ကန္သမၼတေလာင္းေရြးခ်ယ္မႈ Wisconsin ျပည္နယ္ အေျဖထြက္ႏုိင္

ရီပတ္ဘလီကန္ပါတီ သမၼတကုိယ္စားလွယ္ေလာင္း Donald Trump.
Wisconsin ျပည္နယ္မွာ အဂၤါေန႕ က်င္းပမယ့္ အေမရိကန္ သမၼတ ကိုယ္စားလွယ္ေလာင္း ေရြးေကာက္ပြဲဟာ ရီပတ္ဘလီကန္ပါတီက အမည္ တင္သြင္းႏုိင္တဲ့ပုဂၢိဳလ္ ျဖစ္လာေရးအတြက္ အေရးပါတာ ျဖစ္္ပါတယ္။ ကုေဋႂကြယ္သူေဌးႀကီး Donald Trump ရီပတ္ဘလီကင္ပါတီရဲ႕ အမည္တင္သြင္းခံရသူ ျဖစ္မလာေအာင္ ဟန္႔တားဖို႔ ႀကိဳးပမ္းေနတဲ့ ရီပတ္ဘလီကန္ ပါတီဝင္ေတြအတြက္ ဒီျပည္နယ္ဟာ အဓိက စမ္းသပ္ခံ ျပည္နယ္ျဖစ္ၿပီး Cleveland ၿမိဳ႕မွာဂ်ဴလိုင္လမွာ က်င္းပမယ့္ ရီပတ္ဘလီကန္ ပါတီညီလာခံ မတုိင္ခင္ သူ႔ကို ေထာက္ခံတဲ့ ကိုယ္စားလွယ္ေပါင္း ၁,၂၃၇ ရရွိႏုိင္ဖို႔ Trump ရဲ႕ေမွ်ာ္လင့္ခ်က္ကိုလည္း အရွိန္ ေလ်ာ့ေစႏုိင္မွာ ျဖစ္ပါတယ္။

Trump အေနနဲ႔ ပါတီရဲ႕ သမၼတ ကိုယ္စားလွယ္ေလာင္း ျဖစ္လာဖို႔အတြက္ ဇူလိုင္လမတုိင္မီ သူ႔ကိုေထာက္ခံတဲ့ ကိုယ္စားလွယ္ အေရအတြက္ အလံုအေလာက္ မရခဲ့ရင္ Cleveland မွာ က်င္းပမယ့္ ရီပတ္ဘလီကန္ ပါတီညီလာခံမွာ ကိုယ္စားလွယ္ေလာင္းေတြ ျပန္ယွဥ္ၿပိဳင္ၾကရမယ့္ အေျခအေန ဆိုက္ႏုိင္ပါတယ္။ Trump ကို ေထာက္ခံသူေတြကေတာ ဒီလိုအေျခဆိုက္ျခင္းက ေရွာင္ရွားလိုၾကပါတယ္။ Wisconsin မွာ ေကာက္ခံတဲ့ ေနာက္ဆံုး စစ္တမ္းေတြအရ Trump ရဲ႕ ၿပိဳင္ဘက္ Ted Cruz က အသာစီးရေနၿပီး Ohio ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး John Kasich ကေတာ့ ေနာက္မွာ အမ်ားႀကီး ျပတ္က်န္ေနပါတယ္။

ဒီမိုကရက္ ပါတီဘက္မွာလည္း Wisconsin ျပည္နယ္ဟာ စမ္းသပ္ခံရမယ့္ ျပည္နယ္တစ္ခု ျဖစ္ေနၿပီး ေနာက္ဆံုးေကာက္ခံတဲ့ လူထုစစ္တမ္းေတြအရ လက္ရွိထိပ္ကေျပးေနတဲ့ Hillary Clinton ဟာ ၿပိဳင္ဘက္ Bernie Sanders ရဲ႕ေနာက္က လိုက္ေနတာျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းေတြအတြင္း မစၥက္ Clinton အေနနဲ႔ သူ႔ရဲ႕ ဦးစားေပးမႈကို Senders နဲ႔ ရီပတ္ဘလီကန္ဘက္က Donald Trump တို႔ကို ပိုၿပီး အေလးေပးလာခဲ့တာ ေတြ႔ရပါတယ္။

ဧၿပီလ ၁၉ ရက္မွာ က်င္းပမယ့္ နယူးေယာက္ အႀကိဳေရြးေကာက္ပြဲေတြ မတုိင္ခင္ မဲဆြယ္လႈပ္ရွားမႈမွာမစၥက္ Clinton က သူ႔အေနနဲ႔ Donald Trump ထက္ မဲ တစ္သန္း ပိုရေနၿပီး Bernie Sanders ထက္ မဲ ႏွစ္သန္းခဲြေက်ာ္ ပိုရေနတယ္လို႔ ေျပာခဲ့ပါတယ္။ Sanders ကေတာ့ ဇြဲမေလွ်ာ့ဘဲ Wisconsin မွာ အႏုိင္ရခဲ့ရင္ နယူးေယာက္မွာ Clinton နဲ႔ မဲကြာဟမႈ ပို နည္းလာလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................


ရီပတ်ဘလီကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Donald Trump.
Wisconsin ပြည်နယ်မှာ အင်္ဂါနေ့ ကျင်းပမယ့် အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲဟာ ရီပတ်ဘလီကန်ပါတီက အမည် တင်သွင်းနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လာရေးအတွက် အရေးပါတာ ဖြစ််ပါတယ်။ ကုဋေကြွယ်သူဌေးကြီး Donald Trump ရီပတ်ဘလီကင်ပါတီရဲ့ အမည်တင်သွင်းခံရသူ ဖြစ်မလာအောင် ဟန့်တားဖို့ ကြိုးပမ်းနေတဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေအတွက် ဒီပြည်နယ်ဟာ အဓိက စမ်းသပ်ခံ ပြည်နယ်ဖြစ်ပြီး Cleveland မြို့မှာဂျူလိုင်လမှာ ကျင်းပမယ့် ရီပတ်ဘလီကန် ပါတီညီလာခံ မတိုင်ခင် သူ့ကို ထောက်ခံတဲ့ ကိုယ်စားလှယ်ပေါင်း ၁,၂၃၇ ရရှိနိုင်ဖို့ Trump ရဲ့မျှော်လင့်ချက်ကိုလည်း အရှိန် လျော့စေနိုင်မှာ ဖြစ်ပါတယ်။

Trump အနေနဲ့ ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာဖို့အတွက် ဇူလိုင်လမတိုင်မီ သူ့ကိုထောက်ခံတဲ့ ကိုယ်စားလှယ် အရေအတွက် အလုံအလောက် မရခဲ့ရင် Cleveland မှာ ကျင်းပမယ့် ရီပတ်ဘလီကန် ပါတီညီလာခံမှာ ကိုယ်စားလှယ်လောင်းတွေ ပြန်ယှဉ်ပြိုင်ကြရမယ့် အခြေအနေ ဆိုက်နိုင်ပါတယ်။ Trump ကို ထောက်ခံသူတွေကတော ဒီလိုအခြေဆိုက်ခြင်းက ရှောင်ရှားလိုကြပါတယ်။ Wisconsin မှာ ကောက်ခံတဲ့ နောက်ဆုံး စစ်တမ်းတွေအရ Trump ရဲ့ ပြိုင်ဘက် Ted Cruz က အသာစီးရနေပြီး Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich ကတော့ နောက်မှာ အများကြီး ပြတ်ကျန်နေပါတယ်။

ဒီမိုကရက် ပါတီဘက်မှာလည်း Wisconsin ပြည်နယ်ဟာ စမ်းသပ်ခံရမယ့် ပြည်နယ်တစ်ခု ဖြစ်နေပြီး နောက်ဆုံးကောက်ခံတဲ့ လူထုစစ်တမ်းတွေအရ လက်ရှိထိပ်ကပြေးနေတဲ့ Hillary Clinton ဟာ ပြိုင်ဘက် Bernie Sanders ရဲ့နောက်က လိုက်နေတာဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းတွေအတွင်း မစ္စက် Clinton အနေနဲ့ သူ့ရဲ့ ဦးစားပေးမှုကို Senders နဲ့ ရီပတ်ဘလီကန်ဘက်က Donald Trump တို့ကို ပိုပြီး အလေးပေးလာခဲ့တာ တွေ့ရပါတယ်။

ဧပြီလ ၁၉ ရက်မှာ ကျင်းပမယ့် နယူးယောက် အကြိုရွေးကောက်ပွဲတွေ မတိုင်ခင် မဲဆွယ်လှုပ်ရှားမှုမှာမစ္စက် Clinton က သူ့အနေနဲ့ Donald Trump ထက် မဲ တစ်သန်း ပိုရနေပြီး Bernie Sanders ထက် မဲ နှစ်သန်းခွဲကျော် ပိုရနေတယ်လို့ ပြောခဲ့ပါတယ်။ Sanders ကတော့ ဇွဲမလျှော့ဘဲ Wisconsin မှာ အနိုင်ရခဲ့ရင် နယူးယောက်မှာ Clinton နဲ့ မဲကွာဟမှု ပို နည်းလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment