တူရကီႏုိင္ငံ ဒီယာဘာကီၿမိဳ႕တြင္ ကားဗံုးကြဲ၊ ရဲအရာရွိ ခုနစ္ဦးေသဆုံး


အန္ကာရာ ဧၿပီ ၁

တူရကီႏုိင္ငံအေရွ႕ေတာင္ဘက္ ဒီယာဘာကီၿမိဳ႕တြင္ ဧၿပီ ၁ ရက္က ကားဗုံးတစ္လုံး ေပါက္ကြဲခဲ့ရာ အနည္းဆုံး ရဲအရာရွိ ခုနစ္ဦးေသဆုံးခဲ့ၿပီး လူ ၂ဝ ထိခုိက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္။

ရဲအရာရွိမ်ားတင္ေဆာင္လာေသာေမာ္ေတာ္ယာဥ္ တစ္စီးသည္ ၿမိဳ႕ေတာ္ရွိ ကားရပ္နားရာ ေနရာတစ္ခုတြင္ ရပ္တန္႔ထားေသာ ကားတစ္စင္းအနီးသုိ႔ ေရာက္ရွိခဲ့သည့္ အခ်ိန္တြင္ အဆုိပါရပ္တန္႔ထားေသာကားသည္ ႐ုတ္တရက္ ေပါက္ကြဲခဲ့ေၾကာင္း ေဒသႏၲရ မီဒီယာမ်ားက ဆုိသည္။

မည္သည့္အဖြဲ႕အစည္းက အဆုိပါျဖစ္ရပ္ကုိ က်ဴးလြန္ခဲ့ေၾကာင္း ယခုအခ်ိန္ထိ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပ။ သုိ႔ေသာ္ ေဒသႏၲရမီဒီယာမ်ားက ကာ့ဒ္ လက္နက္ကုိင္အဖြဲ႕ကုိ ျပစ္မႈက်ဴးလြန္သည္ဟု ထင္ေၾကးေပးၾကသည္။

တူရကီအစုိးရက အၾကမ္းဖက္သမားမ်ားဟု သတ္မွတ္ထားေသာ ကာ့ဒ္စစ္ေသြးၾကြမ်ားကုိ တူရကီ စစ္တပ္က ဒီယာဘာကာၿမိဳ႕တြင္ သုတ္သင္ေခ်မႈန္းလ်က္ရွိသည္။ ယခုကားဗုံးခြဲတုိက္ခုိက္မႈသည္ ကာ့ဒ္စစ္ေသြး ၾကြမ်ား၏ လက္တုံ႕ျပန္မႈတစ္ရပ္ ျဖစ္ႏုိင္ဖြယ္ရွိေၾကာင္း မီဒီယာမ်ားကဆုိသည္။

မတ္ ၃၁ ရက္က ေဒသဖြ႕ံၿဖိဳးေရးဝန္ႀကီးႏွင့္ အျခားေသာဝန္ႀကီးႏွစ္ဦးတုိ႔သည္ ဒီယာဘာကာၿမိဳ႕သုိ႔ လာေရာက္လည္ပတ္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္ အာမက္ ဒါဗူတုိလုက ဧၿပီ ၁ ရက္တြင္ အဆုိပါၿမိဳ႕သုိ႔ အလည္အပတ္ခရီးေရာက္ရွိခဲ့သည္။ ယခုကားဗုံးခြဲမႈသည္ ဝန္ႀကီးခ်ဳပ္၏ခရီးစဥ္ကုိ ရည္ရြယ္ၿပီး စစ္ေသြးၾကြမ်ားက ခ်ိန္ကုိက္ဗုံးေထာင္ထားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ထင္ျမင္ယူဆၾကသည္။

ကာ့ဒ္စစ္ေသြးၾကြမ်ားက တူရကီႏုိင္ငံတြင္ ဗုံးအမ်ား အျပားေဖာက္ခြဲၿပီးျဖစ္သည္ဟု ယုံၾကည္ရသည္။ လြန္ခဲ့ေသာလက အန္ကာရာၿမိဳ႕တြင္ ကားဗုံးခြဲတုိက္ခုိက္မႈေၾကာင့္ လူေပါင္း ၃၇ ဦးေသဆုံးခဲ့ရၿပီး ေဖေဖာ္ဝါရီလတြင္ တူရကီ စစ္သားမ်ားအား ပစ္မွတ္ထား တုိက္ခုိက္ခဲ့ေသာ ဗုံးေပါက္ကြဲမႈေၾကာင့္ လူေပါင္း ၂၉ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

အင္န္အိတ္ခ်္ေက။
The Mirror Daily
https://www.facebook.com/TheMirrorDaily

................................................


အန်ကာရာ ဧပြီ ၁

တူရကီနိုင်ငံအရှေ့တောင်ဘက် ဒီယာဘာကီမြို့တွင် ဧပြီ ၁ ရက်က ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး ရဲအရာရှိ ခုနစ်ဦးသေဆုံးခဲ့ပြီး လူ ၂ဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

ရဲအရာရှိများတင်ဆောင်လာသောမော်တော်ယာဉ် တစ်စီးသည် မြို့တော်ရှိ ကားရပ်နားရာ နေရာတစ်ခုတွင် ရပ်တန့်ထားသော ကားတစ်စင်းအနီးသို့ ရောက်ရှိခဲ့သည့် အချိန်တွင် အဆိုပါရပ်တန့်ထားသောကားသည် ရုတ်တရက် ပေါက်ကွဲခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဆိုသည်။

မည်သည့်အဖွဲ့အစည်းက အဆိုပါဖြစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ယခုအချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ သို့သော် ဒေသန္တရမီဒီယာများက ကာ့ဒ် လက်နက်ကိုင်အဖွဲ့ကို ပြစ်မှုကျူးလွန်သည်ဟု ထင်ကြေးပေးကြသည်။

တူရကီအစိုးရက အကြမ်းဖက်သမားများဟု သတ်မှတ်ထားသော ကာ့ဒ်စစ်သွေးကြွများကို တူရကီ စစ်တပ်က ဒီယာဘာကာမြို့တွင် သုတ်သင်ချေမှုန်းလျက်ရှိသည်။ ယခုကားဗုံးခွဲတိုက်ခိုက်မှုသည် ကာ့ဒ်စစ်သွေး ကြွများ၏ လက်တုံ့ပြန်မှုတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိကြောင်း မီဒီယာများကဆိုသည်။

မတ် ၃၁ ရက်က ဒေသဖွ့ံဖြိုးရေးဝန်ကြီးနှင့် အခြားသောဝန်ကြီးနှစ်ဦးတို့သည် ဒီယာဘာကာမြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ် အာမက် ဒါဗူတိုလုက ဧပြီ ၁ ရက်တွင် အဆိုပါမြို့သို့ အလည်အပတ်ခရီးရောက်ရှိခဲ့သည်။ ယခုကားဗုံးခွဲမှုသည် ဝန်ကြီးချုပ်၏ခရီးစဉ်ကို ရည်ရွယ်ပြီး စစ်သွေးကြွများက ချိန်ကိုက်ဗုံးထောင်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ထင်မြင်ယူဆကြသည်။

ကာ့ဒ်စစ်သွေးကြွများက တူရကီနိုင်ငံတွင် ဗုံးအများ အပြားဖောက်ခွဲပြီးဖြစ်သည်ဟု ယုံကြည်ရသည်။ လွန်ခဲ့သောလက အန်ကာရာမြို့တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့ရပြီး ဖေဖော်ဝါရီလတွင် တူရကီ စစ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment