ဗီယက်နမ်နိုင်ငံ သမ္မတရွေးချယ်ပွဲတွင် Tran Dai Quang ( ဝဲ-အစွန်ဆုံး ) မဲပေးနေပုံအားတွေ့ရစဉ် ( ဆင်ဟွာ )
ဟနွိုင်း၊ဧပြီ ၂ ရက် ( ဆင်ဟွာ )
ဗီယက််နမ်နိုင်ငံ အမျိုးသားလွှတ်တော်က Tran Dai Quang အား နိုင်ငံတော်သမ္မတအဖြစ် ၂ဝ၁၆ ခုနှစ် ဧပြီလ ၂ ရက်တွင် ရွေးချယ်တင် မြှောက်လိုက်ကြောင်း သိရသည်။
၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ၊ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဗီယက်နိုင်ငံ သမ္မတရာထူး အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ Quang က စုစုပေါင်း မဲပေးခွင့်ရှိသူ ၄၈၁ ဦးအနက် ထောက်ခံမဲ ၄၅၂ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Quang သည် ၂ဝ၁၁ ခုနှစ် မှစတင်ကာ ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်က ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ အမျိုးသမီးလွှတ်တော်အမတ် Nguyen Thi Kim Ngan သည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးလက်ခံပြီးပြီးခြင်းမှာပင် နိုင်ငံတော်သမ္မတလောင်း အမည် စာရင်းကိုထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သမ္မတလောင်း အမည်စာရင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (၁၂) ကြိမ်မြောက်ညီလာခံ ( CPVCC ) ၏ ဗဟိုကော်မတီဝင် ဖြစ်သူ ၊ CPVCC ပေါ်လစ်ဗြူရိုအဖွဲ့ဝင် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Tran Dai Quang သည်ထိပ်ဆုံးမှ အမည်စာရင်းတင်သွင်းခံခဲ့ရသည်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် Quang က “ နိုင်ငံတော်အလံ ၊ လွှတ်တော်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ ရှေ ့မှောက်တွင် ကတိသစ္စာပြုပါသည်။ နိုင်ငံတော်၏ဖွဲ ့စည်းပုံအခြေခံဥပဒေ ၊ပြည်သူပြည်သားများ နှင့် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိရိုသေပြီး၊ နိုင်ငံ နှင့် လူမျိုးအတွက် အကောင်းဆုံး စွမ်းဆောင်သွားပါမည် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ် Truong Tan Sang က ရွေးချယ်ခံထားရသည်။ ၄င်းသည်
ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPVCC ) ၏ အဖွဲ ့ဝင်သစ် ၂ဝဝ ထဲတွင် ရွေးချယ်ခံထားရခြင်းမရှိ သေးပေ။ ဇန်နဝါရီလ နောက်ပိုင်းထိ၂ဝ၁၆ ခုနှစ် မတ်လ အစောပိုင်းတွင် ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် CPVCC ညီလာခံတွင် ပါတီ ခေါင်းဆောင် Nguyen Phu Trong က ပါတီအတွင်း သွေးသစ်လောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း နှင့် အဓိက ခေါင်းဆောင်နေရာ အတွက် အစားထိုး ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
(Xinhua )
http://www.xinhuamyanmar.com
ဗီယက္နမ္သမၼတသစ္ အျဖစ္ Tran Dai Quang အေရြးခံရ
ဗီယက္နမ္ႏုိင္ငံ သမၼတေရြးခ်ယ္ပြဲတြင္ Tran Dai Quang ( ဝဲ-အစြန္ဆံုး ) မဲေပးေနပံုအားေတြ႔ရစဥ္ ( ဆင္ဟြာ ) |
ဗီယက္္နမ္ႏုိင္ငံ အမ်ိဳးသားလႊတ္ေတာ္က Tran Dai Quang အား ႏုိင္ငံေတာ္သမၼတအျဖစ္ ၂ဝ၁၆ ခုႏွစ္ ဧၿပီလ ၂ ရက္တြင္ ေရြးခ်ယ္တင္ ေျမႇာက္လုိက္ေၾကာင္း သိရသည္။
၁၃ ႀကိမ္ေျမာက္ အမ်ိဳးသားလႊတ္ေတာ္ ၊ ၁၁ ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေဝးတြင္ ဗီယက္ႏုိင္ငံ သမၼတရာထူး အတြက္ မဲခြဲဆံုးျဖတ္ခဲ့ရာ Quang က စုစုေပါင္း မဲေပးခြင့္ရွိသူ ၄၈၁ ဦးအနက္ ေထာက္ခံမဲ ၄၅၂ မဲျဖင့္ အႏုိင္ရရွိခဲ့ျခင္းျဖစ္သည္။ Quang သည္ ၂ဝ၁၁ ခုႏွစ္ မွစတင္ကာ ဗီယက္နမ္ႏုိင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္သည္။
၂ဝ၁၆ ခုႏွစ္ မတ္လ ၃၁ ရက္က ဗီယက္နမ္ႏုိင္ငံ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒သစ္ အျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ျခင္းခံထားရသူ အမ်ိဳးသမီးလႊတ္ေတာ္အမတ္ Nguyen Thi Kim Ngan သည္ လႊတ္ေတာ္ဥကၠ႒ ရာထူးလက္ခံၿပီးၿပီးျခင္းမွာပင္ ႏုိင္ငံေတာ္သမၼတေလာင္း အမည္ စာရင္းကုိထုတ္ျပန္ေၾကညာခဲ့သည္။
အဆုိပါ သမၼတေလာင္း အမည္စာရင္းတြင္ ဗီယက္နမ္ကြန္ျမဴနစ္ပါတီ (၁၂) ႀကိမ္ေျမာက္ညီလာခံ ( CPVCC ) ၏ ဗဟုိေကာ္မတီဝင္ ျဖစ္သူ ၊ CPVCC ေပၚလစ္ျဗဴရုိအဖြဲ႔ဝင္ ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ဝန္ႀကီး Tran Dai Quang သည္ထိပ္ဆံုးမွ အမည္စာရင္းတင္သြင္းခံခဲ့ရသည္။
သမၼတ က်မ္းသစၥာက်ိန္ဆုိပြဲတြင္ Quang က “ ႏုိင္ငံေတာ္အလံ ၊ လႊတ္ေတာ္ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ား၏ ေရွ ့ေမွာက္တြင္ ကတိသစၥာျပဳပါသည္။ ႏုိင္ငံေတာ္၏ဖြဲ ့စည္းပံုအေျခခံဥပေဒ ၊ျပည္သူျပည္သားမ်ား ႏွင့္ ႏုိင္ငံေတာ္အေပၚတြင္ သစၥာေစာင့္သိရုိေသၿပီး၊ ႏုိင္ငံ ႏွင့္ လူမ်ိဳးအတြက္ အေကာင္းဆံုး စြမ္းေဆာင္သြားပါမည္ ” ဟု ထည့္သြင္းေျပာၾကားခဲ့သည္။
ဗီယက္နမ္ႏုိင္ငံ၏ ဒုတိယသမၼတအျဖစ္ Truong Tan Sang က ေရြးခ်ယ္ခံထားရသည္။ ၄င္းသည္
ဗီယက္နမ္ကြန္ျမဴနစ္ပါတီ (CPVCC ) ၏ အဖြဲ ့ဝင္သစ္ ၂ဝဝ ထဲတြင္ ေရြးခ်ယ္ခံထားရျခင္းမရွိ ေသးေပ။ ဇန္နဝါရီလ ေနာက္ပိုင္းထိ၂ဝ၁၆ ခုႏွစ္ မတ္လ အေစာပုိင္းတြင္ က်င္းပခဲ့သည့္ ၁၂ ႀကိမ္ေျမာက္ CPVCC ညီလာခံတြင္ ပါတီ ေခါင္းေဆာင္ Nguyen Phu Trong က ပါတီအတြင္း ေသြးသစ္ေလာင္းရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း ႏွင့္ အဓိက ေခါင္းေဆာင္ေနရာ အတြက္ အစားထုိး ေျပာင္းလဲမႈမ်ား ရွိလာႏုိင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
(Xinhua )
http://www.xinhuamyanmar.com
0 comments:
Post a Comment