အိႏၵိယရဲ ၄၇ ေယာက္ကို ေထာင္ဒဏ္ တစ္သက္ခ်


 ဆစ္ခ္ ဘာသာေရး ဘုရားဖူး ၁၀ ဦး ကို ပစ္ခတ္ သတ္ျဖတ္ ခဲ့မွု နဲ႔ ရဲ အရာရွိ ၄၇ ေယာက္ကို ေထာင္ဒဏ္ တစ္သက္ ခ်မွတ္။
အိႏၵိယ နိုင္ငံမွာ တရား႐ုံးေတာ္ တစ္ခု က ရဲ အရာရွိ ၄၇ ေယာက္ကို ေထာင္ဒဏ္ တစ္သက္ ခ်မွတ္ လိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂၅ ႏွစ္က ဆစ္ခ္ ဘာသာေရး ဘုရားဖူး ၁၀ ဦး ကို ပစ္ခတ္ သတ္ျဖတ္ ခဲ့မွု နဲ႔ အဲဒီလို ပစ္ခတ္ရတာ ဟာ လိုအပ္လို႔ ျပဳလုပ္ ရတာ ျဖစ္တယ္ ဆိုၿပီး လွည့္ျဖား ထြက္ဆို မွုေတြ ေၾကာင့္ အျပစ္ရွိတယ္ လို႔ တရား႐ုံးေတာ္ က ဆုံးျဖတ္ ခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယ နိုင္ငံ ေျမာက္ပိုင္း အူတာ ပရာဒက္ရွ္ျပည္နယ္ မွာ ဆစ္ခ္ မိသားစုဝင္ ေတြ လိုက္ပါလာတဲ့ ဘတ္စ္ကားကို ရဲေတြ က တားျမစ္ ရပ္တန္႔ ေစခဲ့ၿပီး တဲ့ေနာက္ ခရီးသည္ေတြ ထဲက အမ်ိဳးသား ၁၀ ဦးကို အင္အားသုံး ေခၚေဆာင္ သြားၾကကာ ေတာအုပ္ထဲ ပစ္သတ္ ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ့ေနာက္မွာေတာ့ လက္နက္ကိုင္ စစ္ေသြးႂကြေတြ ျဖစ္လို႔ ပစ္ခတ္ ခဲ့ရတာ ျဖစ္ၿပီး ရဲ ေတြ က ထြက္ဆို ခဲ့ပါတယ္။

အဲဒီ့ အခ်ိန္က အိႏၵိယ နိုင္ငံမွာ ခြဲထြက္ေရးဝါဒီ ဆစ္ခ္ လက္နက္ကိုင္ အဖြဲ႕ေတြလည္း အစိုးရ နဲ႔ တိုက္ခိုက္ ေနခ်ိန္ ျဖစ္ပါတယ္။

လူဆိုးေတြ ကို ႏွိမ္ႏွင္း နိုင္လို႔ ဆိုၿပီး ရရွိမယ့္ ဆုေၾကးငြ ေတြ ကို မက္ေမာတဲ့ အတြက္ ရဲေတြဟာ အဲဒီလို သတ္ျဖတ္ ခဲ့တာ ဆိုၿပီး အစိုးရ အမွုလိုက္ ေရွ႕ေန ေတြ က တရားစြဲဆို ခဲ့တာ ျဖစ္ပါတယ္။

အမွုမွာ ပတ္ဝင္ ပတ္သက္ေနတဲ့ ေနာက္ထပ္ ရဲ ၁၀ ဦး ကေတာ့ ကြယ္လြန္ ႏွင့္ခဲ့ၿပီး ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.............................................



 ဆစ်ခ် ဘာသာရေး ဘုရားဖူး ၁၀ ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့မှု နဲ့ ရဲ အရာရှိ ၄၇ ယောက်ကို ထောင်ဒဏ် တစ်သက် ချမှတ်။
အိန္ဒိယ နိုင်ငံမှာ တရားရုံးတော် တစ်ခု က ရဲ အရာရှိ ၄၇ ယောက်ကို ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က ဆစ်ခ် ဘာသာရေး ဘုရားဖူး ၁၀ ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့မှု နဲ့ အဲဒီလို ပစ်ခတ်ရတာ ဟာ လိုအပ်လို့ ပြုလုပ် ရတာ ဖြစ်တယ် ဆိုပြီး လှည့်ဖြား ထွက်ဆို မှုတွေ ကြောင့် အပြစ်ရှိတယ် လို့ တရားရုံးတော် က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ်ပြည်နယ် မှာ ဆစ်ခ် မိသားစုဝင် တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို ရဲတွေ က တားမြစ် ရပ်တန့် စေခဲ့ပြီး တဲ့နောက် ခရီးသည်တွေ ထဲက အမျိုးသား ၁၀ ဦးကို အင်အားသုံး ခေါ်ဆောင် သွားကြကာ တောအုပ်ထဲ ပစ်သတ် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ လက်နက်ကိုင် စစ်သွေးကြွတွေ ဖြစ်လို့ ပစ်ခတ် ခဲ့ရတာ ဖြစ်ပြီး ရဲ တွေ က ထွက်ဆို ခဲ့ပါတယ်။

အဲဒီ့ အချိန်က အိန္ဒိယ နိုင်ငံမှာ ခွဲထွက်ရေးဝါဒီ ဆစ်ခ် လက်နက်ကိုင် အဖွဲ့တွေလည်း အစိုးရ နဲ့ တိုက်ခိုက် နေချိန် ဖြစ်ပါတယ်။

လူဆိုးတွေ ကို နှိမ်နှင်း နိုင်လို့ ဆိုပြီး ရရှိမယ့် ဆုကြေးငွ တွေ ကို မက်မောတဲ့ အတွက် ရဲတွေဟာ အဲဒီလို သတ်ဖြတ် ခဲ့တာ ဆိုပြီး အစိုးရ အမှုလိုက် ရှေ့နေ တွေ က တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်။

အမှုမှာ ပတ်ဝင် ပတ်သက်နေတဲ့ နောက်ထပ် ရဲ ၁၀ ဦး ကတော့ ကွယ်လွန် နှင့်ခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment