ဆိုပါတယ်။
(Beauty Syh)
Ref : UPI
......................................................
San Diegoဒေသမှာ လေယာဉ်ပျံအသေးစားနဲ့ ကားတိုက်မိပြီး တစ်ဦးသေဆုံး ၊ ငါးဦးဒဏ်ရာရ
San Diegoရဲ့ အဝေးပြေးလမ်းမပေါ်မှာမောင်းနှင်နေတဲ့ကားနဲ့လေယာဉ်အသေးစားတစ်စင်းတို့
တိုက်မိခဲ့တဲ့အတွက်လူတစ်ယောက်သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
The Los Angeles Timeရဲ့ အဆိုအရ လေယာဉ်ထဲမှာ လူနှစ်ယောက်ပါ၀င်ပြီး ကားထဲမှာတော့လူလေးယောက်ရှိနေတယ်လို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယား အဝေးပြေးလှည့်ကင်းရဲတွေကတော့
သေဆုံးသူက အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်ခန်းကထိုင်ခုံမှာ ထိုင်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဟာ April ၂ရက်နေ့ ဒေသစံတော်ချိန် ၉နာရီ ၁၅လောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပြယ်နယ်ရဲ့လမ်းကြောင်း ရ၆အနီးက Northbound 1-15မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဆိုပါ အက်စီးဒင့်ကြောင့် အနီးအနားဒေသတွေကိုပါ ယာဉ်ကြောပိတ်ဆို့မှုတွေကိုပါ ဖြစ်စေခဲ့ပါတယ်။
ရဲတွေကတော့ ယာဉ်မောင်းကို လမ်းရဲ့အပြင်ဘက်ကို ဆွဲထုတ်ခဲ့ရပြီးတော့မောင်းသူဟာအက်စီးဒင့်
ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့လက်ကိုင်ဖုန်းက Bluetoothနဲ့ ကားကို ချိတ်ဆက်ဖို့ကြိုးစားနေတယ်လို့
ဆိုပါတယ်။
မျက်မြင်သက်သေတွေကတော့ မတော်တဆမှုဖြစ်တဲ့အချိန်အတွင်း လေယာဉ်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ
ရှိနေတယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။
တွစ်တာအသုံးပြုသူတစ်ယောက်ကတော့ အက်စီးဒင့်ဖြစ်ပွားတဲ့နေရာက ပုံတွေကို တင်ခဲ့ပါတယ်။တွစ်တာကို တင်ခဲ့တဲ့ပုံတွေမှာ အဖြူရောင်နဲ့အပြာရောင်စပ်ထားတဲ့လေယာဉ်က တံခါးလေးပေါက်ပါတဲ့ အနက်ရောင်ကားရဲ့နောက်မှာ လဲနေတဲ့ပုံလည်းပါ၀င်ခဲ့ပါတယ်။
FAAရဲ့ပြောရေးဆိုခွင့်ရှိသူ အီရန် ဂရီဂေါ်ကတော့ လေယာဉ်က ထိုင်ခုံနှစ်ခုသာ ပါတဲ့လေယာဉ်ဖြစ်တယ်လို့ဆိုပါတယ်။
(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment