ျပင္သစ္အၾကမ္းဖက္မႈမွာ ပါ၀င္ေနတယ္လို႔ယူဆရတဲ့ ဘယ္လ္ဂ်ီယံနုိင္ငံသားတစ္ဦးအဖမ္းခံရ


ျပင္သစ္အၾကမ္းဖက္မွုမွာပါ၀င္ေနတယ္လို႕ဘယ္ဂ်ီယံအာဏာပိုင္ေတြယူဆတဲ႕ ဘယ္လ္ဂ်ီယံနိုင္ငံသားတစ္ဦးကို
ဖမ္းဆီးခဲ႕တယ္လို႕ ဗဟိုအစိုးရနဲ႕ဆက္စပ္ေနတဲ႕ ေရွ႕ေနေတြကဆိုပါတယ္။

အသက္၃၃ႏွစ္အရြယ္ရွိၿပီးအစနာမည္Y.Aလို႕သာအတည္ျပဳလို႕ရတဲ႕ဘယ္လ္ဂ်ီယံနိုင္ငံသားကို အၾကမ္းဖက္အဖြဲ႕အစည္းမွာ ပါ၀င္လွုပ္ရွားမွုနဲ႕တရားစြဲခဲ႕တာျဖစ္ပါတယ္။

သူ႕ကိုထိန္းသိမ္းထားမွုကို ေသာၾကာေန႕က တရားသူၾကီးေတြ ဆံုးျဖတ္ခ်က္မခ်ခင္အထိ ဆိုင္းငံ႔ထားပါတယ္။

 Y.Aကို ျပင္သစ္နိုင္ငံသား Reda Kirketရဲ႕ တတိယေျမာက္ၾကံရာပါအျဖစ္ တရားစြဲခဲ႕တာျဖစ္ပါတယ္။

ေရွ႕ေနေတြကအသက္၃၄နွစ္ရွိၿပီျဖစ္တဲ႕Kirketကိုအၾကမ္းဖက္မွုကိုပါ၀င္စီစဥ္မွုနဲ႕မတ္လ၂၄ရက္ေန႕က ဖမ္းဆီးခဲ႕တာျဖစ္ပါတယ္။ရဲေတြက Kirketရဲ႕တိုက္ခန္းမွာ ေျခာက္လံုးျပဴးေသနတ္ေတြနဲ႕ ေဖာက္ခြဲေရးပစၥည္းေတြကို
ရွာေဖြေတြ႕ရွိခဲ႕ပါတယ္။

Kirketရဲ႕ တုိက္ခန္းအတြင္းမွာ ရွာေဖြေတြ႕ရွိခဲ႕တဲ႕ လက္နက္ေတြက အႏၲရာယ္ျဖစ္ေစနိုင္တဲ႕တိုက္ခုိက္မွုကို ျပေနေပမယ္႕ အဓိကပစ္မွတ္လို႕ ယူဆလို႔မရေသးဘူးလို႕အာဏာပိုင္ေတြကဆိုပါတယ္။ 

Kirketကေတာ႕လက္နက္ေတြကအသိမိတ္ေဆြေတြ က်န္ခဲ႕တာျဖစ္ၿပီးအၾကမ္းဖက္မွုနဲ႕မပတ္သက္ဘူးလို႕
ျငင္းဆိုခဲ႕ပါတယ္။

ဒါ႕အျပင္၃၈ႏွစ္အရြယ္အယ္ဂ်ီးရီးယားနို္င္ငံသား Abderahmane Ameroudနဲ႕၃၄ႏွစ္အရြယ္Rabah.Mတို႕ဟာလည္း
မတ္လ ၂၅ရက္ေန႕က Kirketရဲ႕ ၾကံရာပါေတြအျဖစ္ တရားစြဲျခင္းခံခဲ႕ရပါတယ္။

(Beauty Syh)

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : UPI

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


ပြင်သစ်အကြမ်းဖက်မှုမှာ ပါ၀င်နေတယ်လို့ယူဆရတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးအဖမ်းခံရ

ပြင်သစ်အကြမ်းဖက်မှုမှာပါ၀င်နေတယ်လို့ဘယ်ဂျီယံအာဏာပိုင်တွေယူဆတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးကို
ဖမ်းဆီးခဲ့တယ်လို့ ဗဟိုအစိုးရနဲ့ဆက်စပ်နေတဲ့ ရှေ့နေတွေကဆိုပါတယ်။

အသက်၃၃နှစ်အရွယ်ရှိပြီးအစနာမည်Y.Aလို့သာအတည်ပြုလို့ရတဲ့ဘယ်လ်ဂျီယံနိုင်ငံသားကို အကြမ်းဖက်အဖွဲ့အစည်းမှာ ပါ၀င်လှုပ်ရှားမှုနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

သူ့ကိုထိန်းသိမ်းထားမှုကို သောကြာနေ့က တရားသူကြီးတွေ ဆုံးဖြတ်ချက်မချခင်အထိ ဆိုင်းငံ့ထားပါတယ်။

 Y.Aကို ပြင်သစ်နိုင်ငံသား Reda Kirketရဲ့ တတိယမြောက်ကြံရာပါအဖြစ် တရားစွဲခဲ့တာဖြစ်ပါတယ်။

ရှေ့နေတွေကအသက်၃၄နှစ်ရှိပြီဖြစ်တဲ့Kirketကိုအကြမ်းဖက်မှုကိုပါ၀င်စီစဉ်မှုနဲ့မတ်လ၂၄ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရဲတွေက Kirketရဲ့တိုက်ခန်းမှာ ခြောက်လုံးပြူးသေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Kirketရဲ့ တိုက်ခန်းအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်တွေက အန္တရာယ်ဖြစ်စေနိုင်တဲ့တိုက်ခိုက်မှုကို ပြနေပေမယ့် အဓိကပစ်မှတ်လို့ ယူဆလို့မရသေးဘူးလို့အာဏာပိုင်တွေကဆိုပါတယ်။ 

Kirketကတော့လက်နက်တွေကအသိမိတ်ဆွေတွေ ကျန်ခဲ့တာဖြစ်ပြီးအကြမ်းဖက်မှုနဲ့မပတ်သက်ဘူးလို့
ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်၃၈နှစ်အရွယ်အယ်ဂျီးရီးယားနို်င်ငံသား Abderahmane Ameroudနဲ့၃၄နှစ်အရွယ်Rabah.Mတို့ဟာလည်း
မတ်လ ၂၅ရက်နေ့က Kirketရဲ့ ကြံရာပါတွေအဖြစ် တရားစွဲခြင်းခံခဲ့ရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment