လမ်းလျှောက်တတ်စကလေးတွေကို လဲကျခြင်းကနေကာကွယ်ပေးနိုင်မယ့် ဖိနပ်အသစ်ကို BMW တီထွင်




ကားတွေကို ထုတ်လုပ်တဲ့ နာမည်ကျော် BMW ကသုံးနှစ်အောက်ကလေးငယ်တွေကို ကူညီပေးနိုင်မယ့်








(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)    

Ref : Mirror

...........................................................................

BMW ရဲ့နောက်ဆုံးပေါ်တီထွင်မှုက သင့်ရဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို လိုက်ပြီးစောင့်ကြည့်စရာ မလိုတော့ပါဘူး။

ကားတွေကို ထုတ်လုပ်တဲ့ နာမည်ကျော် BMW ကသုံးနှစ်အောက်ကလေးငယ်တွေကို ကူညီပေးနိူင်မယ့်
xDrive Baby Bootsလို့အမည်ရတဲ့ ရှူးဖိနပ်တွေကို တီထွင်ခဲ့ပါတယ်။

အဆိုပါ ဖိနပ်တွေအတွက် အပြောင်းအလဲနည်းပညာတွေကို အသုံးပြုထားပြီး BMWရဲ့ ပြိုင်ဘက်ကင်းခြေဖဝါးထိန်းချုပ်မှုတွေက စက္ကန့်တစ်ခုရဲ့ ဒသမပိုင်းအတွင်းမှာမျက်နှာပြင်တွေနဲ့ အခြေအနေတွေကို တုန့်ပြန်နိုင်ပြီး လိုက်လျောညီထွေဖြစ်တဲ့ ရာဘာကိုအသုံးပြုထားပါတယ်။



သင့်ရဲ့ကလေးငယ်က  ကော်ဇော၊ကြွေပြားတွေနဲ့သစ်သားတွေပေါ်ကိုလျှောက်သွားတဲ့အခါ  BMWရဲ့ဖိနပ်တွေက ပြည့်စုံတဲ့ အလေးချိန်နဲ့ လုံခြုံမှုကို အမြင့်ဆုံးပေးစွမ်းနိုင်ပါတယ်။

ဖိနပ်တွေက ပေါ့ပါးတဲ့တည်ဆောက်ပုံနဲ့သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ထားပြီး ခြေထောက်ရဲ့ ရွေ့လျားမှုနဲ့ အခြားလုပ်ဆောင်ချက်တွေအပြင် လေကို ခွင်းနိုင်တဲ့ဒီဇိုင်းတွေနဲ့ တီထွင်ထားပါတယ်။

အဆိုပါ ရှူးဖိနပ်တွေကို တီထွင်တဲ့ ခေါင်းဆောင် Joss Fűlinက “BMWဟာ ဆယ်စုနှစ်သုံးခုကျော်လောက်က ကားအစိတ်အပိုင်းတွေနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူရဲ့နည်းပညာတွေက အခုထိ သေးငယ်နေတုန်းပဲလို့ထင်ရတယ် ကျွန်တော်တို့ရဲ့ ကလေးဖိနပ်တွေက ကြီးမားလာတဲ့စွမ်းရည် အစိတ်အပိုင်းတစ်ခုအဖြစ် တွေ့နေရတယ်”လို့ဆိုပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)    
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment