္တာ ကာလအတြင္း ႏ်ဴကလီယား လံုၿခံဳေရး ညီလာခံ ၄ ခုကို သမၼတ အိုဘားမား ကမကထလုပ္ က်င္းပခဲ့တာကေန အခုလို ၂၁ ရာစုလံုၿခံဳေရး စိန္ေခၚမႈကို ႏိုင္ငံတႏုိင္ငံထဲနဲ႔ မေျဖရွင္းႏိုင္ဘူးဆိုတဲ့ အသိမ်ိဳး ရခဲ့တယ္လို႔ သမၼတအိုဘားမားက ေျပာပါတယ္။ ဒီစိန္ေခၚမႈ အတြက္ ပူးေပါင္း ေဆာင္ရြက္ဖို႔လိုသလို၊ တႏိုင္ငံနဲ႔ တႏိုင္ငံ အကန္႔အသတ္ မထားပဲ၊ အဖြဲ႔အစည္းေတြ ေရရွည္ လက္တြဲေဆာင္ရြက္ဖုိ႔ပါ လိုအပ္တယ္လို႔ ဆိုပါတယ္။ ဒါေတြနဲ႔ ပါတ္သက္ၿပီး သိသိသာသာ တုိးတက္ေအာင္လုပ္ႏိုင္ခဲ့တာက သတင္းေကာင္းပါ လို႔လည္း ေျပာပါတယ္။
သမၼတ အုိဘားမားဟာ ၿပီးခဲ့တဲ့ ႏွစ္တုန္းက အီရန္ရဲ့ ႏ်ဴကလီယား ျပႆနာဆိုင္ရာ သေဘာတူညီမႈရေအာင္ လုပ္ေဆာင္ရာမွာ ပါဝင္ခဲ့တဲ့ P5+1 အဖြဲ႔နဲ႔လည္း သီးသန္႔ေတြ႔ဆံုခဲ့ပါတယ္။ အီရန္နဲ႔ ရရွိခဲ့တဲ့ သေဘာတူညီမႈဟာ ႀကီးမားတဲ့ ေအာင္ျမင္မႈ တခု ျဖစ္ၿပီး ႏ်ဴကလီယား လက္နက္ ျပန္႔ပြါးမႈ အႏၱရာယ္ကို ဦးစားေပးခဲ့တဲ့ မွန္ကန္တဲ့ လုပ္ေဆာင္မႈတခု ျဖစ္ေၾကာင္း ေျပာပါတယ္။
ဒီႏွစ္ ႏ်ဴကလီယားလံုၿခံဳေရးညီလာခံဟာ အိုင္အက္စ္ အၾကမ္းဖက္ အဖြဲ႔မွာ dirty bomb လို႔ေခၚတဲ့ ဝန္းက်င္ညစ္ညမ္း ေစၿပီး အႏၱရာယ္ႀကီးတဲ့ ဗံုးေတြ ရွိေနႏိုင္တယ္လို႔ စိုးရိမ္စိတ္ပူမႈေတြ ႀကီးထြားလာေနခ်ိန္မွာ က်င္းပတာ ျဖစ္ပါတယ္။
VOA (ျမန္မာပုိင္း)
http://burmese.voanews.com
......................................................
နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ ကန်သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြား။
နျူကလီယား လုံခြံုရေးကို သိသိသာသာ တိုးတက်အောင် ကမ္ဘာ့နိုင်ငံတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အမေရိကန်သမ္မတ Barack Obama က ချီးကျူ းဂုဏ်ပြု လိုက်ပါတယ်။ စုပြံုနေတဲ့ န ျူ ကလီယား ပစ္စည်းတွေ လျှော့ချဖို့၊ လုံခြံုစိတ်ချစွာ သိမ်းဆည်းနိုင်ဖို့ အားထုတ်မှုအားလုံးကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
၂၁ ရာစုရဲ့ လုံခြံုရေးစိန်ခေါ်မှု တွေကို နိုင်ငံတနိုင်ငံထဲက လုပ်ဆောင်ဖြေရှင်းလို့ မရဘူးဆိုတာကိုဒီနျူကလီယား လုံခြံုရေး ပြဿနာက ဥပမာအဖြစ် ပြသနေတယ်လို့ ကမ္ဘာ့ခေါင်းဆောင် ၅၀ ကျော် တက်ရောက်လာတဲ့ ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့ နျူကလီယားလုံခြံုရေး ထိပ်သီးအစည်းဝေးမှာ သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
နိုင်ငံပေါင်း တဒါဇင်ကျော်က သူတို့မှာရှိတဲ့ နျူကလီယားဗုံးလုပ်ရာမှာ လိုအပ်တဲ့ ရေဒီယို ဓါတ်ကြွပစ္စည်းတွေ ဖြစ်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ ပါဝင်နှုံးများတဲ့ ပစ္စည်းတွေ အားလုံးကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း နျူကလီယား လုံခြံုရေး ညီလာခံ ၄ ခုကို သမ္မတ အိုဘားမား ကမကထလုပ် ကျင်းပခဲ့တာကနေ အခုလို ၂၁ ရာစုလုံခြံုရေး စိန်ခေါ်မှုကို နိုင်ငံတနိုင်ငံထဲနဲ့ မဖြေရှင်းနိုင်ဘူးဆိုတဲ့ အသိမျိုး ရခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ဒီစိန်ခေါ်မှု အတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုသလို၊ တနိုင်ငံနဲ့ တနိုင်ငံ အကန့်အသတ် မထားပဲ၊ အဖွဲ့အစည်းတွေ ရေရှည် လက်တွဲဆောင်ရွက်ဖို့ပါ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီး သိသိသာသာ တိုးတက်အောင်လုပ်နိုင်ခဲ့တာက သတင်းကောင်းပါ လို့လည်း ပြောပါတယ်။
သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အီရန်ရဲ့ နျူကလီယား ပြဿနာဆိုင်ရာ သဘောတူညီမှုရအောင် လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ P5+1 အဖွဲ့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ ကြီးမားတဲ့ အောင်မြင်မှု တခု ဖြစ်ပြီး နျူကလီယား လက်နက် ပြန့်ပွါးမှု အန္တရာယ်ကို ဦးစားပေးခဲ့တဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုတခု ဖြစ်ကြောင်း ပြောပါတယ်။
ဒီနှစ် နျူကလီယားလုံခြံုရေးညီလာခံဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့မှာ dirty bomb လို့ခေါ်တဲ့ ဝန်းကျင်ညစ်ညမ်း စေပြီး အန္တရာယ်ကြီးတဲ့ ဗုံးတွေ ရှိနေနိုင်တယ်လို့ စိုးရိမ်စိတ်ပူမှုတွေ ကြီးထွားလာနေချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။
VOA (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment