ဘန်ကောက်မြို့လယ် လမ်းဆုံ၌ ဘေလ်ဘုတ်ထောင်ကာ ယောင်္ကျားရှာသည့် ထိုင်းမင်းသမီး ဒဏ်ရိုက်ခံရ

ထိုင်းနိုင်ငံတွင် အသက် ၄၀ အရွယ်ရှိ တီဗီဇာတ်လမ်းမင်းသမီးတစ်ဦးက လိင်ဆက်ဆံဖက် လင်ယောက်ကျား အလိုရှိကြောင်းကို လမ်းဆုံလမ်းမတွင် ဘီလ်ဘုတ်ထောင်ကာ ကြေညာခဲ့ခြင်းကြောင့် ရဲများက တားမြစ်ကာ ထိုကြေညာဘုတ်အား အတင်းဖြုတ်ချခဲ့ရသည်။
အောင်သွယ်တော်အေဂျင်စီများနှင့် အက်ပရီကေးရှင်းများကို အားကိုးခဲ့သော်လည်း လက်တွဲဖော်ရှာမတွေ့ခဲ့သည့် တီဗီမင်းသမီး အာရန်ယာပူပတ်ဟမ်သွန်က ဘန်ကောက်မြို့လယ်တွင် နေရာငှားရမ်းကာ ကြေညာဘုတ်ထောင် ယောက်ကျားရှာခြင်းဖြစ်သည်။

ထိုဘီလ်ဘုတ်ကြေညာ ဆိုင်းဘုတ်ကြီးတွင် ပတ်ဟမ်သွန်က ရင်ကြားပေါ်သည့် အဝတ်အစားဖြင့် လိင်ညှိဓာတ်ပြင်းပြင်း ဓာတ်ပုံနှင့်အတူ “သင့်ကို လိုအပ်သည်”ဟု စာသား ရေးသားဖော်ပြထားသည်။
ထိုပြင် သူ့၏ ဖုန်းနံပါတ်ကိုပါ ထည့်သွင်းဖော်ပြထားပြီး “အသက် ၄၀ အပျိုစင် ပတ်ဟမ်သွန်ပါ။ လင်ယောက်ကျားရှာနေပါတယ်။”ဟုလည်း ကြေညာဘုတ်တွင် ရေးသားထားသည်။
“မသေခင်လေး တစ်ခါကြုံခွင့် ရချင်တယ်။”ဟုလည်း ယင်းကြေညာဘုတ်တွင် ရေးထားသည်။

ဒုတိယတန်း မင်းသမီးတစ်ဦးဖြစ်သည့် ပတ်ဟမ်သွန်သည် အမှန်အားဖြင့် အသက် ၄၅ နှစ်ရှိသူဖြစ်ပြီး အိမ်ထောင်ဖက်တွေ့လိုကြောင်းကို မီဒီယာများတွင်လည်း ပြောဆိုထားသူဖြစ်ကာ ယခုကဲ့သို့ ကြေညာဘုတ်ထောင် အိမ်ထောင်ဖက်ရှာခြင်းဖြစ်သည်။
သို့သော်လည်း ရဲများက ထိုဘီလ်ဘုတ်ကြေညာထောင်ပေးသည့် ကြေညာအေဂျင်စီကို အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုဖြင့် ဘတ်ငွေ ၅၀၀ ဒဏ်ရိုက်ကာ ကြေညာအား ဖြုတ်ချခိုင်းခဲ့သည်။
“ဒီကြေညာဘုတ်ပေါ်က ပတ်ဟမ်သွန်ကိုလည်း ခေါ်ယူမေးမြန်းဦးမှာဖြစ်ပါတယ်။”ဟု ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
http://mizzimaburmese.com/article/13053#sthash.Gr0JhxFJ.dpuf

ဘန္ေကာက္ၿမိဳ႕လယ္ လမ္းဆံု၌ ေဘလ္ဘုတ္ေထာင္ကာ ေယာကၤ်ားရွာသည့္ ထုိင္းမင္းသမီး ဒဏ္႐ိုက္ခံရ
ထိုင္းႏိုင္ငံတြင္ အသက္ ၄၀ အရြယ္ရွိ တီဗီဇာတ္လမ္းမင္းသမီးတစ္ဦးက လိင္ဆက္ဆံဖက္ လင္ေယာက္က်ား အလိုရွိေၾကာင္းကို လမ္းဆုံလမ္းမတြင္ ဘီလ္ဘုတ္ေထာင္ကာ ေၾကညာခဲ့ျခင္းေၾကာင့္ ရဲမ်ားက တားျမစ္ကာ ထိုေၾကညာဘုတ္အား အတင္းျဖဳတ္ခ်ခဲ့ရသည္။
ေအာင္သြယ္ေတာ္ေအဂ်င္စီမ်ားႏွင့္ အက္ပရီေကးရွင္းမ်ားကို အားကိုးခဲ့ေသာ္လည္း လက္တြဲေဖာ္ရွာမေတြ႔ခဲ့သည့္ တီဗီမင္းသမီး အာရန္ယာပူပတ္ဟမ္သြန္က ဘန္ေကာက္ၿမိဳ႕လယ္တြင္ ေနရာငွားရမ္းကာ ေၾကညာဘုတ္ေထာင္ ေယာက္က်ားရွာျခင္းျဖစ္သည္။

ထိုဘီလ္ဘုတ္ေၾကညာ ဆိုင္းဘုတ္ႀကီးတြင္ ပတ္ဟမ္သြန္က ရင္ၾကားေပၚသည့္ အဝတ္အစားျဖင့္ လိင္ညွိဓာတ္ျပင္းျပင္း ဓာတ္ပုံႏွင့္အတူ “သင့္ကို လိုအပ္သည္”ဟု စာသား ေရးသားေဖာ္ျပထားသည္။
ထိုျပင္ သူ႔၏ ဖုန္းနံပါတ္ကိုပါ ထည့္သြင္းေဖာ္ျပထားၿပီး “အသက္ ၄၀ အပ်ိဳစင္ ပတ္ဟမ္သြန္ပါ။ လင္ေယာက္က်ားရွာေနပါတယ္။”ဟုလည္း ေၾကညာဘုတ္တြင္ ေရးသားထားသည္။
“မေသခင္ေလး တစ္ခါၾကံဳခြင့္ ရခ်င္တယ္။”ဟုလည္း ယင္းေၾကညာဘုတ္တြင္ ေရးထားသည္။

ဒုတိယတန္း မင္းသမီးတစ္ဦးျဖစ္သည့္ ပတ္ဟမ္သြန္သည္ အမွန္အားျဖင့္ အသက္ ၄၅ ႏွစ္ရွိသူျဖစ္ၿပီး အိမ္ေထာင္ဖက္ေတြ႔လိုေၾကာင္းကို မီဒီယာမ်ားတြင္လည္း ေျပာဆိုထားသူျဖစ္ကာ ယခုကဲ့သို႔ ေၾကညာဘုတ္ေထာင္ အိမ္ေထာင္ဖက္ရွာျခင္းျဖစ္သည္။
သို႔ေသာ္လည္း ရဲမ်ားက ထိုဘီလ္ဘုတ္ေၾကညာေထာင္ေပးသည့္ ေၾကညာေအဂ်င္စီကို အမ်ားျပည္သူအေႏွာင့္အယွက္ျဖစ္ေစမႈျဖင့္ ဘတ္ေငြ ၅၀၀ ဒဏ္႐ုိက္ကာ ေၾကညာအား ျဖဳတ္ခ်ခိုင္းခဲ့သည္။
“ဒီေၾကညာဘုတ္ေပၚက ပတ္ဟမ္သြန္ကိုလည္း ေခၚယူေမးျမန္းဦးမွာျဖစ္ပါတယ္။”ဟု ရဲဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့သည္။
http://mizzimaburmese.com/article/13053#sthash.Gr0JhxFJ.dpuf
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment